ရန်ကုန်မှာ မီးပျက်မှု ဆိုးရွားလာတာကို အစိုးရက ဘယ်လိုအကြောင်းပြလဲ

ပို့စ်တင်ချိန် - 6/05/2014 09:59:00 AM


ရန်ကုန်မှာ လျှပ်စစ်မီးမပြတ်တော့ဘူးလို့ ပြောခဲ့တဲ့ မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးက အပြောနဲ့အလုပ် အတိအကျကြီးလွဲချော်နေတဲ့အပေါ် ဘယ်လိုအကြောင်းပြချက် ပေးခဲ့လဲ။ ဇွန်လ ၃ရက်ကစပြီး ဓာတ်အားပြတ်တောက်မှုတွေဟာ တောင်ငူက မဟာဓာတ်အားလိုင်း မိုးကြိုးလွှဲတွေ ပွင့်ထွက်ကုန်တာလို့ ဆိုပါတယ်။

LA လို့ခေါ်တဲ့ မိုးကြိုးလွှဲတွေ ပွင့်ထွက်ကုန်လို့ လောပိတဓာတ်အားလိုင်းနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့သလို မဂ္ဂါဝပ် ၁ဝဝကျော် ဆုံးရှုံးခဲ့ပြီး System Breakdown တွေ ဖြစ်ခဲ့ရတယ်လို့ ရန်ကုန်ဓာတ်အားဖြန့်ဖြူးရေး ဒုတိယဥက္ကဌက ပြောပါတယ်။

ဒီလို System Breakdown ဖြစ်လို့ မီးတွေဖြတ်တောက်ခဲ့ရချိန် မြောက်ဥက္ကလာက နဝဒေးလမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းဆုံမှာ ဦးပိုင်က ထူထောင်ထားတဲ့ အဓိပတိလိုင်းက 33 KV Hight Voltage ရှိတဲ့ ဓာတ်တိုင်ကို ဝင်တိုက်ခဲ့လို့ မြို့နယ်အများအပြား ဓာတ်အားပြတ်တောက်ခဲ့ရတာလို့ ဆိုပါတယ်။

မရမ်းကုန်း၊ တောင်ဥက္ကလာ၊ ရန်ကင်းနဲ့ မြောက်ဥက္ကလာတွေမှာ ဇွန်လဆန်းပိုင်းမှာ မီးပြတ်တောက်မှု ဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီး မင်္ဂလာတောင်ညွန့်မှာ ရေကြီးရေလျှံဖြစ်လို့ Transformer ပုံးတွေ ရေမမြုတ်ခင် မီးဖြတ်လိုက်ရတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့တွင်း စနေ၊ တနင်္ဂနွေတွေမှာ သစ်ပင်ရှင်းလင်းမှုကို မိုးတွင်းကာလမှာ စောင့်ကြည့်နေမှာဖြစ်ပြီး Transformers တွေ ချို့ယွင်းလို့ ပြတ်တောက်မှုတွေ ဖြစ်ရတယ်လို့ ဆိုပါတယ်။

Kamayut Media