White Card ကိုင်ဆောင်ထားသူများ နိုင်ငံရေးပါတီသို့ ၀င်ရောက်ဆောင်ရွက်ခွင့် ကန့်သတ်ခြင်း ဥပဒေဆွေးနွေး အတည်ပြု ပြီးမှ ပြန်လည်ဆွေးနွေးမည်

ပို့စ်တင်ချိန် - 6/05/2014 10:57:00 AM


White Card ကိုင် ဆောင်ထားသူများအား နိုင်ငံရေး ပါတီများတွင် ၀င်ရောက်ဆောင် ရွက်ခွင့်အပေါ် တားမြစ်ကန့်သတ်သည့် ဥပဒေကြမ်းကို လွှတ်တော် နှစ်ရပ်က ဆွေးနွေးသဘောတူ အတည်ပြုပြီး ဖြစ်သော်လည်း ဘူးသီးတောင်၊ မောင်တောမြို့ နယ် မဲဆန္ဒနယ်ဘက်မှ ကိုယ်စား လှယ်က ပြန်လည်ကြားနာ ဆွေး နွေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ညွှန်ကြားလိုက်ကြောင်း သတင်းရရှိသည်။

နိုင်ငံသားဖြစ်သူများသာမ က ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ(သို့မဟုတ်) ယာယီသက် သေခံလက်မှတ် (White Card)  ကိုင်ဆောင်ထားသူများကိုပါ နိုင်ငံရေးပါတီများတွင် ပါဝင်လှုပ် ရှားခွင့်ပြုသည့် ယခင်အစိုးရမှ ထုတ်ပြန်ထားသော နိုင်ငံရေးပါ တီများ မှတ်ပုံတင်ခြင်းဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းတွင် နိုင်ငံသားများသာ ပါဝင်ဆောင် ရွက်ခွင့်ရှိသည်ဟု ပြင်ဆင်ရေးဆွဲ မှုအပေါ် အထက်ပါအတိုင်း ကန့် ကွက်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်က အ တည်ပြုပြီးဖြစ်သော အထက်ပါ ဥပဒေကြမ်းအား ပြည်သူ့လွှတ် တော်သို့ ပေးပို့ရာ ပြင်ဆင်မှုမရှိ ဘဲ ပြန်လည်ပေးပို့လာသဖြင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည့်အတိုင်း ဖြစ်သော်လည်း ဇွန်လ ၄ ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေး၌ ပြန်လည်ဆွေးနွေးရာတွင် အထက်ပါမဲဆန္ဒနယ်မှ ဦးဇာယာဒ် ရော်မံ(ခေါ်) ဦးဌေးဝင်းက ကန့် ကွက်ခဲ့ခြင်းဖြစ်သည်။

‘‘နိုင်ငံသားဖြစ်သူများကို သာ ပါတီဝင်အဖြစ် ပါဝင်ခွင့်ပြု ဖို့ ပြင်ဆင်တာဟာ ရွေးကောက် ပွဲကော်မရှင်နဲ့ ပြည်ထောင်စုအစိုး ရအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကို ကန့် သတ်ရာကျပါတယ်။ ဒါကြောင့် ဒီအချက်တွေကို ပြဋ္ဌာန်းခြင်း မပြု ဖို့ တင်ပြပါတယ်’’ ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ ကန့်ကွက်မှုကြောင့် ၎င်းကိစ္စရပ်အား အမျိုးသားလွှတ် တော် ဥပဒေကြမ်းကော်မတီမှ ပြန်လည်ကြားနာပြီး လွှတ်တော်သို့ ပြန်လည်တင်ပြရန်လိုကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဆုံးဖြတ်သည်။

‘‘နိုင်ငံရေးပါတီမှာ White Card ကိုင်ထားသူတွေကိုပါ ပါဝင် ဆောင်ရွက်ခွင့်ပေးလို့ နိုင်ငံသားမဟုတ်တဲ့ ဘင်္ဂါလီတွေက လွှတ်တော်ထဲရောက်လာတာ။ နိုင်ငံအရေးအရာကို ဆုံးဖြတ်ရတဲ့ လွှတ်တော်ထဲမှာ နိုင်ငံသား မဟုတ်သူတွေပါနေတယ်ဆိုတာ လုံးဝကို မဖြစ်သင့်တဲ့ကိစ္စလေ။ ဒါကြောင့် ဒီဥပဒေကြမ်းပါ စကားရပ်တွေအတိုင်း ဥပဒေအဖြစ် ပြဋ္ဌာန်းသင့်တယ်’’ ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကဆိုသည်။

7 Day News Daily