Mitsubishi မော်တော်ကား ကိုးသိန်းကျော် ပြန်လည်သိမ်းဆည်း ပြင်ဆင်ရမည်



ဂျပန်နိုင်ငံ အခြေစိုက် Mitsubishi Mortor Corp သည် ၎င်းတို့ထုတ်လုပ်ထားသော မော်တော်ကား ၉၂၀,၀၀၀ ဝန်းကျင်ကို ပြန်လည် သိမ်းဆည်းပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ၎င်းတို့၏ မော်တော်ကားများတွင် မီးခလုတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ရှိနေသဖြင့် ပြန်လည်ပြင်ဆင်မှု ပြုလုပ်ရမည်ဖြစ်ကြောင်း Mitsubishi က ပြောကြားသည်။ သို့သော် အဆိုပါ ချွတ်ယွင်းချက်နှင့် ဆက်စပ်၍ မတော်တဆဖြစ်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း Mitsubishi ကဆိုသည်။ Mitsubishi သည် ဂျပန်နိုင်ငံအတွင်း ကားအစီးရေ ၇၀၃,၉၀၀ ကို ပြန်လည်သိမ်းဆည်းကာ ပြင်ဆင်မှု ပြုလုပ်မည်ဖြစ်သည်။

ထို့အပြင် သြစတြေးလျနှင့် အခြား နိုင်ငံများသို့ တင်ပို့ရောင်းချထားသည့် ကားအစီးရေ ၈၅,၀၀၀ ကိုလည်း အလားတူ ပြင်ဆင်မှု ပြုလုပ်သွားမည်ဖြစ်သည်။ Mitsubishi က ပြန်လည်သိမ်းဆည်း ပြင်ဆင်သွားမည့် ကားများမှာ ၂၀၀၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း ထုတ်လုပ်ထားသော Lancer နှင့် eK Minicar အမျိုးအစားများဖြစ်ကြောင်း သိရှိရသည်။ ယခုဖြစ်ပေါ်နေသည့် မီးခလုတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ကို ပြင်ဆင်ရန်အတွက် ကားတစ်စီးလျှင် မိနစ် ၃၀ ခန့် ကြာမြင့်နိုင်မည်ဟုလည်း Mitsubishi က ပြောကြားသည်။

Planet Myanmar Network

အစ္စလာမ္မစ် စစ်သွေးကြွများ လက်အောက် ကျရောက် သွားခဲ့သော အီရတ်နိုင်ငံ၊ မိုဆယ်မြို့မှ ပြည်သူ တစ်သိန်းခွဲခန့် ထွက်ပြေးလာရ



အီရတ်၏ ဒုတိယ အကြီးဆုံး မြို့တော် ဖြစ်သော မိုဆယ်မြို့တွင် အစ္စလာမ္မစ်စစ်သွေးကြွ များက မြို့ကို ထိန်းချုပ် နိုင်ခဲ့ ပြီးနောက် ဒေသခံ ပြည်သူပေါင်း (၁၅၀၀၀၀) ဦး မှာ မြို့မှ ထွက်ပြေးလာကြ ရကြောင်း သိရသည်။

မိုဆယ်မြို့ ကျဆုံးသွား ခြင်းကြောင့် ၀န်ကြီးချုပ် မာလီကီမှာ လွှတ်တော်အား မြို့ရှိရာ နင်နီဗာ ပြည်နယ်တွင် အရေးပေါ် အခြေ အနေ ကြေညာပေးရန် နှင့် ၎င်း အား အခြေအနေကို ကိုင်တွယ်နိုင်ရန် အတွက် အရေးပေါ် လုပ်ပိုင်ခွင့်များ ပိုမို အပ်နှင်း ပေးရန် တောင်းဆို ထားသည်။ အမေရိကန် ပြည်ထောင်စု ကလည်း မြို့ကို သိမ်းပိုက် လိုက်သော အစ္စလာမ္မစ်စ်ဝါဒီ စစ်သွေးကြွများ အဖွဲ့ Islamic State in Iraq and the Levant (ISIS) သည် အီရတ်နိုင်ငံအပြင် အရှေ့ အလယ်ပိုင်းဒေသ တစ်ခုလုံးအတွက်ပါ ခြိမ်းခြောက်မှု ဖြစ်သည်ကို ပြသလိုက်ခြင်းပင် ဖြစ်ကြောင်း ဆိုသည်။

စစ်သွေးကြွ အဖွဲ့ ISIS သည် နင်နီဗာ ပြည်နယ်တွင်း အချို့နေရာများကို လပေါင်းများစွာ ထိန်းချုပ်ထား နိုင်ခဲ့ပြီး လွန်ခဲ့သည့် ရက်သတ္တပတ် များအတွင်း ကလည်း အီရတ် မြောက်ပိုင်း နှင့် အနောက်ပိုင်းမြို့များကို တိုက်ခိုက်မှုများ လုပ်ခဲ့ကာ ပြည်သူရာနှင့် ချီ၍ သေဆုံးခဲ့ရပြီး ဖြစ်သည်။ ၎င်း အဖွဲ့သည် ငါးရက်ခန့်ကြာအောင် အသေးစား တိုက်ပွဲများ တိုက်ခဲ့ပြီးနောက် လူဦးရေ (၁ ဒသမ ၈) သန်းခန့် ရှိသော မိုဆယ်မြို့ကို ထိန်းချုပ် နိုင်ခဲ့ခြင်း ဖြစ်သည်။

ISIS အဖွဲ့သည် အီရတ်နှင့် အိမ်နီးချင်း ဆီးရီးယားနိုင်ငံ ထဲတွင်လည်း ခြေကုပ်ရယူ ထားပြီး၊ အီရတ်တွင် ရာမန်ဒီမြို့ နှင့် အနီးရှိ ဖာလူဂျာမြို့ များ ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ကုန်ပိုင်းမှစ၍ ထိန်းချုပ်ထားနိုင်ခဲ့ခြင်း ဖြစ် သည်။ ISIS အဖွဲ့ကို ၂၀၁၃ ဧပြီလတွင် စတင် တည်ထောင်ခြင်းဖြစ်ပြီး ၎င်းတို့ တပ်ဖွဲ့ ၀င်ဦးရေမှာ သုံးထောင်မှ ငါးထောင်ခန့် အတွင်း ရှိကြောင်း သိရသည်။

Messenger News Journal

မဟာသန္တိသုခကျောင်းတိုက်က သံဃာများကိုဖယ်ရှားရာတွင် အသုံးပြုရန် ရွှေစင်စကြ်ာယာဉ်များကို ငှားရမ်းလိုက်ခြင်းမဟုတ်ဟုဆို


ရန်ကုန်၊ ဇွန် ၁၁- မဟာသန္တိသုခ ကျောင်းတိုက်မှ သံဃာများကို ဖယ် ရှားရာတွင် တိုင်းသံဃမဟာနာယက အဖွဲ့ဝင်များ အသုံးပြုခဲ့သည့် ရွှေစင် စကြ်ာယာဉ်လိုင်းမှယာဉ်များသည် အငြင်းပွားမှုအတွက် အသုံးပြုရန် ငှားရမ်းလိုက်ခြင်းမဟုတ်ကြောင်း မထသ(အဝေးပြေး)တာဝန်ရှိသူများ နှင့် ယာဉ်လိုင်းတာဝန်ခံတို့က ဒီမိုက ရေစီတူဒေးသတင်းစာသို့ ပြောသည်။

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့နှင့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန် ဆရာတော်တို့အကြား ပိုင်ဆိုင်မှုအငြင်း ပွားနေသည့် တာမွေမြို့ နယ်၊ နတ် ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ရှိ ပီနန်ဆရာတော် ကြီး၏တပည့်သံဃာတော်များကို သံဃမဟာနာယကအဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ဇွန် ၁ဝရက် ည ၁၁နာရီဝန်းကျင်က ဝင်ရောက်ရှင်းလင်း ခဲ့ရာတွင် သံဃမ ဟာနာယကအဖွဲ့ဝင်သံဃာတော်များ သည် ရွှေစင်စကြ်ာယာဉ်လိုင်းမှကား များဖြင့်လာရောက်ခဲ့ခြင်းအပေါ် အစိုး ရအဖွဲ့ကို အားပေးအားမြှောက်ပြုသည့် ယာဉ်လိုင်းဖြစ်၍ မစီးနင်းကြရန် အွန် လိုင်းစာမျက်နှာများတွင် လှုံ့ဆော်နေ သည်ကို မထသ(အဝေးပြေး)နှင့် ယာဉ် လိုင်းဘက်မှ တုံ့ပြန်ရှင်းလင်းခြင်းဖြစ် ကြောင်း သိရသည်။

''ည (၈)နာရီလောက်မှာ မထ သ(ဗဟို)က သံဃာတော်တွေအသုံး ပြုရန်အတွက် ကားခြောက်စီးလောက် စီစဉ်ပေးပါလို့ ညွှန်ကြားတဲ့အတွက် ကိုယ်ခိုင်းလို့ရတဲ့ ကားဂိတ်တွေက ကားတွေကို စီစဉ်ပေးလိုက်တာ။ ဘယ် မှာ ဘာလုပ်မယ်ဆိုတာ ကြိုသိရတာ မှမဟုတ်တာ''ဟု မထသ(အဝေးပြေး) မှ တာဝန်ခံဦးမျိုးဝင်းက ပြောသည်။

ယာဉ်လိုင်းများအနေဖြင့် ယာဉ် လိုင်းစတင်ဆွဲခွင့်တောင်းခံစဉ်အချိန် ကတည်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားလာပါက လိုက်ပါဆောင်ရွက်ပေးရမည်ဟု ကတိ ပြုထားရသည့်အတွက် မထသမှခေါ် ယူရာတွင် ရွှေစင် စကြ်ာယာဉ်လိုင်း မှ ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဦးမျိုးဝင်းက ပြောသည်။

''ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့က မထသ(ဗဟို)ကို ညွှန်ကြား လို့ ဗဟိုကခိုင်းတာပါ။ ဒီလိုကိစ္စမျိုး ဆိုရင် ယာဉ်လိုင်းကလဲ ဘယ်လိုက် မှာလဲ။ အခု သူတို့ယာဉ်လိုင်းကို မစီး ဖို့ အွန်လိုင်းပေါ်မှာလှုံ့ဆော်နေတာ က မဖြစ်သင့်ပါဘူး။ ဒီယာဉ်လိုင်း က ဆီးဂိမ်းလိုပွဲမျိုးမှာလဲ ယာဉ်တွေ ကို အလကားပေးသုံးထားတဲ့ ယာဉ် လိုင်းပါ''ဟု ဦးမျိုးဝင်းက ရှင်းပြသည်။

အဆိုပါယာဉ်လိုင်းသည် မဟာ သန္တိသုခကျောင်းတိုက်မှ သံဃာ များကိုဖယ်ရှားမည့် မဟနအဖွဲ့ဝင် သံ ဃာများအတွက် အကူအညီပေးခဲ့သည် ဟုဆိုကာ အွန်လိုင်းစာမျက်နှာများ တွင် မြန်မာနိုင်ငံအနှံ့ပြေးဆွဲနေသည့် ရွှေစင်စကြ်ာယာဉ်လိုင်းကို မစီးနင်း ကြရန် လူတချို့က လှုံ့ဆော်မှုများရှိ နေကြောင်း သိရသည်။

