မောင်းနှင်လာသည့်ယာဉ်ပေါ်သို့ သစ်ပင်လဲကျပိမိသဖြင့် ယာဉ်မောင်းသူသေဆုံး

ပို့စ်တင်ချိန် - 6/05/2014 07:40:00 PM


ရန်ကုန်၊ ဇွန် ၅

၎.၅.၂၀၁၄ရက်နေ့၁၆၀၀အချိန်တွင် ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၌
မော်တော်ယာဉ်တစ်စီးမောင်းနှင်လာစဉ် သစ်ပင်လဲကျပိမိသဖြင့် ယာဉ်မောင်းအမျိုးသား ဒဏ်ရာရသေဆုံးသွားကြောင်းသိရှိရပါသည်။

ဖြစ်စဉ်မှာ လှိုင်မြို့နယ်နေ ယာဉ်မောင်း ကိုသိန်းဇော်ဦး၊ (၁၉)နှစ်
သည် 9F---- Probox အငှားယာဉ်အား မြို့မကျောင်းလမ်းအတိုင်း
မောင်းနှင်လာစဉ် အမှတ်(၁၄၀)ခြံဝင်းအတွင်းရှိ စိန်ပန်းပင်မှာ မိုးရွာသွန်းမှုကြောင့် အမြစ်မှကျွတ်ထွက်ပြီး လမ်းပေါ်သို့လဲကျခဲ့ရာ ယာဉ်ပေါ်သို့ပိမိခဲ့သဖြင့် ယာဉ်ပျက်စီးပြီး ၎င်းတွင်ယာပေါင်နှင့် ၀မ်းဗိုက်ဝဲဘက်တို့၌ ပေါက်ပြဲဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး
သို့ပို့အပ်ကုသနေစဉ် ၁၈၃၀ အချိန်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်
ပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၄) ဖြင့်ရေးဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police