ဘင်္ဂလားဒေ့ရှ်မီဒီယာများ၏လွန်ကဲသည့်လှုံ့ဆော်ရေးသားမှုများ မသင့်လျော်ကြောင်း မြန်မာနိုင်ငံခြားရေးဒုဝန်ကြီးက ဘင်္ဂလားဒေ့ရှ်သံအမတ်ကိုပြော

ပို့စ်တင်ချိန် - 6/05/2014 10:01:00 AM


ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာနိုင်ငံအတွင်းဝင်ရောက် တိုက်ခိုက်ခြင်းဖြင့် နှစ်နိုင်ငံဆက်
ဆံရေး ထိခိုက်အောင် ဆောင် ရွက်နေသောအဖွဲ့များကို နှိမ်နင်း ရန် လိုအပ်နေပြီး
ဘင်္ဂလားဒေ့ရှ် မီဒီယာများ၏ လွန်ကဲသည့် လှုံ့ ဆော်ရေးသားမှုများ မသင့်လျော် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန  ဒုတိယ၀န်ကြီး ဦးသန့်ကျော်က ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို ပြောကြားလိုက်သည်။

ယနေ့ (ဇွန်လ ၄) နံနက် ၉ နာရီက နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံ ခဲ့ပြီးနောက် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံနယ်ခြားစောင့်တပ် ဖွဲ့များကြား နားလည်မှု လွဲမှား ခြင်းများ ထပ်မံ မဖြစ်စေရန် ဆောင်ရွက်ရမည့် နည်းလမ်းများ  နှင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိ ခိုက်အောင် လုပ်နေသည့် အဖွဲ့ အစည်းများကို နှိမ်နင်းရန် လိုအပ် ချက်များ ဆွေးနွေးခဲ့သည်ဟု ဒု ၀န်ကြီးက ပြောသည်။

 ဘင်္ဂလားဒေ့ရှ် ဘက်က လည်း နယ်စပ်လုံခြုံရေးနှင့် တည် ငြိမ်ရေးအတွက် ပူးပေါင်းဆောင် ရွက်မည့်အကြောင်း၊ မီဒီယာများ ၏ ရေးသားမှုကြောင့် မလိုလား အပ်သော အကျိုးဆက်များ ဖြစ် လာမည်ဟု စိတ်ပူကြောင်း ပြန် လည်ပြောဆိုခဲ့သည်။

၂၀၁၂ ခုနှစ် မေလမှစ၍ နှစ်နိုင်ငံနယ်စပ်ဒေသတွင် မြန်မာ နိုင်ငံဘက်သို့ ၀င်ရောက်နှောင့် ယှက်တိုက်ခိုက်မှု ရှစ်ကြိမ်ရှိခဲ့ သည်။ ယင်းဖြစ်စဉ်များတွင် မြန် မာတပ်မတော်နှင့် နယ်ခြားစောင့် တပ်ဖွဲ့များ ထိခိုက်သေဆုံးမှုရှိခဲ့ သော်လည်း မြန်မာအစိုးရနှင့် မီဒီ ယာများက ထိန်းထိန်းသိမ်းသိမ်း ရေးသားဆောင်ရွက် တုံ့ပြန်ခဲ့ ကြောင်း သံအမတ်ကြီးကို ဒုဝန် ကြီးက ထောက်ပြ ပြောကြားခဲ့ သည်။

‘‘မြန်မာဘက်က ဒီဖြစ်စဉ် တွေကို မြန်မာအစိုးရနဲ့ မီဒီယာ တွေက ထိန်းထိန်းသိမ်းသိမ်းရေး သားဆောင်ရွက်တုံ့ပြန်ပေမယ့် မြန်မာနိုင်ငံထဲကို ၀င်လာတဲ့ ဘင်္ဂ လားဒေ့ရှ်နယ်ခြားစောင့် စစ်သည် တစ်ဦး သေဆုံးတဲ့ဖြစ်စဉ်အပေါ် ဘင်္ဂလားဒေ့ရှ်မီဒီယာတွေက လွန် လွန်ကဲကဲ လှုံ့ဆော်ရေးသားနေမှု ဟာ မသင့်တော်ဘူးလို့  ပြောခဲ့ တယ်’’ ဟု ၎င်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ် သံအမတ် ကြီးကလည်း မြန်မာနိုင်ငံဘက်မှ တုံ့ပြန်မှုများကို မှတ်ယူသွားခဲ့ပြီး ၎င်း၏ အစိုးရထံ အစီရင်ခံမည် ဖြစ်သည်။ နှစ်ဖက်ဆွေးနွေးမှု တွင် နှစ်နိုင်ငံ နယ်စပ်တည်ငြိမ် အေးချမ်းရေးမှာ အားလုံး၏ အ ကျိုးစီးပွားဖြစ်ကြောင်း သဘော တူခဲ့သည်ဟု သတင်းရရှိသည်။

ယခု တွေ့ဆုံမှုမှာ နယ်စပ် ကိစ္စပြဿနာဖြစ်၍ သီးသန့်ခေါ် ယူတွေ့ဆုံခြင်းမဟုတ်ဘဲ ဘင်္ဂ လားဒေ့ရှ်သံအမတ်ကြီးမှာ တာ ၀န်ပြီးဆုံး၍ ပြန်လည်ထွက်ခွာရ တော့မည်ဖြစ်ခြင်းကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနထံ လာရောက်သတင်းပို့ရင်း နှစ်နိုင်ငံပြဿနာ အပေါ် မြန်မာ၏ သဘောထား ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံပြောကြားတာတော့ မရှိ ပါဘူး။ အခု နယ်စပ်ကလည်း ထပ်ပြီး ပစ်ခတ်တာ မရှိဘူး။ ပြေ လည်မှုလည်း ရရှိထားတယ်။ မြန် မာဘက်က သဘောထားကိုတော့ တစ်ဖက်ကို သတင်းစကားပါး တာဖြစ်ပါတယ်။ နှစ်နိုင်ငံဆက်ဆံ ရေး ကောင်းမွန်ပါတယ်’’ ဟု နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေး ရာဦးစီးဌာန (ဘင်္ဂလားဒေ့ရှ်) ဒု တိယညွှန်ကြားရေးမှူး ဦးအောင် ကျော်သူက ပြောသည်။

နှစ်နိုင်ငံ နယ်စပ်ပြဿနာ များကို ပြေလည်အောင်ဖြေရှင်းပြီး ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့က အသီးသီး ကြေညာချက်များ ထုတ်ပြန်ထားသည်။

လက်ရှိတွင် နယ်စပ်အခြေ အနေမှာ တည်ငြိမ်နေပြီး မူလက အလံတင် ဆွေးနွေးပွဲကို ဇွန်လ ၃ ရက်တွင် လုပ်ရန် စီစဉ်ထားသော် လည်း မလုပ်ဖြစ်သေးဘဲ ထပ်မံ ဆွေးနွေးမည့်ရက်ကို ညှိနှိုင်းနေကြောင်း သိရသည်။
7Day News Daily