ဘိန်းဖြူသုံးစွဲရာမှ ဆေးရှောခ်ဖြစ်ကာ လူတစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 6/10/2014 05:39:00 PM



တမူးမြို့၊ မြို့မ(၁၃)ရပ်ကွက်၊ နန်းဖာလုံဈေးေ၏တောင်ဘက်၊ အိန္ဒိယ - မြန်မာနယ်စပ်၊
 မြင်ဖူးပေါက်အနီးတွင် ဇွန်လ ၈ ရက်နေ့မနက် ၇ နာရီက ဘိန်းဖြူသုံးစွဲရာမှဆေးရှောခ့်ဖြစ်ကာ လူတစ်ဦးသေဆုံးခဲ့ရကြောင်း တမူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲအရာရှိတစ်ဦးထံမှ သိရသည်။

အဆိုပါ လူသေဆုံးနေသည့်အရပ်သို့ တမူးမြို့မရဲစခန်းမှူး ဒုရဲမှူး လှထွန်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ ရာ သေဆုံးသူသည် တမူးမြို့ စော်ဘွား(၁၁/ခ)ရပ်ကွက်နေ ကိုတင်မောင်လွင် အသက်(၄၅)နှစ် ဆိုသူဖြစ် ကြောင်း ရဲစခန်း၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

သေဆုံးသူ၏ ယာဘက်လက်မောင်းအရင်းနေရာတွင် အလတ်တလော ဆေးထိုးအပ်ဖြင့် ထိုးသွင်းထား သည့် ဒဏ်ရာတစ်ချက်အားတွေ့ရှိရပြီး ၎င်း၏အနီး မြေပြင်ပေါ်တွင် DISPOVAN IML (for single use only ) ဆေးထိုးပြွန်တစ်ချောင်းကိုလည်း သက်သေခံပစ္စည်းအဖြစ် ရဲစခန်းက သိမ်းဆီးရရှိထားခဲ့သည်။

ထို့ကြောင့် အဆိုပါ လူသေဆုံးရခြင်းသည် ဘိန်းဖြူသုံးစွဲရာမှ ဆေးရှောခ့်ဖြစ်ကာ သေဆုံးရခြင်းဖြစ်သည်ဟု ကနဦးခန့်မှန်းရသော်လည်း မှုခင်းဆေးပညာများအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက်နိုင်ရန် တမူးမြို့မရဲ စခန်းက သေမှုသေခင်းအမှတ်စဉ် ၈/၂၀၁၄ အရ အမှုရေးဖွင့်၍ သေဆုံးသူအလောင်အား တမူးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း အဆိုပါ ရဲစခန်းမှ သိရှိရသည်။

ကိုတိုးကြီး ချင်းတွင်း