ရွှေစင်စကြ်ာယာဉ်လိုင်း တာဝန် ခံက ''ဒီလိုကိစ္စဆိုရင် ကားတွေကို ဘယ်လိုလုပ်ကူညီမလဲ။ ရန်ကုန်မြို့ တွင်းအသုံးပြုဖို့ ဆိုပြီး တောင်း လို့ ထည့်ပေးလိုက်တာပါ။ အခု အွန်လိုင်း တွေမှာလှုံ့ဆော်နေသလို စပွန်ဆာပေး ခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။ ဒါကို မထသက ရှင်းပါလိမ့်မယ်''ဟု ပြောသည်။

ဇွန် ၁ဝရက်ညပိုင်းက ဖြစ်ပေါ် ခဲ့သည့် မဟာသန္တိသုခကျောင်းတိုက် ဖြစ်စဉ်သည် ပြီးခဲ့သည့် နှစ်ကတည်းက ဖြစ်ပွားနေသည့် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော် အကြားမှ ကျောင်းတိုက်ပိုင်ဆိုင်ရေး ဆိုင်ရာအငြင်းပွားမှုဖြစ်ပြီး ယင်း ကျောင်းတိုက်မှ ပီနန်ဆရာတော်နှင့် အပေါင်းအပါများထွက်ခွာပေးရန်ဆို သည့် နှင်ထုတ်စာကို သံဃမဟာနာ ယကအဖွဲ့က မတ် ၃၁ရက် နောက်ဆုံး နေ့စွဲဖြင့်ပို့ထားခဲ့ကြောင်း သိရသည်။

ယင်းကျောင်းတိုက်ကြီး ပိုင်ဆိုင် မှုနှင့်ပတ်သက်ပြီး သာသနာရေးဝန် ကြီးဌာနနှင့် နိုင်ငံတော်သံဃမဟာနာ ယကအဖွဲ့က ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောကြားထားပြီး ပီနန်ဆရာတော်ဘက် က သတင်းစာရှင်းလင်းပွဲများပြုလုပ်
ပြီး ဂရန်စာရွက်များနှင့် တကွ သူပိုင်ဆိုင် သည့် ကျောင်းတိုက်ဖြစ်ကြောင်း ထုတ် ဖော်ပြောကြားထားသည်။
K Z Y
[--Democracy today Daily Newspaper--]
#Democracytoday

Yangon Media Group

ဒေါ်စုကို သမ္မတ မဖြစ်စေလိုသဖြင့် အခြေခံဥပဒေမပြင်ရန် ရခိုင်တွင်ဆန္ဒပြ


အခြေခံဥပဒေ ပြင်ဆင်ပါက ပုဒ်မ ၅၉(စ)လုံးကို ပြင်ဆင်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်
သမ္မတ ဖြစ်မည်ကို စိုးရိမ်သဖြင့် ဆန္ဒထုတ်မှုတစ်ရပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇွန် ၁၂ ရက်က ပြုလုပ်ခဲ့သည်။အဆိုပါဆန္ဒထုတ်ဖော်ပွဲကို အာရကန် မောင်လှ(ခေါ်) ဦးအောင်သန်းနုက ဦးဆောင်ကာ လူအင်အား တစ်ထောင်ကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
“အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနေတာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ အတွက် လိုအပ်တဲ့ ပုဒ်မတွေကို ပြင်နိုင်ဖို့ ဦးတည်နေတာဖြစ်တယ်။ သူသမ္မတ ဖြစ်ရင် ကျွန်တော်တို့ ရခိုင်ပြည်နယ် အတွက် ဆိုးကျိုးတွေပဲ ဖြစ်လာမယ်။ ဒါကြောင့် သမ္မတ ဦးသိန်းစိန်ကို ထောက်ခံတဲ့ပွဲလည်းဖြစ်ပါတယ်" ဟု အာရကန် မောင်လှကပြောသည်။

ထို ဆန္ဒထုတ်ဖော်ပွဲတွင် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားသော ပုဒ်မ ၅၉(စ)နှင့် အခြေခံဥပဒေပြင်ဆင်ရေးအတွက် အဓိက ဦးစားပေးပြင်ဆင်ရမည့် ပုဒ်မ ၄၃၆ ကို တည်ရှိရန်လိုအပ်ကြောင်း ထောက်ခံခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို စည်းကမ်းထိမ်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့နှင့် ရခိုင်လူမှုကွန်ရက် အဖွဲ့တို့က ကန့်ကွက်စာထုတ်ပြန်ခဲ့ပြီး ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်အမျိုးသမီးကွန်ရက်၊ ရခိုင်အမျိုးသမီးအစည်းအရုံးစသည့် ရခိုင်ပြည်နယ်ရှိ အဖွဲ့အစည်းများကလည်း ထိုဆန္ဒထုတ်ဖော်ပွဲကို ထောက်ခံခြင်း မပြု ဟုဆိုသည်။

Mizzima - News in Burmese

ထားဝယ်-ထီးခီးတွင် ၇ ရက် နိုင်ငံကူးလက်မှတ် ထိုင်းဘက်က ယာယီရပ်ဆိုင်း


တနင်္သာရီတိုင်းနဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖွင့်လှစ်ထားတဲ့ ထီးခီး-ဆူနာရွန်နယ်စပ်ဂိတ်

ထားဝယ်-ထီးခီးနယ်စပ်မှာ ၇ ရက် နိုင်ငံကူး လက်မှတ်ကို ထိုင်းနိုင်ငံဘက်က ယာယီ ရပ်ဆိုင်းတယ်လို့ ကေအန်ယူတပ်မဟာ ၄ နယ်မြေ နယ်စပ်သတင်းရပ်ကွက်အရသိရပါတယ်။
တနင်္သာရီတိုင်းနဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖွင့်လှစ်ထားတဲ့ ထီးခီး-ဆူနာရွန်နယ်စပ်ဂိတ်ကို ထိုင်းနိုင်ငံဘက်က လွန်ခဲ့တဲ့ ၂ ရက်ခန့်ကတည်းက ပိတ်ခဲ့တယ်လို့ ကေအန်ယူတပ်မဟာ ၄ ဘိတ်-ထားဝယ်ခရိုင်က လူမှုအကျိုးဆောင် ကိုနေမျိုးသွင်က ဒီဗွီဘီကို ပြောပါတယ်။

ကေအန်ယူ ဗိုလ်မှူးကြီးတဦးထံက တဆင့် ကြားသိရကြောင်းနဲ့ ဒီကနေ့မှာတော့ လူသွားလူလာ မရှိသလောက် ပြတ်တောက်သွားတယ်လို့ ဆိုပါတယ်။

မြန်မာဘက်ခြမ်းက မပိတ်ပေမယ့် လူသွားလူလာမရှိသလောက်ဖြစ်နေပြီး ဘာကြောင့်ပိတ်တယ် ဆိုတာ သဲသဲကွဲကွဲ မသိရသေးဘူးလို့ ဆိုပါတယ်။

လာမယ့် ဇွန်လ ၁၄ ရက်နေ့မှာတော့ ထီးခီးနယ်စပ်မှာ မြန်မာဘက်က နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်ပွဲရှိပြီး တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်မယ်လို့ ကိုနေမျိုးသွင်က ပြောပါတယ်။

DVB Burmese

ရိုးရိုးလေးမှန်လုံယာဉ် လမ်းကူးသူနှစ်ဦးကိုတိုက်မိယာဉ်မောင်းထွက်ပြေး တိမ်းရှောင်၍ အမှုဖွင့်ထား



မင်းစစ်သူ၊ ပဲခူး၊ ဇွန်-၁၁

ဇွန် ၈ ရက် ည ၁၁ နာရီခွဲခန့်ကပဲခူးမြို့နယ် ဥဿ မြို့သစ် ရပ်ကွက်ကြီး (၉)
နယ်မြေ ရန်ကုန်-မန္တလေးလမ်းဟောင်းမိုင်တိုင်အမှတ် ၄၃/၃ တွင် ကိုစောဝင်း
နိုင်(၃၈)နှစ်၊ ကိုသာထူး(၃၂)နှစ်တို့ နှစ်ဦးသည်ကားလမ်းမကြီး၏ အရှေ့ခြမ်းမှ
အနောက်ခြမ်းသို့ လမ်းကူးဖြတ်စဉ် ရန်ကုန်ဘက်မှပဲခူးဘက်သို့မောင်းနှင်လာ
သည့် မှန်လုံခရီးသည်တင် အပြာရောင်(ရိုးရိုးလေး)ယာဉ်အမှတ် YGN 8G/9062
ယာဉ်မှ တိုက်မိမှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်း (စုံစမ်းဆဲ)မှာထွက်ပြေးတိမ်းရှောင်
သွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် စောဝင်းနိုင် (ပန်းတနော်)မြို့နယ်မှဝဲမျက်လုံး ၊နား ပေါက်ပြဲ
သွေးထွက်ဒဏ်ရာ၊ ၀ဲမျက်စိအောက်ပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ သာထူး
(ပန်းတနော်မြို့နယ်)မှာဝဲဘက်နောက်စေ့ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သည်။
ယာဉ်အမှတ် YGN 8G/9062 ရိုးရိုးလေးခရီးသည်တင်မှန်လုံယာဉ်၏ ၀ဲဘက်ရှေ့မျက်နှာခြမ်း အချက်ပြမီးကြီးတစ်လုံးနှင့်မီးအသေးနှစ်လုံး၊ ရှေ့
ဘန်ဘာ အပေါ်ဘက် အလှဆင်မှန်ကြေမွပျက်စီးမှုရှိခဲ့ပြီး ထွက်ပြေးတိမ်းရှောင် သွားသော ယာဉ်မောင်းအား အမြန်ဆုံးဖမ်းဆီးရမိရေးအမှုစစ်ဒုရဲအုပ်လှဝေက
ပဲခူး အမှတ်(၃)နယ်မြေရဲစခန်းမှ ယာဉ် (ပ)၃၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၂၀၂
အရ အမှုဖွင့်အရေးယူထားသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်စက်ဝယ်ယူမှုဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်သော သတင်းဖော်ပြမှုအတွက် Eleven Media Group အနေဖြင့် ညှိနှိုင်းဆောင်ရွက်ရန် အကြောင်းမရှိကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)သို့ အကြောင်းပြန်ကြား



ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်စက်ဝယ်ယူမှုဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်ပြီး သတင်းဖော်မှုအတွက် Eleven Media Group အနေဖြင့် ညှိနှိုင်းဆောင်ရွက်ရန် မရှိကြောင်း မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ)သို့ အကြောင်းအကြောင်းပြန်ခဲ့သည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) က ဇွန် ၉ ရက် ရက်စွဲဖြင့် Eleven Media Group သို့ပေးပို့ခဲ့သော အကြောင်းကြားစာတွင်“၂ဝ၁၄ ခုနှစ် ဇွန် ၂ ရက်ထုတ် Weekly Eleven သတင်းဂျာနယ်ပါ “အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေက နိုင်ငံပိုင်မီဒီယာများကို သွယ်ဝိုက်သောအားဖြင့် ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှုပြုလုပ်ရန် ခွင့်ပြုနေသလား” ဟူသော မျက်နှာဖုံးသတင်း၊ အတွင်းစာသားပါ ဖော်ပြချက်သည် ပြန်ကြားရေးဝန်ကြီးဌာန နှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်းနှင့် ယင်းအတွက် ရေးသားချက်များကို သက်ဆိုင်ရာဂျာနယ်မှ ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရန် တင်ပြပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ကိုယ်စား ဦးဝင်းဇော်ဌေး (ညွှန်ကြားရေးမှူး-စီမံ) က အကြောင်းကြားစာ ပေးပို့လာပါသည်”ဟုဖော်ပြခဲ့သည်။ ထို့ပြင် ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းရန်အတွက် စာနယ်ဇင်းကောင်စီ (ယာယီ) ထံသို့ ကြွရောက်ပေးရန် မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။

