ဖွဲ့စည်းပုံပြင်ဆင်ရေး အတိုက်အခံများ တွန်းအားပေး

ပို့စ်တင်ချိန် - 6/05/2014 07:21:00 PM


ရန်ကုန်မြို့ ဗိုလ်စိန်မှန်အားကစားကွင်းတွင် အခြေခံဥပဒေပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းကိုနိုင်တို့ မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
မြန်မာနိုင်ငံ၏ အဓိက အ တိုက်အခံပါတီ NLDက ဖွဲ့စည်းပုံပြောင်းရေး ကင်န်ပိန်းလှုပ်ရှားမှု စတင်လိုက်ပြီး ၎င်းတို့၏ အနာဂတ်တွင် လူထုထောက်ခံမှုများ ရရှိလာရန် မျှော်လင့်ထားသည်။ ဒီချုပ်အမတ်တစ်ဦးဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ‘‘ဒါဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကင်န်ပိန်းလုပ်တာပဲ’’ ဟု ပြောဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရန် တရားဝင်ကင်န်ပိန်း ကို မေလ ၂၇ ရက်က စတင်ခဲ့ သည်။ ထိုနေ့သည် NLD က အ ပြတ်အသတ်နိုင်ခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲ၏ နှစ်ပတ်လည်နေ့ ဖြစ်သည်။ ရွေးကောက်ပွဲအောင် မြင်ခဲ့သော်လည်း စစ်တပ်က ၎င်း တို့အား အစိုးရဖွဲ့ခွင့်မပေးခဲ့ပေ။။ ယခုအခါ အပြောင်းအလဲအတွက် လက်မှတ်စုဆောင်းနေပြီး ဖွဲ့စည်း ပုံ အပိုဒ် ၄၃၆ ကိုပြင်ရန်ဖြစ် သည်။ ယင်းအပိုဒ်သည် ဖွဲ့စည်းပုံ ပြင်ဆင်ရန် လွှတ်တော်တွင် လို အပ်သည့် မဲအရေအတွက်နှင့် ပတ်သက်နေသည်။ လက်ရှိတွင်ပြင်ဆင်ရန်အတွက် လွှတ်တော်ကမဲ ၇၅ ရာခိုင်နှုန်းရရှိရန် လိုအပ် သည်။ ဤကင်န်ပိန်းလှုပ်ရှားမှုမှ ယင်း ၇၅ ရာခိုင်နှုန်းကို နိုင်ငံတ ကာစံနှုန်းဖြစ်သည့် သုံးပုံနှစ်ပုံသို့ လျှော့ချရန်ဖြစ်သည်။

လက်မှတ်များကို ဇူလိုင် လ ၁၉ ရက် အာဇာနည်နေ့အမီ နိုင်ငံအနှံ့ကောက်ခံရန်ဖြစ်သည်။ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံခဲ့ရသည့် နှစ်ပတ်လည်နေ့လည်းဖြစ်သည်။ ယင်းလက်မှတ်များကို လွှတ် တော်ပြောခွင့်ရပုဂ္ဂိုလ်ထံ လွှဲပေး မည်ဖြစ်သည်။

ဤလက်မှတ်လှုပ်ရှားမှုနှင့် အချိန်ကာလ သတ်မှတ်ရွေးချယ် မှုတို့ဖြင့် NLD က အစိုးရကို ပြင်း ထန်သော သတင်းစကားပါး လိုက်ခြင်းပင်ဖြစ်သည်။

‘‘ဒီနေ့ရက်နှစ်ခုစလုံးကို တ မင်သက်သက် ရွေးထားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ရက် တွေက အရေးပါလို့ပါပဲ’’ ဟု NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောသည်။

၈၈ ကျောင်းသား ခေါင်း ဆောင်များဖြစ်သည့် ဦးမင်းကို နိုင်နှင့် ဦးကိုကိုကြီးတို့ ဦးဆောင် သည့် ၈၈ မျိုးဆက်နှင့်ပွင့်လင်းလူ့ အဖွဲ့အစည်းက ဤကင်န်ပိန်းလှုပ် ရှားမှုကို ပူးပေါင်းဆောင်ရွက်ခြင်း ကလည်း အရေးပါသည့်အချက် ဖြစ်သည်။ ညီညွတ်သော တိုင်း ရင်းသားများအဖွဲ့ UNA တွင် ပါ ၀င်သည့် တိုင်းရင်းသားပါတီများ ကလည်း ထိုလက်မှတ်လှုပ်ရှားမှု ကို ထောက်ခံကြသည်။

