ထောင်တစ်နှစ်စီ ချမှတ်ခံရသော ပရိသတ်ရှစ်ဦးအပေါ် လျှော့ပေါ့ပေးရန် နေပြည်တော်အသင်းကြိုးပမ်းမည်

ပို့စ်တင်ချိန် - 6/10/2014 11:03:00 AM



 ၂၀၁၃ ခုနှစ် မြန်မာနေ ရှင်နယ်လိဂ်နောက်ဆုံးပွဲစဉ် ရန် ကုန်နှင့် နေပြည်တော်ပွဲစဉ်တွင် ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်းအတွင်း ထိုင်ခုံများ ပျက်စီးအောင် ပြုလုပ် ခဲ့ကြသူများကို ထောင်ဒဏ် တစ် နှစ်စီချမှတ်ခဲ့ခြင်းအပေါ် နေပြည် တော်ဘောလုံးအသင်းမှ တာဝန် ရှိသူများနှင့် တွေ့ဆုံကာ ပြစ်ဒဏ် များလျှော့ပေါ့ပေးရန် တောင်းဆို သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
အဆိုပါပွဲစဉ်တွင် ရန်ကုန်နှင့်နေပြည်တော်လိဂ်အသင်းတို့ ပွဲစဉ်နောက်ဆုံးပွဲအဖြစ် ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ယှဉ်ပြိုင်ခွင့်ရရှိရန် ဘောလုံးအဖွဲ့ချုပ်က ခွင့်ပြုပေးခဲ့ပြီး ပထမပိုင်းပွဲကစားချိန်အတွင်း နှစ်ဖက်အသင်းသားများ ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခဲ့သည်။ နေပြည်တော်အသင်း ပရိသတ်များမှာ ကွင်းအတွင်း ၀င်ရောက်၍ ရန်ကုန် ကစားသမားများကို ရန်ပြုခဲ့ပြီး ကွင်းအတွင်းရှိထိုင်ခုံများ ဖျက်ဆီးခဲ့ကြသည့်အတွက် ကျပ်သိန်းပေါင်းသုံးရာကျော်ခန့်ပျက်စီးခဲ့သည်။

ထို့ကြောင့် အားကစားဝန် ကြီးဌာနက တရားလိုပြုကာ နေ ပြည်တော်ကောင်စီနယ်မြေအ တွင်းရှိ တရားရုံးသို့ နိုင်ငံတော်ပိုင် ပျက်စီးစေသည့် အမှုဖြင့် တရားစွဲဆိုခဲ့ကာ ဇွန်လ ၇ ရက်တွင် ပါဝင်သူရှစ်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်စီချမှတ်ခဲ့သည်။

‘‘အသင်းမှာ ရှိတဲ့ အသင်း စီ အီးအို၊ ဥက္ကဋ္ဌတွေနဲ့ တိုင်ပင်ပြီး သူတို့တွေအတွက် ပြစ်ဒဏ်လျှော့ ပေါ့အောင် တာဝန်ရှိသူတွေကို ဆွေးနွေးပေးသွားမယ်။ သူတို့အတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ ကိုလည်း အသင်းဘက်က အတတ်နိုင်ဆုံး ကူညီပေးသွားမယ်’’ဟု နေပြည်တော်ဘောလုံး အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းကပြောသည်။

ပရိသတ် နှစ်သောင်းဝန်း ကျင် လာရောက်အားပေးခဲ့ကြ သည့် အဆိုပါပွဲစဉ်တွင် နေပြည် တော်ပရိသတ်အချို့စည်းကမ်းမဲ့ သောင်းကျန်းကာ ကွင်းအတွင်း ၀င်ရောက်မှု၊ ကစားသမားအချို့ နှင့် ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ပွဲစဉ်ပြီးဆုံးအောင် ယှဉ်ပြိုင်နိုင် ခြင်းမရှိဘဲ ပွဲချိန် ၃၇ မိနစ်တွင် ရပ်နားခဲ့ရသည်။ နှစ်ဖက်အသင်းမှ အုပ်ချုပ်နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများလည်း ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့သည်။

‘‘သူတို့ကို ထောင်ဒဏ်ကျ  ခံစေတော့ မြန်မာနဲ့ အင်ဒိုပွဲမှာ သောင်းကျန်းခဲ့တဲ့ ပရိသတ်တွေ ကျတော့ ၀န်ကြီးဌာနက အရေး မယူဘူးလား။ အဲဒီပွဲတုန်းကလည်း သုဝဏ္ဏကွင်းထိုင်ခုံတွေ ပျက်စီးခဲ့တာပဲ။ သူတို့ကိုလည်း အရေးယူရမှာပေါ့’’ဟု အားကစားကလောင်ရှင် ကိုနေကိုကပြောသည်။

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ မတိုင် မီ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများ ကျင်းပမည့် နေပြည်တော် ၀ဏ္ဏ သိဒ္ဓိကွင်း၌ ပထမဆုံးပွဲစဉ်အဖြစ် ရန်ကုန်နှင့် နေပြည်တော် အသင်းတို့ ပွဲစဉ်တွင် ရုန်းရင်းဆန်ခတ်မှုများကြောင့် ပွဲမပြီးဆုံးမီ ရပ်နားလိုက်ရသည့်ပွဲစဉ်အဖြစ် လိဂ်ပြိုင်ပွဲတွင် မှတ်တမ်းဝင်ခဲ့ပြီး နိုင်ငံခြားသတင်းဌာနများက လည်း အဆိုပါပွဲစဉ်ကို သတင်းအဖြစ်ဖော်ပြခဲ့ကြသည်။

ချစ်ဝိုင်း
7day daily