စာနယ်ဇင်းကောင်စီ (ယာယီ) က ပေးပို့လာသောစာကို Eleven Media Group က အကြောင်းပြန်ကြားခဲ့ပြီး ထိုစာတွင်-

(၁) စာနယ်ဇင်းကောင်စီ (ယာယီ) ၏ အကြောင်းကြားစာပေးပို့မှုမှာ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းခဲ့သည့် အကြောင်းအရာကို The Daily Eleven သတင်းစာက တုံ့ပြန်ရေးသားပြီးနောက် အချိန်တစ်ရက်ခြားကာ အလျင်အမြန်ရောက်ရှိလာခြင်း ဖြစ်သည်။ ယခင်ဖြစ်ပွားခဲ့သည့် မီဒီယာအငြင်းပွားမှုဆိုင်ရာ ကိစ္စရပ်များမှာပင် စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ကိုင်တွယ်ဆောင်ရွက်မှုမှာ ယခုကိစ္စကဲ့သို့ အလျင်စလို ဆောင်ရွက်ခြင်းမရှိခဲ့သဖြင့် ပေးပို့လာသော အကြောင်းကြားစာနှင့်ပတ်သက်၍ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့၏ ဆက်ဆံရေးကို မိမိတို့အနေဖြင့် သံသယရှိကြောင်း ဝမ်းနည်းစွာဖြင့် ယူဆပါသည်။

(၂) Weekly Eleven သတင်းဂျာနယ်ပါ သတင်းနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး နောက်တစ်နေ့ထုတ် The Daily Eleven သတင်းစာ၌ ဖော်ပြခဲ့သောသတင်းတွင်ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်စက်ဝယ်ယူမှုများ၌ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှုဖြစ်စေသော ကွဲလွဲမှုများကို အချက်အလက်များဖြင့် ထပ်မံဖော်ပြခဲ့ပြီး ဖြစ်သည်။ ထို့အပြင် လာဘ်ပေးလာဘ်ယူမှုကော်မရှင်ထံသို့လည်း ဇွန် ၉ ရက် ရက်စွဲ၊ စာအမှတ် ၁ဝ၇/Admin/ ၂ဝ၁၄ ဖြင့် “ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်စက်ဝယ်ယူမှုများတွင် နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာမှု ရှိမရှိ စုံစမ်းစစ်ဆေးပေးပါရန်” မိမိတို့ က တိုင်ကြားစာပေးပို့ထားပြီး ဖြစ်သည်။

(၃) ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်စက်ဝယ်ယူမှုများတွင် ပြည်သူ့ဘဏ္ဍာငွေ နစ်နာစေသော အထောက်အထားများ မိမိတို့ထံတွင် အခိုင်အမာရှိထားပြီးဖြစ်ပါသဖြင့် စာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့် အမှန်တရားဘက်မှ ရပ်တည်ရန်လိုအပ်ကြောင်း အကြံပြုလိုသည်။

(၄) ထို့ပြင် စာနယ်ဇင်းကောင်စီ (ယာယီ) ၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေနှင့် အခြားကောင်စီဝင်အချို့သည် The Voice Daily က ဝယ်ယူခဲ့သော ပုံနှိပ်စက်မှာ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝယ်ယူခဲ့သည့် ပုံနှိပ်စက်ကဲ့သို့ Web Offest ဖြစ်ခြင်းကြောင့် ထိုပုံနှိပ်စက် ဝယ်ယူမှုဈေးနှုန်းများနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝယ်ယူခဲ့သော ပုံနှိပ်စက်ဈေးနှုန်းများကို နှိုင်းယှဉ်ချိန်ဆနိုင်ပါသည်။

(၅) သို့ဖြစ်ပါ၍ စာနယ်ဇင်းကောင်စီ (ယာယီ)မှတစ်ဆင့် ပြန်ကြားရေးဝန်ကြီးဌာန က တောင်းဆိုခဲ့သော “သက်ဆိုင်ရာဂျာနယ်မှ ပြင်ဆင်နိုင်ရေးအတွက်”ဆိုသည့် အချက်အပေါ် လုံးဝ (လုံးဝ) ပြင်ဆင်ပေးမည်မဟုတ်ကြောင်းနှင့် စာနယ်ဇင်းကောင်စီ (ယာယီ)နှင့်လည်း ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန် အကြောင်းမရှိကြောင်း ပြန်ကြားအပ်ပါသည် ... အစရှိသဖြင့် ဖော်ပြပါရှိခဲ့သည်။

“ပြန်ကြားရေးက Orient အမျိုးအစား ပုံနှိပ်စက်တွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ဝယ်နေခဲ့တာပါ။ အခုသူတို့ ဝယ်ယူခဲ့တဲ့ အိန္ဒိယကုမ္ပဏီ The Printers House(P) Ltd. က ကျွန်တော်တို့ဆီကိုလည်း စက်တွေဝယ်ဖို့လာပြီး ကမ်းလှမ်းဖူးပါတယ်။ ဒါကြောင့် ပြန်ကြားရေးကဝယ်ယူတဲ့ ပုံနှိပ်စက်တွေရဲ့ ဈေးနှုန်း ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ အခုသူတို့ ဒေါ်လာခုနစ်သိန်းနဲ့ ဝယ်ထားတယ်ဆိုတဲ့ Orient အမျိုးအစား 4 Hi Tower 4 Unit စက်ဟာ သာမန်ပေါက်ဈေးထက် နှစ်ဆ သုံးဆများနေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ရရှိထားတဲ့ အချက်အလက်တွေအပြင် တခြားအချက်အလက်တွေ အသေးစိတ်ရနိုင်ဖို့ စုံစမ်းမှုတွေလုပ်နေပါတယ်။ အိန္ဒိယမှာရှိနေတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ၊ သတင်းမီဒီယာတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရရှိတဲ့ အချက်အလက်တွေကို လိုအပ်တဲ့အချိန်မှာ အများပြည်သူကို ချပြသွားဖို့ရှိပါတယ်”ဟု Eleven Media Group ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာသိန်းမြင့် က ပြောကြားသည်။

ဇွန် ၉ ရက် ရက်စွဲ၊ စာအမှတ် ၁ဝ၇/ Admin/၂ဝ၁၄ ဖြင့် လာဘ်ပေးလာဘ်ယူမှု ကော်မရှင်ထံသို့ Eleven Media Group က ပေးပို့ခဲ့သောတိုင်ကြားစာတွင် ပြန်ကြားရေးဝန်ကြီးဌာနက ဝယ်ယူခဲ့သော ပုံနှိပ်စက်ဝယ်ယူမှုများ၌ ဈေးနှုန်းအဆမတန်ကွာဟမှုများ ရှိနေပြီး နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာမှုများဖြစ်ပေါ်နေကြောင်းနှင့် အဆိုပါကိစ္စရပ်ကို အများပြည်သူရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာဖြင့် လိုအပ်သလိုစုံစမ်းစစ်ဆေး အရေးယူပေးရန် တိုင်ကြားခဲ့သည်။

လာဘ်ပေးလာဘ်ယူပပျောက်ရေးကော်မရှင်အနေဖြင့် လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများနှင့် ပတ်သက်သော တိုင်ကြားစာများကို မကြာမီက ပြဌာန်းထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရမည် ဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အခန်း (၁) ပုဒ်မ ၃ (ဂ) အရ လာဘ်ပေး၊ လာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာခြင်းဆိုသည်မှာ ရာထူးဆိုင်ရာ လုပ်ပိုင်ခွင့်တာဝန်များ ကျင့်သုံးဆောင်ရွက်ရာမှ လာဘ်ပေးလာဘ်ယူမှုဖြင့် ငွေးကြေးနှင့်ပစ္စည်းများ တိုးပွားရရှိလာခြင်းကြောင့်သော်လည်ကောင်း၊ ပေးရန် တာဝန်များ လျှော့ချခြင်းကြောင့်သော်လည်းကောင်း၊ ငွေကြေးနှင့်ပစ္စည်းများကို မတရားရယူခြင်းကြောင့်သော်လည်ကောင်း ကြွယ်ဝချမ်းသာလာခြင်းကိုဆိုလိုကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ ဥပဒေအခန်း (၉) ပုဒ်မ (၅၁)၌ လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာလာမှုကြောင့် ရရှိသည့်ငွေကြေးနှင့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခေါင်းစဉ်အောက်၌ ပုဒ်မ (၅၂) အရ ကော်မရှင်၏ တာဝန်ပေးချက်အရ ပဏာမစိစစ်ရေးအဖွဲ့သည် ဤဥပဒေနှင့်အညီ လိုအပ်သောသက်သေခံအချက်များရယူပြီး အဆိုပါငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် သင့်၊ မသင့်သဘောထားမှတ်ချက်ဖြင့် စိစစ်တွေ့ရှိချက် အစီရင်ခံစာကို ကော်မရှင်သို့ တင်ပြရမည်ဟု ဖော်ပြပါရှိသည်။

ထို့အပြင် ကော်မရှင်သည် ပဏာမစစ်ဆေးရေအဖွဲ့ တင်ပြခဲ့သည့် စိစစ်တွေ့ရှိချက် အစီရင်ခံစာကိုစိစစ်ပြီး အဆိုပါငွေကြေးနှင့် ပစ္စည်းများသည် ပုဒ်မ (၅၃ က) အရ လာဘ်ပေး၊ လာဘ်ယူမှုဖြင့် ရရှိသောငွေကြေးနှင့် ပစ္စည်းများဖြစ်ကြောင်း သက်သေထင်ရှားပေါ်ပေါက်လျှင် အဆိုပါငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့်အမိန့် ချမှတ်ရမည်ဟူ၍ ဖြစ်သည်။

အဆိုပါဥပဒေ၏ အခန်း (၁ဝ) ၌လည်း လာဘ်ပေးလာဘ်ယူ၏ ပြစ်မှုနှင့် ပြစ်ဒဏ်အကြောင်းပါရှိပြီး ပုဒ်မ (၅၅) အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမည်သူ မဆို လာဘ်ပေး၊ လာဘ်ယူမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ဆက်လက်၍ ပုဒ်မ (၅၆) အရ နိုင်ငံရေးရာထူးလက်ရှိသူဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ မည်သူမဆို လာဘ်ပေး လာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁ဝ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း သိရသည်။ ပုဒ်မ (၆၁) တွင် မည်သည့်လုပ်ပိုင်ခွင့်အာဏာရှိသူမဆို ဤဥပဒေအရ ကော်မရှင်က သတ်မှတ်သည့် အချိန်ကာလအတွင်း ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်ဆိုင်ရာအထောက်အထားများကို တင်ပြရန် တမင်ပျက်ကွက်ကြောင်း (သို့မဟုတ်) ယင်းအထောက်အထားများကို မမှန်မကန်တင်ပြကြောင်း (သို့မဟုတ်) အချက်အလက်များကို ထိမ်ချန်ကြောင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငါးနှစ်ထက်မပိုရသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

