ဆူးလေစေတီတော် လျှောက်လမ်း၌ အေတီအမ်စက်များ တပ်ဆင်သွားမည်

ပို့စ်တင်ချိန် - 6/10/2014 10:46:00 AM


ချမ်းငြိမ်း(မြစ်မခ)၊ ရန်ကုန်၊ ဇွန်-၈

ဆူးလေစေတီတော်တွင် နိုင်ငံခြားသားများနှင့် ဘုရားဖူးပြည်သူများ
ငွေသုံးစွဲရာတွင် အဆင်ပြေစေမည့် အေတီအမ်စက်များ တပ်ဆင်
ရာတွင် ဘဏ်တစ်ခုသာ စက်တပ်ဆင်ထားပြီးကျန်ဘဏ်များမှာ
နေရာသတ်မှတ်ထားသည့် အနေအထား၌သာရှိပြီး အေတီ အမ်စက်
အားလုံး ဇွန်လကုန်နောက် ပိုင်းမှသာဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ဆူးလေဂေါပကရုံးမှ သိရသည်။

ထိုသို့တပ်ဆင်ရာတွင် ဆူးလေစေတီတော်အပြင်ဘက်တွင် တပ်ဆင် သွားမည်ဖြစ်ပြီး နိုင်ငံခြားသားဝင်ရောက်မှုများသော မြောက်ဘက်မုခ်
နှင့်အရှေ့ဘက်မုခ်တို့တွင်တပ်ဆင်သွားမည်ဖြစ် ကာ ဆူးလေစေတီ
တော်မှ လျှပ်စစ်၂၄ နာရီပေးသွားမည်ဖြစ်သည်ဟု ဆူးလေစေတီတော်
အလှည့်ကျ(စီမံ)မှ ဦးကြိုင်မြင့်က ပြောဆိုခဲ့သည်။

'အခုက ဘဏ်လေးဘဏ် မြေနေရာသတ်မှတ်ထားတယ်။
လောလောဆယ် ယူနိုက်တက်အမရဘဏ်တစ်ခုတည်းပဲ
စက်က ဆင်ရသေး တယ်။ အခုထိတော့ မဖွင့်ဖြစ်သေးဘူး။ တခြားဘဏ်တွေကစက်လည်း မရောက်သေးဘူး။ ဆင်လည်း
မဆင် ရသေးဘူး' ဟု ၎င်းက ပြောဆိုသည်။

ဆူးလေစေတီတော်တွင် အေတီအမ်စက်များ တပ်ဆင်မည့်
ဘဏ်များမှာ ကမ္ဘောဇဘဏ်၊ စီဘီဘဏ်၊ မြန်မာ့ရှေ့ဆောင် ဘဏ်နှင့်ယူနိုက်တက်အမရဘဏ်တို့ ဖြစ်ကြသည်။

'အခုလို စက်တွေတပ်တာ ကောင်းပါတယ်။ နိုင်ငံခြားသားတွေ
အနေနဲ့လည်း အဆင်ပြေတယ်။ ဘုရားဖူးတွေအနေနဲ့က လွယ်
လွယ် ကူကူသုံးလို့ရတယ်။ အိမ်က ငွေထည့်လာစရာမလိုတော့ဘူး။ ကတ်ထည့်ပြီး ငွေထုတ်လိုက်ရင် အဆင်ပြေတယ်'ဟု ရွှေပြည်သာမှ
ဘုရားဖူးလာသူတစ်ဦးက ပြောဆိုခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