၈၈ နှင့် NLD အကြား သုံး ကြိမ်ထက်မက ဆွေးနွေးချက်များ အပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အတွက် အခြေခံဖြစ် သည့် ပုဒ်မ ၄၃၆ ကို အဓိကထား လာသည်။ ယင်းအချက်ကို ပြင် နိုင်လျှင် လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်း ရယူထားသည့် စစ် တပ်၏ ဗီတိုအာဏာသုံးနိုင်မှုကို ထိထိရောက်ရောက် လျှော့ချနိုင် မည်ဖြစ်သည်။

လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းပုံပြင်ဆင်ရေး ဦးဆောင်နေသူ ဒေါ်အောင်ဆန်း စုကြည်က လာမည့် ရွေးကောက် ပွဲအပြီးတွင် သမ္မတမဖြစ်နိုင်ပေ။ သို့သော် လှုပ်ရှားမှုများကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရန် ပိတ်ပင်ထားသည့် ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ရန်မဟုတ် ပေ။ ယင်းဆုံးဖြတ်ချက်သည် NLD ဘက်မှ ဗျူဟာအရ ဆုံးဖြတ်လုပ် ဆောင်ချက်ဖြစ်ကြောင်း NLD ပါ တီနှင့် နီးစပ်သည့် လေ့လာဆန်း စစ်သူတစ်ဦးက ပြောဆိုသည်။

သို့သော် ဤလုပ်ရပ်က ၈၈ အဖွဲ့ဝင်များကို ခေါ်သွင်းခဲ့ခြင်းအ တွက် ပေးဆပ်ရမှု ဖြစ်ပုံလည်း ရ သည်။

‘‘လူတစ်ဦးတစ်ယောက် တည်းအတွက် ဖွဲ့စည်းပုံကို ပြင်ဖို့ ကျွန်တော်တို့ ပံ့ပိုးလို့ မရပါဘူး’’ ဟု ၈၈ အဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဂျင်မီက ပြောသည်။

‘‘ဒါပေမဲ့ ဖွဲ့စည်းပုံပြင်ရမယ် ဆိုတာကို ကျွန်တော်တို့ သဘော တူပါတယ်။ ဒီကိစ္စမှာလည်း ပုဒ်မ ၄၃၆ က အဓိကဖြစ်နေတော့ အခု အချိန်မှာ ဒီကိစ္စကို တွန်းအားပေး ရမှာ ဖြစ်ပါတယ်’’ ဟု ဆိုသည်။

အဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သည့် သတင်းရပ်ကွက်အ ဆိုအရ ၈၈ တို့၏ လုပ်ပိုင်ခွင့်အာ ဏာကို ကျယ်ပြန့်လာအောင် လွှတ်တော်အတွင်း အပြောင်းအ လဲအတွက်လည်း ဖွဲ့စည်းပုံကို ပြင်ဆင်လိုသည်ဟု သိရသည်။

အထူးသဖြင့် ၀န်ကြီးချုပ်များ ကို ဒေသဆိုင်ရာညီလာခံမှ တိုက် ရိုက်ရွေးကောက်တင်မြှောက်သင့် ပြီး ယခုလက်ရှိ လုပ်ဆောင်နေ သကဲ့သို့ သမ္မတက ရွေးချယ်ခန့် ထားခြင်း မပြုရန်ဖြစ်သည်။ ဒေ သခံပါလီမန်၏ လုပ်ပိုင်ခွင့်အာ ဏာကိုလည်း တိုးမြှင့်လိုကြောင်း သိရသည်။

ယင်းအချက်ကို တိုင်းရင်း သားပါတီများက အပြည့်အဝ ထောက်ခံကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ခေါင်းဆောင်နှင့် UNA ၏ အထင် ကရအဖွဲ့ဝင် ဖြစ်သည့် ဦးခွန်ထွန်းဦးက ပြောဆိုသည်။