လာဘ်ပေးလာဘ်ယူမှုနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာမှုနှင့်စပ်လျဉ်း၍ဖြစ်စေ ခိုင်လုံသော အထောက်အထားဖြင့် သတင်းပေးသည့်အတွက် ဖော်ထုတ်အရေးယူနိုင်သည့် ကိစ္စတွင် သတင်းပေးသူအား လိုအပ်သော အကာအကွယ်ပေးခြင်းနှင့် သတ်မှတ်သော ဆုငွေချီးမြှင့်ခြင်းကို ကော်မရှင်၏ လုပ်ပိုင်ခွင့်များထဲတွင် ထည့်သွင်းထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၇ (ဈ) တွင် ပြဌာန်းထားသည်ကို တွေ့ရသည်။

ထို့ပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် လာဘ်ပေးလာဘ်ယူမှုဆိုင်ရာ တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ ကာလစည်းကမ်းကို ကန့်သတ်ထားခြင်းမရှိသဖြင့် အချိန်မရွေး တရားစွဲဆိုနိုင်သည်ကို တွေ့ရသည်။ထို့ကြောင့် အစိုးရအဖွဲ့ပြောင်းလဲသွားသော်လည်း နောက်အစိုးရများလက်ထက်တွင် ယခင်အစိုးရလက်ထက်မှ လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်ခဲ့ပါက အရေးယူနိုင်သေးသည်ကိုလည်း တွေ့ရသည်။

ထို့အတူ အများနှင့်သက်ဆိုင်သည့်ပစ္စည်းများကို ခိုးခြင်း၊ အလွဲသုံးစားပြုခြင်း၊ လိမ်လည်ခြင်းတို့ ပြုလုပ်ပါက အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေအရ အရေးယူခံရနိုင်ကြောင်း သိရသည်။

အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၃ အရ အများနှင့်သက်ဆိုင်သည့် ပစ္စည်းများကို ခိုးခြင်း၊ အလွဲသုံးစားပြုခြင်း၊ လိမ်လည်ခြင်းတို့ ပြုလုပ်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁ဝ နှစ်ထက် မနည်းသည့် ထောင်ဒဏ်ဖြစ်စေ၊ ထို့ပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်ကြောင်း သိရသည်။

 Eleven Media Group

ညံ့ဖျင်းသော ဘ၀နေထိုင်မှုပုံစံကြောင့် ဆယ်ကျော်သက်ဆီးချိုဝေဒနာရှင်များ ထိခိုက်



ဆီးချိုရောဂါရှိနေသည်ဟုသိရှိပြီး နောက်ပိုင်းနှစ်များတွင် ယင်းရောဂါကို ထိန်းချုပ်ရေးလူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာဖိအားများနှင့် ရုန်းကန်နေရသော ဆယ်ကျော်သက်များမှာ ရောဂါထိန်းချုပ်ရေး ပိုမိုညံ့ဖျင်းလာသည်ဟု အမေရိကန်လေ့လာမှုအသစ် တစ်ရပ်က ဖော်ပြသည်။

အရည်အသွေးညံ့ဖျင်းသော  ဘ၀ကို  ပိုင်ဆိုင်သည့် ဆယ်ကျော်သက်များမှာ AIC ဟုခေါ်သော ဟီမိုဂလိုဘင်ပမာဏ မြင့်တက်မှု ပိုမိုများပြားနိုင်သည်ဟု သုတေသီများက ပြောကြားသည်။

 ယင်းမှာ သွေးအတွင်း သကြားဓာတ်စုဝေးလာခြင်းနှင့်ဆီးချိုရောဂါထိန်းချုပ်မှု ညံ့ဖျင်းခြင်းကို ပြသခြင်းလည်းဖြစ်သည်။

‘‘ကြိုတင်ကာကွယ်ရေးဘက်က ကြည့်ပြီး ကျွန်တော်တို့ကြားဝင် ကိုင်တွယ်ဖို့ လိုအပ်ပါတယ်’’ ဟု ကယ်လီဖိုးနီးယား တက္ကသိုလ်မှ စိတ်ပညာရှင် ကိုရီဟုဒ်က ပြောကြားသည်။ ၎င်းတို့အနေဖြင့် စိတ်ပိုင်းဆိုင်ရာ ကိစ္စများအပေါ် စနစ်တကျလေ့လာတိုင်းတာရန် လိုအပ်သည်ဟု ယခု လေ့လာမှုကို ဦးဆောင်ခဲ့သူ ကိုရီဟုဒ်က ပြောသည်။

စိတ်ဖိစီးမှုများနေသော လူငယ်များမှာ မိမိကိုယ်ကို ဂရုစိုက်ရန် အားနည်းနိုင်ကြောင်းနှင့် ယင်းအတွက် AIC ပမာဏများခြင်းဖြစ်နိုင် သည်ဟု ရိုချက်စတာ တက္ကသိုလ်ဆေးပညာဌာနမှ စိတ်ရောဂါကုဆရာဝန် မိုက်ကယ်ရှက်ဖ်ကလည်း ပြောကြားသည်။

ယင်းပြဿနာကို စောစီးစွာ သိရှိကိုင်တွယ်ခြင်းဖြင့် ဆီးချိုရောဂါ ပိုမိုဆိုးရွားလာခြင်းမှ ကာကွယ်ရန်ဖြစ်နိုင်ကြောင်း ရှက်ဖ်က ပြောကြားသည်။

လူငယ်များတွင် ဆီးချိုရောဂါ အမျိုးအစား (၁) မှာ အများဆုံးဖြစ် ပွားလေ့ရှိသည်။ ထုံးစံအားဖြင့် ယင်းရောဂါကို ကလေးအရွယ်နှင့် ဆယ်ကျော်သက်အရွယ်များတွင် ဖြစ်ပွားသည်ကို စတင်တွေ့ရလေ့ရှိသည်။

—Ref: Internet
7day daily

စည်းကမ်းမဲ့ယာဉ်များဖမ်းဆီးရေးတာဝန်ဆောင်ရွက်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အား ဓါးဖြင့်ခုတ်ကာ သိမ်းဆည်းခဲ့သည့် ဆိုင်ကယ်အား ပြန်လည်လုယူသွားသူကို စုံစမ်းဖမ်းဆီးအရေးယူ


ရန်ကုန်၊ ဇွန် ၁၂ ၉.၆.၂၀၁၄ ရက်နေ့ ၁၀၃၀ အချိန်တွင် ယာဉ်ထိန်းတပ်ဖွဲ့စု(၃၈)မှ ရဲအုပ်နေလင်းထွန်းပါတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ကညနမှတာဝန်ရှိသူများနှင့်အတူ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၅)ရပ်ကွက်၊ ပင်လုံလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့်၌ စည်ကမ်းမဲ့ယာဉ်များဖမ်းဆီးရေး တာဝန်ဆောင်ရွက်နေစဉ် ပေါ်တက်(ခ)ကိုအောင်ဆိုသူမှ နံပါတ်မပါ JLM-125အနက်ရောင် ဆိုင်ကယ်အား စီးနင်းလာသည် ကိုတွေ့ရှိသဖြင့် တားဆီးစစ်ဆေးခဲ့ရာ မှတ်ပုံတင်ထားခြင်းမရှိသော လိုင်စင်မဲ့ဆိုင်ကယ်ဖြစ်ကြောင်းသိရှိရ၍ သိမ်းဆည်းခဲ့သည်ကို ၎င်းမှ မကျေမနပ်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များတာဝန်ဆောင်ရွက်နေသည့် နေရာသို့ ဓါးရှည်ကိုင်၍ ထပ်မံရောက်ရှိလာကာ ရဲအုပ်နေလင်းထွန်း အား ဓါးဖြင့်ခုတ်ခဲ့သဖြင့် ၀ဲချိုင်းအောက် တွင်(၃)လက်မခန့်ပြတ်ရှ ဒဏ်ရာရရှိခဲ့ပြီး သိမ်းဆည်းထားသည့်ဆိုင်ကယ်အား ပြန်လည်ရ ယူ၍ မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ထိန်းတပ်ဖွဲ့စု(၃၈)တပ်ဖွဲ့စုမှူးမှ အရေးယူပေးပါရန် တိုင်တန်းခဲ့သဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မ ရဲစခန်း (ပ)၃၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၃ ဖြင့် အမှုဖွင့်ကာ ပေါ်တက်(ခ)ကိုအောင်၊ (၄၂)နှစ်၊ (ဘ)ဦးသောင်းအေး၊ (၃၂)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နေသူအား ဖမ်းဆီးရမိရေးဆောင်ရွက် ခဲ့ပါသည်။ ၎င်းအားဖမ်းဆီးရမိရေးအတွက် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ ပေါ်တက်(ခ)ကိုအောင်သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၂) ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်းသိရှိရသဖြင့် သွားရောက် ရှာဖွေရာ ၎င်းမှာထွက်ပြေးတိမ်းရှောင်နေပြီး ၎င်း၏ သမီးဖြစ်သူ နေထိုင်သော ရွှေပြည်သာမြို့နယ်၊(၂၅)ရပ်ကွက်၊အပိုင်း(၆)ရှိနေအိမ် သို့ ရောက်ရှိနေကြာင်း စုံစမ်းသိရှိရသဖြင့် ရွှေပြည်သာမြို့နယ်၊ လှော်ကား နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဖမ်းဆီးခဲ့ရာ ၁၀.၆.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိပါသည်။ ပေါ်တက်(ခ)ကိုအောင်အားဖမ်းဆီးရမိစဉ်က ၎င်း၏ခါးကြားမှ အရိုးအသွား(၁၀)လက်မခန့်ရှိ သုံးမြှောင့် စကေဘာ(၁)ချောင်းအား တွေ့ရှိသိမ်းဆည်းရမိသဖြင့် လှော်ကားနယ်မြေရဲစခန်း(ပ)၁၆၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၁၉(င) ဖြင့်လည်းကောင်း၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များထံမှ ပြန်လည်ရယူသွားသည့် မှတ်ပုံတင်ထားခြင်းမရှိသော လိုင်စင်မဲ့ JLM-125 အနက်ရောင် ဆိုင်ကယ်အားပြန်လည်သိမ်းဆည်း ရမိသဖြင့် လှော်ကားနယ်မြေရဲစခန်း(ပ)၁၆၂/၂၀၁၄၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ-၈ ဖြင့်လည်းကေင်း ထပ်မံအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်

သန်းခေါင်မှာ လကို ထပစ်တဲ့ အမေရိကန် အမျိုးသား တစ်ဦး




အမေရိကန် ပြည်ထောင်စု၊ အရီဇိုးနား ပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသား တစ်ဦး ဖြစ်ပါတယ်။ ည သန်းခေါင် အိပ်ရာက ထပြီး လကို တည့်တည့် ချိန်လို့ သေနတ်နဲ့ အဆက်မပြတ် ပစ်ခတ် ပါတော့တယ်။


လန့်နိုးသွားတဲ့ သူ့ အမျိုးသမီးက ကြောက်အားလန့်အားနဲ့ ရဲကို ဖုန်းဆက် အကြောင်းကြား ပါတော့တယ်။ ပတ်ဝန်းကျင် အိမ်များမှာ နေထိုင်သူ များလည်း ကြောက်လှန့် သွားကြ ပါတယ်။ အသက် ၃၉ နှစ်ရှိပြီ ဖြစ်တဲ့ အမျိုးသား ဖြစ်ပါတယ်။ ရဲများရဲ့ စစ်ဆေးချက် အရ သူဟာ လကို ထိမှန်ရန် ပစ်လိုတဲ့ ဆန္ဒရှိကြောင်း ဖြေကြား ပါတယ်။ ယင်းဖြစ်ရပ် မတိုင်မှီ သူဟာ မူးယစ် ဆေးဝါး အသုံးပြုခဲ့တာကိုလည်း တွေ့ရှိခဲ့ ပါတယ်။

