တစ်ကိုယ်တော်အခွေထွက်မယ့်ရက်ကို ရင်ဖိုစရာရေကူးဝတ်စုံဓာတ်ပုံနဲ့ တွဲပြီး Instagram မှာ ကြေငြာလိုက်တဲ့ Cheryl Cole

ပို့စ်တင်ချိန် - 6/05/2014 10:40:00 AM



လွန်ခဲ့တဲ့ညက Cheryl Cole ဟာ သူမရဲ့ တစ်ကိုယ်တော်အခွေအသစ် Crazy Stupid Love ထွက်ရှိမယ့်ရက်ကို Instagram ကနေတဆင့်  တစ်ကမ္ဘာလုံးကို ကြေငြာလိုက်ပါတယ်။ ဒီအခွေကို ဗြိတိန်မှာ ဒီလ ၂၀ ရက်နေ့ မှာ ထွက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Cheryl ဟာ ဒီစိတ်လှုပ်ရှားစရာသတင်းကို ပိုပြီးရင်ခုန်အောင်လုပ်လိုက်တာကတော့ ရွှေရောင်ရေကူးဝတ်စုံ ၀တ်ဆင်ထားတဲ့ ဓာတ်ပုံနဲ့ ပူးတွဲကြေငြာလိုက်တာဖြစ်ပါတယ်။ အမို့ အမောက်ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ကို ထင်ထင်ရှားရှားမြင်ရတဲ့ ရွှေရောင်ရေကူးဝတ်စုံနဲ့ Cheryl ဟာ ပရိတ်သတ်တွေကို ဖမ်းစားခဲ့ပါတယ်။

အဆိုတော်လည်းဖြစ်၊X Factor ဒိုင်လူကြီးဟောင်းလည်းဖြစ်တဲ့ Cheryl ဟာ ၂၀၁၂ ခုနှစ်က A Million Lights ဆိုတဲ့ အယ်ဘမ်ထွက်ရှိပြီးနောက် နှစ်နှစ်ကြာ ဂီတလောကမှာ ပျောက်နေခဲ့တာဖြစ်ပါတယ်။ အခုတော့ Cheryl ဟာ သုံးနှစ်လောက် X Factor အကဲဖြတ်အဖွဲ့ ကနေ ဝေးကွာနေပြီးနောက် ဒိုင်လူကြီးအဖြစ် ပြန်လာတော့မှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။

မကြာသေးမီရက်သတ္တပတ်အတွင်းကလည်း Girls Aloud အဖွဲ့ သူဟောင်း၊ ဘောလုံးသမား Ashley Cole ရဲ့ ဇနီးဟောင်း Cheryl Cole ဟာ အဖွဲ့ သားဟောင်း Kimberley Walsh ရဲ့ အကိုနဲ့ ဇာတ်လမ်းတွေ ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

သူမရဲ့ Crazy Stupid Love အယ်ဘမ်ထဲက ခေါင်းစီးသီချင်း ကို အောက်မှာ နားဆင်နိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ကမှ Youtube မှာဖြန့် ဝေခဲ့တာဖြစ်ပြီး Tinie Tempah က feat ပါဝင်ထားပါတယ်။

ဒီလအစောပိုင်းကလည်း Cheryl ဟာ Cannes ရုပ်ရှင်ပွဲတော် ကော်ဇော်နီပေါ်မှာ ပရိသတ်တွေရဲ့ အာရုံကို အနက်ရောင်ဝတ်စုံနဲ့ ဖမ်းစားခဲ့ပါသေးတယ်။
Ref: Metro.co.uk
Trend Myanmar