ကင်န်ပိန်းမစတင်မီ လက်ရှိ တွင် ဒေါ်အောင်ဆန်းစုကြည်က ဟောပြောမှုများ စတင်ပြုလုပ်နေ သည်။ မဲပေးခွင့်မရဘဲ လက်မှတ် ထိုးခွင့်မရသည့် (၁၈) နှစ်အောက် လူငယ်များအနေဖြင့် စစ်တပ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ထံ ဖွဲ့စည်းပုံပြင်ဆင် ရေးကို ထောက်ခံကြောင်း တိုက် ရိုက်စာရေးသားကြရန်လည်း တိုက်တွန်းလိုက်သည်။ ဤလုပ် ရပ်သည် ကန်ပိန်းလှုပ်ရှားမှု၏ ပထမအဆင့်သာဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ဝင် ဦးဟန်သာမြင့်က ပြော သည်။ ပါလီမန်က ယခုနှစ်ကုန် တွင် ယင်းအပြောင်းအလဲကို လက်ခံရန် မျှော်လင့်ထားသော် လည်း ဖြစ်နိုင်ခြေ နည်းပါးလှ သည်။

‘‘ဘယ်အပြောင်းအလဲကို မဆို လွှတ်တော်တွင်းမှာ တင်းမာ သူတွေက အသေအလဲ ဆန့်ကျင် ကြမယ်ဆိုတာ ရှင်းပါတယ်။ ဒါ ကလည်း လုပ်ငန်းစဉ်တွေကို ရ သလောက် ဆွဲယူနေတာပါ’’ ဟု ပြည်တွင်းနိုင်ငံရေး လေ့လာသူ များက ဆိုသည်။

‘‘ဖွဲ့စည်းပုံကို ပြင်ဖို့ လုပ်ငန်း အဆင့်ဆင့်က အချိန် အင်မတန် ယူရပါတယ်’’ ဟု လက်ရှိအာဏာ ရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။ လာမည့် ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်မှု တစ်စုံတစ်ရာ ဖြစ်နိုင်မည်မထင် ကြောင်းလည်း ၎င်းက ပွင့်ပွင့်လင်းလင်း ၀န်ခံပြောဆိုလိုက်သည်။

NLD ခေါင်းဆောင်များကမူ ရှေ့လာမည့်အချိန်တွင် ဘာဖြစ် မည်ဆိုသည်ကို နောက်မှ ဆုံး ဖြတ်မည်ဟု ဆိုသည်။ သို့သော် လူထုဆန္ဒပြပွဲဖြစ်နိုင်ခြေကိုလည်း ထည့်သွင်းစဉ်းစားထားကြောင်း လွှတ်တော်အမတ် ဦးဝင်းသိန်းက ပြောဆိုသည်။ လာမည့်နှစ်လယ် ခန့်တွင် ကင်န်ပိန်းလှုပ်ရှားမှုက လမ်းမပေါ်ထွက်လာနိုင်ကြောင်း NLD သတင်းရပ်ကွက်အရ သိရ သည်။ လာမည့်နှစ် ဇွန်လခန့်တွင် အထွေထွေသပိတ်ကြီး ဖြစ်နိုင် ဖွယ်ကိုလည်း အချက်တစ်ခုအနေ ဖြင့် အလေးအနက် စဉ်းစားနေပုံ ရသည်။

သို့သော်လည်း ပါတီကို သစ္စာကြီးသူများကြားတွင် အ တိုက်အခံအချို့ ရှိနေရာ အထူး သဖြင့် စစ်တပ်နှင့် ဖိနှိပ်အကြမ်း ဖက်သည့် လုပ်ရပ်များဖြင့် အာ ဏာပိုင်တို့ဘက်က တုံ့ပြန်လာ ရန် ဆွပေးသလိုဖြစ်မှာကို စိုးရိမ် နေသည်။ ထိုင်းနိုင်ငံ၏ ဖြေရှင်း နည်းကို စစ်တပ်အတွင်း အားကျ နေသူများ ရှိနေနိုင်ကြောင်း စိုးရိမ် နေကြခြင်းဖြစ်သည်။ ဗိုလ်ချုပ် ပရာယွတ်၏ စစ်အုပ်ချုပ်ရေး ကြေ ညာပြီး အုပ်ချုပ်ရေးအာဏာ အ ပြည့်အ၀ ရယူလိုက်သည့်အပေါ် တွင်ဖြစ်သည်။