ဒါကြောင်းမို့ ဆေးကြောင့် အာရုံထွေပြားပြီး အသိမဲ့ လုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ယင်းဖြစ်ရပ်ဟာ အခြားလူ အသက်အန္တရာယ်ကို မထိခိုက် ခဲ့ပေမယ့် မူးယစ်ဆေးကြောင့် အပြစ်မဲ့ လူများ သေဆုံးရတဲ့ ဖြစ်ရပ် များစွာ ရှိနေကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)

လူတဦးက တိုင်ကြားတာနှင့် တပ်မတော်သားကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းနိုင်


လူတဦးတယောက်က တိုင်ကြားတာနဲ့ တပ်မတော်သားကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းနိုင်တယ် ဆိုတဲ့အစား လူ ၁၀ဦးလောက်က သက်သေအနေနဲ့ တိုင်မှ ရုပ်သိမ်းခွင့်ပြုသင့်ကြောင်း ဖြည့်စွက်ပေးဖို့ ဇွန်လ ၁၂ရက်က ကျင်းပပြုလုပ်တဲ့ အမျိုးသားလွှတ်တော်မှာ တင်ပြဆွေးနွေး ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး တပ်မတော်သားကိုယ်စားလှယ်တဦးက အခုလို ဆွေးနွေးခဲ့တာလို့ မကွေးတိုင်းအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒုတိယအကြိမ် ကျင်းပတဲ့ လွှတ်တော်ကတည်းက တင်ထားတာဖြစ်ပြီး ဒီတကြိမ်လွှတ်တော်မှာတော့ အတည်ပြုနိုင်ဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တချို့ကို တိုင်ကြားထားတာတွေရှိလို့ လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းခြင်း ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း တိုက်တွန်းထားပါတယ်။


DVB Burmese

ပီမှ အာ ကြစေချင်သည်


- ဇာဂနာ

တကယ်တော့ သည်ဇာတ်လမ်း၏ အစမှာ ၂၀၁၂ ဖေဖော်ဝါရီလ ၁၅ရက်နေ့ဖြစ်သည်။ အမေရိကားသို့ ကျွန်တော် ခေတ္တ ရောက်နေချိန်မှာ ဆန်ဖရန် စစ်စကိုမြို့ အနီးရှိ စတန်းဖို့ဒ် တက္ကသိုလ်သို့ လည်ခွင့်ကြုံခဲ့သည်။ ကျွန်တော် ထောင်ထဲမှာ ရှိနေစဉ်က လယ်ရီဒိုင်းမွန်း ရေးသားသည့် ဒီမိုကရေစီ စိတ်ထားဆိုသော စာအုပ်ကို ဖတ်ဖူးသည်။ နှစ်ခြိုက်ဖူး၏။ သည်အကြောင်းကို အမေရိကန်နိုင်ငံ ၀ါရှင်တန်မှာ ရှိနေစဉ် NEDမှာ ပြုလုပ်သည့် ဟောပြောပွဲ၌ ထည့်ပြောမိလိုက်သည်။ ဖြစ်ချင်တော့ ပရော်ဖက်ဆာ လယ်ရီဒိုင်းမွန်းက NEDမှ သုံးလတစ်ကြိမ် ထုတ်ဝေနေသည့် ဒီမိုကရေစီ ဂျာနယ်၏ ခေါင်းကိုင် ဖခင်ဖြစ်နေလေသည်။ သည်မှာတင် ဆရာ လယ်ရီဒိုင်းမွန်းနှင့် ဆုံတွေ့ဖို့ အကြောင်း ဖန်လာတော့၏။ NEDမှာ အမှုထမ်းခဲ့သော ကိုမင်းဇင်က ဆရာ လယ်ရီဒိုင်းမွန်း၏ ကျောင်းသား။ ကိုမင်းဇင်မှတစ်ဆင့် လယ်ရီဒိုင်းမွန်းက သူ့ကျောင်းတော်ကြီးဆီသို့ ကျွန်တော့ကို ဖိတ်ခေါ် လိုက်လေသည်။

ကျွန်တော်ရောက်သွားတော့ ဆရာ လယ်ရီဒိုင်းမွန်းနှင့် စကား တွေအများကြီးပြောခဲ့သလို သူ့ဆီ ကတစ်ဆင့် တခြားသော မြန်မာ့ အရေးကို စိတ်ဝင်စားသည့် နိုင်ငံ ရေး သိပ္ပံဆရာနှင့် အဆက်အ သွယ် ရခဲ့သည်။ ဆရာ လယ်ရီ ဒိုင်းမွန်းက မြန်မာပြည်အကြောင်း ကောင်းကောင်းသိသည်။ တော် တော်လည်းလေ့လာထားသည်။ စေ့ စေ့စပ်စပ်ဆွေးနွေးသည်။ နှိုက် နှိုက်ချွတ်ချွတ်မေးတတ်သည်။ သို့ ဖြင့် ကျွန်တော်တို့ စကားဝိုင်းက အချိန်တော်တော် ယူခဲ့၏။ အပြန် မှာ မြန်မာပြည်လာလည်ဖို့ ၊ မြန် မာပြည်မှာ ဆရာ လယ်ရီဒိုင်းမွန်း အနေဖြင့် ဟောပြောပို့ချပေးဖို့ ကျွန်တော် ဖိတ်ကြားမိခဲ့သည်။

တကယ်တော့ ဒါသည်ပင် စိတ်ကူးယဉ် နည်းနည်းဆန်နေသည်။ သူတို့လို မအားလပ်သော၊ အချိန်နှင့် ငွေကြေးကို ထပ်တူချထားသော နာမည်ကျော် ပရော်ဖက်ဆာ တစ်ယောက်အဖို့ မြန်မာပြည်ကို အလည်အပတ် လာဖို့ဆိုတာ မဖြစ်နိုင်ပါ။ သို့သော် ဒါသည် တစ်ကယ်ဖြစ်ခဲ့၏။ နောက်လေးလ အကြာမှာ ဆရာ လယ်ရီဒိုင်းမွန်း မြန်မာပြည်သို့ တစ်ပတ်ကြာ လာရောက် လည်ပတ်မည်ဟု သိရသည်။ သူ့ဆီက အီးမေးလ် ရချိန်မှာ ကျွန်တော် ဥရောပသို့ ရောက်နေပြီ။ ရန်ကုန်ပြန်လို့ကလည်း မဖြစ်နိုင်။ ခရီးစဉ်အရ ဂျာမနီသို့ လှည့်ရဦးမည်။ သို့သော် သူမပြန်ခင် တစ်ရက်အလိုမှာ ရန်ကုန်ပြန် ရောက်အောင် ပြန်ခဲ့ပါမည်ဟု သူ့ကို ကတိပေးခဲ့သလို ကျွန်တော်တို့၏ HOME (House of Media & Entertainment) မှာ နိုင်ငံရေးနှင့် ပတ်သက်ပြီး တစ်ခုခု ဟောပြောပေးဖို့ ပန်ကြားလိုက်ရသည်။

ဆရာ လယ်ရီဒိုင်းမွန်းက အပြောနှင့် လက်တွေ့ ထပ်တူကျသူပင်။ ကျွန်တော် မရှိသော်လည်း ကိုဇော်သက်ထွေး၏ စီမံမှုဖြင့် နှစ်ရက်တိုင်တိုင် ကျွန်တော်တို့ HOMEမှာ ဒီမိုကရေစီ နည်းကျကျ အသွင်ကူးပြောင်းဖြစ်စဉ်ကို ဟောပြောပို့ချခဲ့သည်။ လူငယ် ကျောင်းသား နိုင်ငံရေးသမားလေးတွေက စလို့ စာရေးဆရာ နိုင်ငံရေးသမားတွေထိ လာရောက် နာယူကြသည်။ သူ၏ ဟောပြောချက် အချို့ကို ကောက်နှုတ်ပြီး လွတ်မြောက်နည်းပညာဟူသည့် စာအုပ်လေးတစ်အုပ် ကျွန်တော်တို့ ထုတ်ခဲ့ဖူးသည်။

ဆရာ လယ်ရီဒိုင်းမွန်း မပြန်ခင် ကျွန်တော် ရန်ကုန်ပြန်ရောက်ခဲ့၏။ သူနှင့်အတူ နိုင်ငံရေး ပါတီ တစ်ချို့မှ ခေါင်းဆောင်မျာနှင့် လိုက်တွေ့ခဲ့ရသလို နိုင်ငံရေး အပြောင်းအလဲ အတွက် ထဲထဲဝင်ဝင် ပါဝင် လုပ်ဆောင်နေသူများနှင့်ပါ တွေ့ဆုံခဲ့ရသည်။ သည်မှာတင် ကျွန်တော် စတင်ပြောဆို ရတော့မည့် ပီအာရ် ဆိုတာကြီး ပေါက်ဖွား ရှင်သန်လာပါတော့သည်။

ဆရာ လယ်ရီဒိုင်းမွန်းက ကြားဖြတ် ရွေးကောက်ပွဲ ပြီးချိန်တွင် ရောက်လာခဲ့သူ ဖြစ်သဖြင့် အနိုင်အရှုံး အဖြေကို ရိပ်စားမိသူလည်း ဖြစ်၏။ သို့သော် ၂၀၁၅မှာ ရွေးကောက်ပွဲ ကျင်းပခဲ့လျှင် ကြံ့ခိုင်ရေးပါတီ တစ်ပါတီတည်း (သို့မဟုတ်) NLD တစ်ပါတီတည်းက အများဆုံး အနိုင်ရခဲ့သော် ဆိုသည့် အခြေအနေအပေါ် မူတည်ထားပြီး ဆွေးနွေးသွားခဲ့သည်။ သူနှင့်တွေ့ဆုံ ဆွေးနွေးနေသူများထဲမှာ ကြံ့ခိုင်ရေးရော NLDပါ မပါသည့် အတွက် လွတ်လွတ်လပ်လပ် ပြောဆိုခြင်းလည်း ဖြစ်၏။ သူက စဉ်းစားစရာတွေကို တင်ပြခြင်း အကြံပေးခဲ့ခြင်သာ ဖြစ်ပြီး (ဒါကိုလုပ်မှဖြစ်မယ်)ဟု တစ်ချက်လွှတ် အမိန့်တော်ထုတ်ခဲ့ခြင်း မဟုတ်ချေ။

