သြစတြေးလျရှိ ကလေးသူငယ်များတွင် သေစေနိုင်သော ဗိုင်းရပ်စ်ပိုးတစ်မျိုး ကူးစက်ပျံ့နှံ့လျက်ရှိ

ပို့စ်တင်ချိန် - 6/05/2014 07:52:00 PM


ဇွန်၊ ၅ ။

သြစတြေးလျ နိုင်ငံ ကလေးသူငယ်များကြားမှာ
သေစေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးသစ်တစ်မျိုး ကူးစက်ပျံ့နှံ့လျက်ရှိနေတယ်လို့
ဒေသတွင်း ကျန်းမာရေးအာဏာပိုင်တွေက သတိပေးပြောကြားလိုက်ပါတယ်။
အဲဒီဗိုင်းရပ်စ်ပိုးကို Parechovirus လို့ အမည်ပေးထားပြီး
ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ ကလေးငယ်တွေဟာ အဖျားကြီးခြင်း၊ ခန္ဓာကိုယ်မှာ
အနီစက်များ ထွက်ခြင်းနဲ့ ဝမ်းသွားခြင်းတွေ ဖြစ်ပေါ်တတ်ပြီး အချို့
အသက်အနည်းငယ်ကြီးတဲ့ ကလေးငယ်တွေမှာတော့ အသည်းရောင် အသားဝါရောဂါ ဒါမှမဟုတ်
ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားနိုင်တယ်လို့ ကျန်းမာရေးအာဏာပိုင်များရဲ့
ပြောကြားချက်အရ သိရပါတယ်။ သြစတြေးလျနိုင်ငံမှာ အဲဒီဗိုင်းရပ်စ်ပိုး
ကူးစက်ခံရတဲ့ ကလေးအရေအတွက်ဟာ ၄၆ဦး ထိရှိခဲ့ပြီး အဲဒီ ဗိုင်းရပ်စ်ပိုးဟာ
ကလေးငယ်တွေရဲ့ဦးနှောက်ကို ထိခိုက်နိုင်တယ်လို့ ကွင်းစလန်းပြည်နယ်
ကလေးဆေးရုံ ကူးစက်ရောဂါဌာနက ပါမောက္ခ သီအိုစလုစ်က ပြောပါတယ်။
အခုလက်ရှိအနေနဲ့ အဲဒီဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ပေးနိုင် တဲ့
ကာကွယ်ဆေးမရှိသေးပါဘူး။ ပြီးတော့ အဲဒီရောဂါပိုးဟာ လူတစ်ဦးက တစ်ဦးကို
ကူးစက်ပျံ့နှံ့နိုင်တယ်လို့  Sloots က ပြောပါတယ်။

Source; ABC

ဘာသာပြန် David
The Myanma Age