နေအိမ်အတွင်းမှ ရွှေထည်လက်ဝတ်ရတနာပစ္စည်းများကို ၀င်ရောက်ခိုးယူမှုအား ဖော်ထုတ်ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 6/05/2014 07:52:00 PM


ရန်ကုန်၊ ဇွန် ၅

၁၁.၅.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်တွင် ကမာရွတ်မြို့နယ်နေ မအိအိခင်သည် နေအိမ်မှ စမ်းချောင်းမြို့နယ်ရှိ သင်တန်းသို့
သွားရောက်တက်နေစဉ် ၁၂၅၀ အချိန်တွင် နေအိမ်နောက်ဖေး
တံခါးပွင့်နေကြောင်း ကြားသိရ၍ ပြန်လာပြီးကြည့်ရှုစစ်ဆေးရာ
နေအိမ်အတွင်းရှိပစ္စည်းများပြန့်ကျဲနေပြီး ဗီရိုအတွင်းမှ ငွေကျပ်
(၁၄)သိန်းနှင့် ရွှေထည်လက်ဝတ်ရတနာပစ္စည်း(၉)မျိုး၊ စုစုပေါင်း
တန်ဖိုးငွေကျပ်သိန်း(၄၀)ခန့်မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိရ
သဖြင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်းချက်အရ ကမာရွတ်
မြို့မရဲစခန်း(ပ)၂၁၈/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့်စုံစမ်း
ဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူ
တပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရာ အမှုမှပြစ်မှုကျူးလွန်သည်ဟု စုံစမ်းအတည်ပြုရရှိသူ လှိုင်မြို့နယ်နေ အငယ်လေး(ခ) ကျော်ဝင်းခိုင်၊ (၁၈)နှစ်၊ (ဘ)ဦးဝင်းစိုးအား
၃.၆.၂၀၁၄ ရက်နေ့ ၀၂၀၀ အချိန်တွင် ၎င်း၏နေအိမ်မှဖမ်းဆီး
ရမိခဲ့ပါသည်။

၎င်းအားစစ်ဆေးရာ ယင်းနေ့ ၁၂၀၀ အချိန်ခန့်က အခင်းဖြစ်အိမ်ရှေ့
အုတ်တံတိုင်းအားကျော်တက်ကာ နေအိမ်နောက်ဖေးတံခါးမကြီးအား
လေးသံချောင်းဖြင့်ကန့်လန့်ဖွင့်ကာ အတွင်းသို့ဝင်ရောက်ပြီး အမှုမှ
ပျောက်ဆုံးပစ္စည်းများကို ခိုးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်
ခဲ့ပါသည်။

ထိုသို့ပေါ်ပေါက်ချက်အရ အမှုမှပါဆုံးသွားသော ရွှေထည်လက်ဝတ်
ရတနာပစ္စည်းများကို ၎င်းထံမှ ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပြီး အမှုဖြင့်
ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police