ယခု ကျွန်တော်တို့ နိုင်ငံက ကျင့်သုံးနေသည့် ရွေးကောက်ပွဲ စနစ်က First Past the Post (ခ) မဲ အသာရသူက နိုင်သည့် စနစ်ဖြစ်သည်။ ဖဲသမား စကားနှင့်ဆိုရသော် အတိုက်မရှိ၊ နိုင်သူစားစတမ်းပင် ဖြစ်သည်။ ဒါကို တစ်ချို့က သိပ်မကြိုက်ချင်။ တစ်မဲနိုင်လည်း အကုန်နိုင် တစ်ထောင်မဲနိုင်လည်း အကုန်နိုင်ဆိုတာ မမျှတဖူးလို့ ထင်လာကြ၏။ ဝေစားမျှစား လုပ်ချင်သည်။ သည်တော့ PR (ခ) Proportional Representationဟူသည့် ဝေပုံကျစနစ်ကို လေ့လာ စမ်းသပ်ကြည့်ဖို့ ဆရာ လယ်ရီဒိုင်း မွန်းက အကြံပြုသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလထုတ် ဒီမိုကရေစီ ဂျာနယ်ထဲမှာလည်း သူက PRစနစ်ကို စဉ်းစားသင့်ကြောင်း ထည့်ရေးခဲ့ပါသေးသည်။ အမှန်ကတော့ PRစနစ်ကို မြန်မာပြည်မှာ သုံးသင့်သည်ဟု သူက အကြံပြုခဲ့တာမဟုတ်။ အစိုးရနှင့် အတိုက်အခံ နိုင်ငံရေး ပါတီ(သို့) အဖွဲ့အစည်းတို့ အကြားမှာ နိုင်ငံရေး ပဋိဥာဉ်တစ်ရပ် ပီပီပြင်ပြင် ရှိသင့်သည်ဟု အကြံပြုခြင်းသာ။ ထိုပဋိဥာဉ် ရအောင်လည်း အတိုက်အခံတို့ဖက်မှ အားထုတ်သင့်သည့် အချက်များကို တင်ပြ ဆွေးနွေးခြင်းသာ။ ထိုဆောင်းပါးကို သေသေချာချာ ဖတ်ရှုခဲ့သော် ဆရာ လယ်ရီဒိုင်းမွန်းက ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေးသည် အလွန်တရာ အရေးကြီးကြောင်း အကြံပြုလိုရင်းသာဖြစ်၏။

အကယ်၍သာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မပြင်နိုင်ခဲ့လျှင် ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံရေး အကျပ်အတည်း ဆိုက်နိုင်သည်။ သည်လိုအကျပ်အတည်း ဆိုက်ခဲ့သော် ရှောင်ရှားနိုင်စေဖို့ PRစနစ်ကို စဉ်းစားထားသင့်ကြောင်း အဆိုပြုသက်သက်သာ။ (ကျွန်တော် မမှားဖူးဟုဆိုလျှင် ဆရာကျော်ဝင်း သည်ဆောင်းပါးကို မြန်မာဘာသာသို့ ပြန်ဆိုရေးသားပြီးပြီ ထင်ပါသည်။ ပြန်လည် ဖတ်ရှုနိုင်ပါ၏)

အခုတော့ လွှတ်တော်ထဲမှာ သည်ဝေပုံကျ စနစ်ကို ဆွေးနွေးဖို့အထိ နေရာယူလာခဲ့ချေပြီ။ ပထမ တစ်ခုနှင့်တောင် အသား မကျသေးသည့် ကျွန်တော်တို့ နိုင်ငံကို တောင်စမ်း မြောက်စမ်း မလုပ်စေချင်။ ကျွန်တော်တို့ ငယ်ငယ်က ခဏခဏ ပြောင်းပြောင်းပြီး စမ်းသပ်ခဲ့သည့် ပညာရေး စနစ်ကြောင့် ကျွန်တော်တို့ တိုင်းပြည်၏ ပညာရေး ဘယ်လောက် နိမ့်ကျခဲ့ပြီဆိုတာကို သတိတရား ရကြစေချင်သည်။ ဘာမှ နေသား မကျသေးသော တိုင်းပြည်ကို ဓါတ်ခွဲခန်းထဲ ထည့်ပြီး စမ်းသပ်နေဖို့ မသင့်တော်ပါ။

တကယ်တမ်း ရွေးကောက်ပွဲ စနစ် အကြောင်း ပြောကြစတမ်းဟေ့ဆိုလျှင် ကျွန်တော်တို့ ပြောပါမည်။ ကျွန်တော်တို့ ပြည်သူတွေ လေ့လာနိုင်အောင် ကြိုးစားပြီး တင်ပြချင်ပါသည်။ သူများပီတိုင်း ကိုယ်မပီပဲ အာချင်သူများကိုလည်း စဉ်းစားကြပါဦးဟု ဆိုချင်သည်။

ရွေးကောက်ပွဲမှာ ကိုယ့်ပါတီက ရသည့်ထောက်ခံမဲ ရာခိုင်နှုန်းအလိုက် လွှတ်တော်ထဲမှာ ထိုင်ခုံ အရေအတွက် ခွဲတမ်းရသည့် စနစ်ကို ပီအာရ်ဟု ဆိုရပေမည်။ ဆိုကြပါစို့။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာ တူမောရိုး ပါတီက ထောက်ခံမဲ ၂၅ ရာခိုင်နှုန်း ရခဲ့သော် လွှတ်တော်ထဲမှာရှိသည့် ကိုယ်စားလှယ် အရေအတွက်၏ လေးပုံတစ်ပုံ (၂၅ ရာခိုင်နှုန်း)ကို ရမည်ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ် အရေအတွက် ၃၀၀ ဆိုလျှင် တူမောရိုးပါတီက ကိုယ်စားလှယ် ၇၅ နေရာ ရပေမည်။

သည်နေရာမှာ မေးစရာ ရှိလာသည်။ တူမောရိုး ပါတီအနေဖြင့် တာမွေမြို့နယ်မှာ ၀င်ပြိုင်ပြိုင်၊ မင်းဘူးမြို့နယ်မှာ ၀င်ပြိုင်ပြိုင်၊ အနိုင်အရှုံး အရေးမပါတော့ဘူးလား။ မဲအရေအတွက်ကိုသာ အဓိက ထားသဖြင့် နိုင်တာရှုံးတာ ဘာမှမလိုတော့ပါဘူး။ ဒါဆို မဲပေးရတဲ့ ပြည်သူတွေက မဲအနိုင်အရှုံး စာရင်းနားထောင်ပြီး ရင်မခုန်ကြရတော့။ မပျော်ကြရတော့။ ဘယ်သူတွေနိုင်ပြီး လွှတ်တော်ထဲ ဘယ်သူတွေ ဘယ်ရောက် ကုန်မယ်ဆိုတာတောင် သိရမှာ မဟုတ်တော့ချေ။ ကိုယ့်မြို့နယ်၏ ကိုယ်စားလှယ်က ဘယ်သူဘယ်ဝါတောင် သိရဖို့ မလွယ်တော့။

သည်တော့ ပီအာရ် စနစ်မှာ ဘယ်သူ့ကို မဲပေးရမည်နည်း။ ဒါမေးစရာ မေးခွန်းတစ်ခု ဖြစ်သည်။ ပါတီကိုကြည့်ပြီး မဲပေးရလောက်အောင် ကျွန်တော်တို့ တိုင်းပြည်က ပါတီတွေ လောက်လောက် လားလား ဖြစ်ပြီလား ပြည်သူတွေ မဲပေးတဲ့ အလုပ်နှင့် ကျင့်သားရပြီလားဟု ဦးဆုံးမေးရတော့မည်။

ပီအာရ် စနစ်မှာ ပါတီက လူစာရင်းကို ကိုင်ထားသည်။ ကျွန်တော်တို့ ပြည်သူတွေက သည်စာရင်းကို ဘာမှ ပြောင်းပိုင်ခွင့်မရှိ။ ပါတီခေါင်းဆောင်တွေ လက်ထဲမှာသာ အာဏာရှိ၏။ ကိုယ်စားလှယ်တွေ လက်ထဲမှာလည်း ဘာအခွင့်အရေးမှမရှိ။ ပါတီ ခေါင်းဆောင်တွေက မကြိုက်ရင် မကြိုက်သလို ပြောင်းခွင့်ရှိနေသည်။ သည်မှာတင် စာရင်းနဲ့ရွေးမှာလား၊ နယ်မြေ အပိုင်းအခြားနဲ့ ရွေးမှာလား။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးမှာလားဆိုတာတွေကိုပါ ထည့်သွင်း စဉ်းစားရတော့သည်။ မဲပေးမည့် ပြည်သူတွေ အတွက် စိတ်ရှုပ်စရာတွေ ရှိပါသေးသည်။ ပီအာရ် ဆိုတာနှင့် ပြီးမသွားသေးပါ။

၁။ Cumulation ခေါ် ကိုယ်ကြိုက်လျှင် သုံးမဲအထိ ပေးခွင့်ရှိသော စနစ်မျိုးလည်းရှိနေ ပြန်ပါသည်။

၂။ Cross voting ခေါ် တစ်ခါမဲပေးလျှင် ကြိုက်ရာပါတီ သုံးခုလောက်ကို မဲပေးခွင့် ရနိုင်တာမျိုးလည်း ရှိနေပြန်ပါသည်။

မဲတစ်ခါပေးလျှင် ကိုယ်ကြိုက်တာ ကိုယ်တစ်ယောက်တည်း ရွေးပေးနေရသည့် စနစ်မှာတောင် တော်တော် ချာလပတ်လည်နေသည့် ကျွန်တော်တို့ တိုင်းပြည်မှာ ပြည်သူကို စိတ်ဒုက္ခရောက်အောင် မလုပ်ကြစေချင်။ မဲပေးရာမှာ စိတ်ပျက်စိတ်ညစ်ပြီး မဲရုံကို ဝေါနဲ့ပင့်တာတောင် ပြည်သူတွေ လာချင် စိတ်ပျောက်အောင် မလုပ်သင့်ပါ။

ဒါ ကျွန်တော် အမြွက်ပဲပြောတာဖြစ်သည်။ ပီအာရ် စနစ်အောက်မှာ

၃။ Ley de lemas (ခ) သမ္မတ နှင့် ကိုယ်စားလှယ်ကို တစ်ပါတည်း ရွေးပေးရသည့် စနစ်လည်း ရှိ၏။

၎။ STV (Single Transferable) မဲကို ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေးနှင့် ရွေးပေးရတာမျိုးလည်း ရှိ၏။

၅။ SV (Supplementry Vote) ခေါ် အပိုဆောင်း ပေးရတဲ့မဲပေး စနစ်ဆိုတာလည်း ရှိသေးသည်။ ကိုယ်ကြိုက်သည့် ပါတီကို ရွေးပေးရသလို တခြားပါတီတွေထဲက နောက်ထပ် တစ်ပါတီကိုပါ အပို (အဆစ်) ရွေးပေးခဲ့ရတာမျိုးပင်။

သည်လောက် ယောက်ယက်ခတ်နေသည့် စနစ်မျိုးကိုမှ တိုင်းပြည်မှာ ကျင့်သုံးတာက ဘာကြောင့်လဲဟု မေးရမည်။ သည်စနစ်ကို လွှတ်တော်က လက်ခံ ဆွေးနွေးတာကိုတော့ အပြစ်မတင် လိုသော်လည်း မရောင်ရာ ဆီမလူး ကြစေချင်ပါ။

ကျွန်တော်တို့ တိုင်းပြည်မှာ အခုချိန် တကယ်တမ်း အရေးကြီးနေတာက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးသာဖြစ်သည်။ သည်လို အကျပ်အတည်းမျိုးထဲကတောင် မထွက်နိုင်သေးချိန်မှာ နောက်ထပ် သပွတ်အူ တစ်ခုကို ချမပြသင့်သေးပါ။ မြန်မာ ပြည်သူ ပြည်သားတွေ ခင်မျာ စားဝတ်နေရေး နှင့် ထွေးလုံးရစ်ပတ် ဖြစ်နေချိန်မှာ စိတ်ပျက်အောင် စိတ်ရှုပ်အောင် စိတ်အားငယ်အောင် စိတ်ဓာတ်ကျအောင် နိုင်ငံရေးကို စိတ်ကုန်ခမ်းသွားအောင် နိုင်ငံရေး သမားတွေ လုပ်နေကြမှာလားဟု တည့်တည့်မေးချင်သည်။