NLD နှင့် ၈၈ အုပ်စု မဟာ မိတ်အကြား သဘောထားကွဲလွဲ မှုများ ဖြစ်လာနိုင်ရာ ၈၈ အုပ်စု အတွက် လမ်းမပေါ်က နိုင်ငံရေး သည် အတိတ်က ဖြစ်ရပ်ဟု ယုံ ကြည်ပြီး ပျော့ပျော့ပျောင်းပျောင်း ချဉ်းကပ်လိုကြသည်။ ‘‘ကျွန်တော် တို့ ဒီကနေ့ ဒီလောက်ထိ ရောက် နေတာက ဗိုလ်ချုပ်ကြီးတွေ၊ အ ထူးသဖြင့် ဗိုလ်ချုပ်မှူးကြီးတွေက အာဏာခွဲဝေပေးဖို့ ဆုံးဖြတ်ခဲ့လို့ ပါ’’ ဟု အမည်မဖော်လိုသော လှုပ်ရှား တက်ကြွသူတစ်ဦးက ဆိုသည်။

‘‘ကျွန်တော်တို့က အဲဒီအစ ကနေ အခြေပြုပြီး တည်ထောင် သင့်တယ်။ အမြန်ဖြိုဖျက်ချလိုက် တာမျိုး မလုပ်သင့်ဘူး’’

သို့ရာတွင် ဒေါ်အောင်ဆန်း စုကြည်က လတ်တလော မိန့်ခွန်းများတွင် စစ်တပ်ကို စတင်စိန်ခေါ် လိုက်ပြီဖြစ်သည်။ ‘‘သေနတ်ရှိပေ မယ့် လူတွေကိုကြောက်နေသေး တယ်’’ ဟု လာရောက်နားထောင် ကြသူ လူထောင်ပေါင်းများစွာအား မန္တလေးတွင် ပြောကြားခဲ့သည်။ ပရိသတ်ကလည်း လက်ခုပ်လက် ၀ါးတီး အားပေးကြသည်။

‘‘ကျွန်မတော့ သိပ်ကျေနပ် တယ်။ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို ဒီလိုလူသိရှင်ကြား စိန် ခေါ်တာကို ပထမဆုံးအကြိမ် ကြားရတာပဲ’’ ဟု ဟောပြောပွဲ တက်ရောက်ခဲ့သူ သူနာပြုဆရာမ နန္ဒာက ပြောသည်။

‘‘ဒါမတိုင်ခင်က သူ့ချဉ်းကပ် ပုံကိုကျွန်မအတော် စိတ်ပျက်ခဲ့ တာ။ နောက်ဆုံးတော့ လူတွေရဲ့ အသံကို တကယ် ရောင်ပြန်ဟပ် ပြောလိုက်ပြီ’’

NLD သတင်းရပ်ကွက်ကမူ ပါတီ၏ စစ်တပ်အပေါ် ဝေဖန်မှု သည် ဆွပေးနေသည်ဟု ယုံကြည်ပြီး ယင်းတို့သည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ချမှတ်ထားသော ဗျူဟာတစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သည်ဟု ဆိုသည်။

‘‘လူထုက သူ့ကို ထောက်ခံ အားပေးကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူတွေက စစ်တပ်ကို မုန်းလို့ပဲ’’ ဟု ဦးခွန်ထွန်းဦးက ပြောသည်။

‘‘ဒါဟာ ကျွန်တော်တို့က ဒီမို ကရေစီကို ထောက်ခံတယ်ဆိုတာ အစိုးရကို ပြနိုင်တဲ့နည်းပါပဲ’’

(ဆောင်းပါးရှင် လာရီဂျယ်ဂင်နှင့် ဘန်ကောက်ပို့စ်တို့၏ ခွင့်ပြုချက် ဖြင့် ခင်မေဇော် (၀ါရှင်တန်ဒီစီ) ကဘာသာပြန်ဆိုပြီး ပြန်လည် ဖော်ပြသည်။)

7day daily