တကယ်တော့ PR စနစ်ကို အသုံးမ၀င်ဖူး၊ မကောင်းဖူးဟု ကျွန်တော်ပြောနေခြင်း မဟုတ်၊ လတ်တလော ကျွန်တော်တို့ နိုင်ငံနှင့် မသင့်တော်သေးပါဟု ဆိုလိုခြင်းသာဖြစ်သည်။ လက်ရှိကျင့်သုံး နေသော First Past the Post ခေါ် သာသူ အကုန်စား စနစ်က တစ်ပါတီတည်းကို လွှတ်တော်မှာ အားကောင်းစေပြီး အာဏာရှင်တွေ ဖြစ်လာစေသည်ဟူသော ရွှေဥာဏ်ရှင် လွှတ်တော် ကိုယ်စားလှယ် မမကြီး၏ စကားကို TVမှာ ကြားလိုက်ရတော့ အံ့အားသင့်မိသည်။ ပြိုင်ပွဲဆိုတာကတော့ ရှုံးမှာကြောက်လျှင် စောစောကပင် မ၀င်ကြတာ ကောင်းပါသည်။ မဲရုံနှင့် ပြည်သူကျင့်သား ရသွားအောင်တော့ စောင့်စေချင်ပါ သည်။

လမစေ့သော ကလေးအတွက် အန္တရာယ်ရှိပါသည်။ လမစေ့တာကိုမှ ဇွတ်အတင်းမွေးချင် နေပါက ကိုယ့်ဖာသာပဲ ဗိုက်ကြီးကြပါဟု ပြောလိုက်ချင်ပါတော့တယ်။

- ဇာဂနာ


Tomorrow  news journal

ယာဉ်ထိန်း ရဲတပ်ဖွဲ့ မှ ဒုရဲမှူး အဆင့် နှင့် အထက်အရာရှိများ ကို ခြောက်လုံးပြူးသေနတ် ပေးကိုင်ရန် တင်ပြမှု ပယ်ချခံရ


ယာဉ်ထိန်းရဲတပ်ဖွဲ့ မှ ဒုရဲမှူးအဆင့် နှင့် အထက်အရာရှိများ ကို ခြောက် လုံးပြူးသေနတ်
 ပေးကိုင်ရန် တပ်ဖွဲ့မှုး ၏ တင်ပြမှု ကို ပြည်ထဲရေး ၀န်ကြီးဌာနမှ ပယ်ချလိုက်ကြောင်း
သိရသည် ။


ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆောင်ရွက်နေသည့် အထက်ပါ ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင်များအား လက်နက်ပေးကိုင် သင့်ကြောင်း ပြီးခဲ့သော ရက်က တင်ပြမှုအား ၀န်ကြီးဌာန မသင့်ဟု ဆုံးဖြတ်ပြီး ပယ်ချ လိုက်ခြင်းဖြစ်သည်ဟု တပ်ဖွဲ့မှုးက POPULAR NEWS သို့ပြောသည်။

၂၀၁၃ ခုနှစ်မှ စတင်ကာ တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတို့ကို တုတ် ၊ ဓားစသည့် အရာများဖြင့် ကိုယ်ထိ လက်ရောက် အကြမ်းဖက်မှုများ နိုင်ငံတွင် ဆက်တိုက်ဖြစ်ပွားနေသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အတွင်း ယာဉ်ထိန်းရဲ တမျိုးသာ လက်နက် မကိုင်ရပေ။

Popular myanmar News

ရေချိုးဆင်းလာသည့် စွမ်းအနားမကြား မိန်းမကလေးအား စစ်သားတစ်ဦးက အဓမ္မပြုကျင့်


သတင်း၊ ကိုတိုးကြီး
ခန္တီး၊ ဇွန် ၁၁
ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာ၊ ရွာသစ်ကုန်းရပ်ကွက်၊ ချင်းတွင်းမြစ် ရေချိုးဆိပ်ကမ်း၊ ကျောက်တုံးကြီးအနီး တွင် ရေချိုးဆင်းလာသည့် စွမ်းအနားမကြား အမျိုးသမီးတစ်ဦးအာဲး စစ်သားတစ်ဦးမှ သားမယားအဖြစ် အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သည့်အတွက် ခန္တီးမြို့မရဲစခန်းက ဇွန်လ ၁၀ ရက်နေ့ မွန့်တည့် ၁၂ နာရီ ၅၀ မိနစ်အချိန်က အမှုဖွင့်အရေးယူခဲ့သည်ဟု ထိုရဲစခန်းရှိ ရဲအရာရှိတစ်ဦးမှ မဇ္ဈိမသို့ပြောပြသည်။
ဆင်သေကျေးရွာ၊ ရွာသစ်ကုန်းရပ်ကွက်နေ မ….အသက်(၂၃)နှစ်၊ စွမ်းအနားမကြားဝေဒနာရှင်တစ်ဦးသည် ဇွန်လ ၇ ရက်နေ့ ညနေ ၃ နာရီက ချင်းတွင်းမြစ် ရေချိုးဆိပ်ကမ်းသို့ အဖော်မပါဘဲ ရေချိုးဆင်းလာစဉ် ဆင် သေကျေးရွာအခြေပြု စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ကိုယ်ပိုင်အမှတ် တ/ ….. တပ်သား အောင်မျိုး ၀င်း(ခ)ညောင်တုန်းဆိုသူက သားမယားအဖြစ် အလိုမတူဘဲ အဓမ္မပြုကျင့်လိုက်သည်ဟု ခန္တီးမြို့မရဲစခန်း၏ မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။
အလိုမတူဘဲ စစ်သားတစ်ဦး၏ သားမယားအဖြစ်ပြုကျင့်ခြင်းခံရသူ မ…သည် နေအိမ်သို့ ပြန်ရောက်လာ သည့်အခါ ၎င်း၏ ဖခင်ဖြစ်သူ ဦးစန်ထောင် ဆိုသူထံ အသံတိတ်ဘာသာစကားဖြင့် တိုင်တန်းပြောဆိုခဲ့ သည်။ ထို့ကြောင့် သူမ၏ ဖခင်ဖြစ်သူက ခန္တီးမြို့မရဲစခန်းသို့သွားရောက်၍ တရားလိုပြုလုပ်ကာ အမှုအား တိုင်တန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုင်တန်းချက်နှင့်ပတ်သက်၍ ခန္တီးမြို့မရဲစခန်းက အမှုကြီးအမှတ်စဉ် ၂/ ၂၀၁၄(ပ) ၂၉/ ၂၀၁၄ ပြစ် မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူခဲ့သည်။ သားမယားအဖြစ် အလိုမတူဘဲ အဓမ္မပြုကျင့်လိုက်သည်ဟု စွပ် စွဲခံထားရသူမှာ စစ်သားတစ်ဦးဖြစ်နေသည့်အတွက် ထိုအမှုအား စစ်ဗျူဟာအဖွဲ့ အခြေချ(၂)ခန္တီးရုံးတွင် စစ်ဆေးလျက်ရှိပြီး အမှုအား စစ်ဘက်ဆိုင်ရာမှ အရပ်ဘက်ဆိုင်ရာ ဥပဒေများအရ အရေးယူဆောင်ရွက်နိုင် ရန် အမှုစစ်ရဲအရာရှိမှ စစ်ဗျူဟာရုံးသို့ တင်ပြထားရှိကြောင်း သိရသည်။

ကိုတိုး ချင်းတွင်း

လေယာဉ်ပျံတွေ ရှိနေစေရမယ် - ဟာသ




လွှတ်တော်အစည်းအဝေးကျင်းပနေစဉ် ဝန်ကြီးတစ်ဦးက ပြောလိုက်သည်။
“အခု ကျွန်တော်တို့ လွှတ်တော်သက်တမ်း ၅ နှစ်အတွင်းမှာ မိသားစုတိုင်း
အိမ်ခန်းတစ်ခုစီ ပိုင်ဆိုင်နိုင်ဖို့ စီမံကိန်းရေးဆွဲထားပါတယ်။ နောက် ၅
နှစ်သက်တမ်းရောက်ရင် လူတိုင်း ကားတစ်စီး ပိုင်ဆိုင်နိုင်စေရပါမယ်။ တတိယ ၅
နှစ်သက်တမ်းကျရင်တော့ အိမ်တိုင်း လေယာဉ်တစ်စီးစီ ရှိနေစေရအောင်
စီစဉ်ပေးမှာဖြစ်ပါတယ်”
ထိုအခါ အမတ်တစ်ဦးက မရှင်းလင်းသည်ကို ထမေးလိုက်သည်။
“လေယာဉ်ပျံက ဘာကိစ္စရှိနေစေချင်ရတာလဲ ၀န်မင်းရဲ့”
“ခင်ဗျား မသိဘူးလား။ ဆိုကြပါစို့၊ ကျွန်တော်တို့နိုင်ငံမှာ
ရောင်းစရာမရှိတော့လို့ စားစရာတွေမရှိတော့ဘူးဆိုတဲ့အခါ
ကိုယ်ပိုင်လေယာဉ်စီးပြီး သူများနိုင်ငံမှာ ထမင်းသွားစားလို့ ရတာပေါ့ဗျ”

ရဲစတိုင်း


The Myanma Age

ဗုဒ္ဓဆင်းတုတော်၏ ဦးခေါင်းပေါ်မှ ဆံတော်များပေါ်ပေါက်လာသည့် သတင်းများဖြစ်ပေါ်


သတင်း၊ ကိုတိုးကြီး
တမူး၊ ဇွန် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စော်ဘွား(၁၁/က)ရပ်ကွက်နေ ဦးရာကျော် ဆိုသူ၏ နေအိမ်၌ ကိုးကွယ် ထားရှိသော ဗုဒ္ဓဆင်တုတော်မှ ဆံပင်များပေါ်ပေါက်လာသည်ဟု သတင်းများဖြစ်ပေါ်လျက်ရှိရာ တမူးမြို့မ ရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မျိုးမြင့်ဆွေနှင့်အဖွဲ့က သွားရောက်၍ သတင်းအတည်ပြုခဲ့ရသည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထူးခြားဖြစ်စဉ်မှတ်တမ်းများတွင် ဖော်ပြထားကြောင်း သိရသည်။
“ ကြံရည်ရောင် ဖန်သား ဗုဒ္ဓဆင်းတုတော်ကနေ ဆံတော်(၆)ဆူပွင့်တာဖြစ်ပါတယ်..။ အဲ့ဒီဆင်တုတော်က ဥာဏ်တော်အမြင့်(၅)လက္မဖြစ်ပါတယ်..” ဟု တမူးမြို့၊ စော်ဘွားရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းမှ ပြောပြသည်။
ဗုဒ္ဓဆင်းတုတော်မှ ပေါ်ပေါက်လျက်ရှိသော အဆိုပါ ဆံတော်များသည် အရှည် တစ်လက်မခွဲ၊ အဖြူရောင် ဖြစ်ပြီး ဆံတော်၏ ထိပ်ဖျားတွင် အဖြူရောင် အသီးလုံးလေးများပါရှိကြောင်း တမူးမြို့မ ရဲစခန်း နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် မျိုးမြင့်ဆွေနှင့်အဖွဲ့က သွားရောက်၍ စီစစ်အတည်ပြုချက်များအရ သိရသည်။
၎င်း ဗုဒ္ဓဆင်းတုတော်အား ကိုးကွယ်ထားရှိသူ အိမ်ရှင် ဦးရာကျော်သည် လွန်ခဲ့သော(၅)နှစ်ခန့်က အဆိုပါ ဗုဒ္ဓဆင်းတုတော်အား တမူးမြို့၊အလောင်းဘုရားလမ်းရှိ “ ဇာနည်းဦး “ စတိုးဆိုင်မှ ၀ယ်ယူပင့်ဆောင်၍ ကိုး ကွယ်ခဲ့ခြင်းဖြစ်သည်။ ၀ယ်ယူခဲ့စဉ်က တန်ဘိုးမည်မျှပေးခဲ့ရသည်ကို ဦးရာကျော်မှ မှတ်မိခြင်းမရှိတော့ ကြောင်း ပြောပြသည်။
ဗုဒ္ဓဆင်းတုတော်၏ ဦးခေါင်းမှ ဆံတော်ပွင့်သည်ဟုဆိုသော သတင်းများဖြစ်ပေါ်ပြီး အဆိုပါ သတင်းများမှာ တမူးမြို့နယ်အတွင်း ပျံ့နှံ့လျက်ရှိရာ နေ့စဉ် လူအများအပြား လာရောက်ဖူးမျှော်ကြည့်ရှု့လျက်ရှိကြောင်း မြို့နယ်ထွေအုပ်ရုံး၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ကိုတိုး ချင်းတွင်း

ဆန္ဒပြမှုများအား အူရီဒူးမှဝန်ဆောင်မှုဖြင့်သာ တုံ့ပြန်ဖြေရှင်းသွားမည်





ဆန္ဒပြမှုများအား ဝန်ဆောင်မှု ကောင်းကောင်းဖြင့်သာ ဖြေရှင်းသွားမည်ဟု Ooredoo မြန်မာ့ဆက်သွယ် ရေးကုမ္ပဏီမှ သိရသည်။လက်ရှိတွင် မကြာခင်ကာ လ၌ ရောင်း ချတော့မည့် Ooredoo ဖုန်းဆင်းကတ်များအား အသုံးမပြုရေးအတွက် နိုင်ငံတစ်ဝန်းတွင် ဟောပြောပွဲများ၊ ဆန္ဒပြလှုံ့ဆော်မှုများ ပြုလုပ်သွားမည်ဟု မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခမှ မိန့်ကြားထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ Ooredoo မြန်မာမှအရောင်းညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ”ဒါတွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီအနေနဲ့ ဘာမှပြောစရာမရှိပါဘူး။ သတ်မှတ် ချိန်မှာ ဖုန်း ရောင်းချပြီးတော့ ဝန်ဆောင်မှု ကောင်းကောင်းပေးဖို့ပဲ ရှိတယ်။ အချိန်တန်ရင်သိသွားမှာပါ” ဟု ပြောသည်။ ကုမ္ပဏီနှင့်ပတ်သက်ပြီး အများပိုင် ကုမ္ပဏီ တစ် ခု ဖြစ်သည်ကို သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ ပြီးဖြစ်ကြောင်း၊ လတ်တလော အကျိုးသက်ရောက်မှုအဖြစ် ဝန်ထမ်းအချို့ ကြောက်စိတ် ဝင်နေခြင်း သာ ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

”ကလေးတွေကတော့ခြိမ်းခြောက်တာတွေရှိနေတော့ အလုပ်လုပ်ကိုင်တဲ့အပိုင်းမှာ ဝေဝါးသွားတယ်။ ဒီအခြေအနေကတော့ သူတို့အတွက် စိတ်မကောင်းပါဘူး” ဟု ၎င်းက ဆက်ပြောသည်။ လတ်တလော ဖြစ်စဉ်များမှာ Ooredoo အပြင် နောက်ထပ်ရင်းနှီး မြှုပ်နှံမှုဝင်ရောက်လာမည့် ကုမ္ပဏီများပင် တွန့်ဆုတ်သွားနိုင်ကြောင်း ယင်းေ ကြာင့် နိုင်ငံတိုးတက်မှုအပိုင်းတွင် နှောင့်နှေးကြန့်ကြာမှုများရှိလာနိုင် ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက သူ့အမြင်ကို ပြောသည်။ Ooredoo  မြန်မာသည် မိုဘိုင်း ဖုန်း ဆင်းကတ်များကို ယခုနှစ် သြဂုတ် နှင့် စက်တင်ဘာလတွင် ကျပ်တစ်ထောင့်ငါးရာဖြင့်ရောင်းချပြီး ဖုန်းခေါ်ဆိုမှု ၁ မိနစ် ၂၅ ကျပ်နှုန်း အနည်းဆုံးဖြင့် ကောက်ခံမည်ဟု ထုတ်ဖော်ပြောကြားထားသည်။

အောင်ဇော်

popular journal


တင်ပါးကနေ ရင်သားအဆုံး ခန္ဓာကိုယ်အစိတ်အပိုင်း အာမခံထားတဲ့ နာမည်ကျော်တွေ


ဘဲလေးကချေသည် Tamara Rojo တစ်ယောက် သူမရဲ့ ခြေထောက်တွေကို အာမခံထားဖို့ ကြိုးပမ်းရာမှာ အာမခံကုမ္ပဏီက တစ်ပတ်ကို ပေါင် သုံးသောင်းတောင်းပြီး ပြန်တုံ့ ပြန်လိုက်ပါတယ်။ ဘဲလေးကချေသည် တွေဟာ ခြေထောက်ဒဏ်ရာရဖို့ များတာကြောင့် အခုလိုများပြားတဲ့ ပမာဏတောင်းလိုက်ရတယ်လို့  ဆိုပါတယ်။

တခြားနာမည်ကျော်တွေရဲ့ ထူးထူးဆန်းဆန်းအာမခံထားရှိမှုတွေကို ကြည့်ကြည့်ရအောင်။

၁။ Tina Turner

Tina Turner ကတော့ သူမရဲ့ ခြေထောက်တွေကို ပေါင် ၂ သန်းနဲ့ အာမခံထားခဲ့ပါတယ်။ သူမရဲ့ Golden Eye သီချင်းနာမည်ကို Golden Legs လို့ ပေးတာက ပိုကောင်းမယ်ထင်တယ်။



၂။ Rihanna

၂၀၀၇ ခုနှစ်မှာ Rihanna ကလည်း သူမရဲ့ Sexy ကျတဲ့ ခြေထောက်တွေကို ဒေါ်လာ တစ်သန်းနဲ့  အာမခံထားခဲ့ပါတယ်။



၃။ Ronaldo

ရီးယဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီအသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကလည်း ၂၀၀၉ ခုနှစ်မှာ သူ့ ရဲ့ အဖိုးတန်ဆုံး ခြေထောက်တွေကို ပေါင် သန်း ၈၀ နဲ့ အာမခံထားခဲ့ပါတယ်။



၎။ Mariah Carey

Gillette က ကျင်းပတဲ့ “ နတ်ဘုရားမတစ်ပါးရဲ့ ခြေချောင်းအလှ” အစီအစဉ်ရဲ့ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးနောက် ၂၀၀၆ ခုနှစ်မှာ Mariah Carey ဟာ သူမရဲ့ ခြေချောင်းတွေကို ဒေါ်လာ ၁ ဘီလီယံနဲ့  အာမခံထားခဲ့လို့  ခြေထောက်အလှပိုင်ရှင်အားလုံးထဲမှာ တန်ဖိုးအကြီးမားဆုံး ခြေထောက်ဖြစ်ခဲ့ပါတယ်။



၅။ Keith Richards

The Rolling Stones အဖွဲ့ ရဲ့ ဂီတာသမား Keith Richards ကတော့ သူ့ ရဲ့ မှော်ဆန်လက်တွေတန်ဖိုးကို ပေါင် ၁ သန်းလို့ သတ်မှတ်ထားပါတယ်။



၆။ Madonna

ပေါ့ပ်ဘုရင်မ Madonna ကတော့ ယောင်္ကျားသားတွေကို ရင်ဖိုစေတဲ့ သူမရဲ့ ရင်သားနှစ်ဖက်ကို အာမခံထားခဲ့ပါတယ်။ ပေါင် ၁.၂ သန်းနဲ့ ပါ။



၇။ Julia Roberts

Julia Roberts ကတော့ သူမရဲ့ နာမည်ကျော်အပြုံးလေးကို ပေါင် ၁၈ သန်းနဲ့ အာမခံထားတယ်တဲ့ဗျာ။



၈။ Tom Jones

အဆိုတော် Tom Jones ကတော့ အထူးဆန်းဆုံးပဲလို့ ဆိုရမှာပဲ။ ရင်အုပ်ကအမွှေးတွေကို ပေါင် ၃.၅ သန်းနဲ့  အာမခံထားရှိပါတယ်တဲ့။ တစ်ချို့ က ပေါင် ၇ သန်းနဲ့  အာမခံထားထားတယ်လို့ တောင် ဆိုကြပါတယ်။ Samson လိုပဲ သူ့ ရဲ့ စွမ်းအင်တွေကို ရင်အုပ်အမွှေးတွေမှာ ကိန်းအောင်းနေလို့ ထင်တယ်။

Trend Myanmar

၉။ Kylie Minogue

Kylie ကတော့ သူမရဲ့ အထင်ကရ တင်ပါးကို ပေါင် ၃ သန်းနဲ့ အာမခံထားပါတယ်။ အာမခံထားဖို့ စစ်ဆေးတဲ့ လူတွေတော့ ရင်ဖိုစရာပဲ။



၁၀။ David Lee Roth

Eddie Van Halen နဲ့ အတူ ကမ္ဘာကျော်ခဲ့တဲ့ ရော့ခ်တီးဝိုင်း Van Halen ရဲ့ အဆိုတော် David Lee Roth အာမခံထားတာကတော့ သိပ်မထူးဆန်းပါဘူး။ သူ့ ရဲ့ သုတ်ပိုးတွေကို ပေါင် ခြောက်သိန်းထဲနဲ့ ပါ။  ကလေးတွေ အများကြီး မတော်တဆရသွားရင် ဖခင်စရိတ်ကာမိအောင်လို့ ပါတဲ့ ။



ကဲ သင်ကော သင့်ရဲ့ ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းက တန်ဖိုးအရှိဆုံးလို့ ထင်လဲ။ အာမခံထားဖို့ ကော စိတ်ကူးမိရဲ့လား။

Ref: Mirror.co.uk

Trend

မိုးသီးဇွန်နှင့် မိုးဟိန်းကို အမည်ပျက်စာရင်းသွင်း




သမ္မတဦးသိန်းစိန်လက်  ထက်တွင်  ပထမဆုံးအကြိမ်အ ဖြစ်  အခြားနိုင်ငံသားခံယူထား သည့် မြန်မာလူမျိုးနှစ်ယောက်ကို အမည်ပျက်စာရင်းသွင်းခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ  သတင်းရရှိသည်။

သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင်  အခြားနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံရေးသမား များနှင့် ကျွမ်းကျင်အတတ်ပညာ ရှင်များကို အမည်ပျက်စာရင်းများ မှ ပယ်ဖျက်ပေးခဲ့ပြီးနောက် ယခု လို ပထမဆုံးအကြိမ်အခြားနိုင်ငံ သားအဖြစ်ခံယူထားသူမြန်မာနိုင် ငံသားနှစ်ဦးအား အမည်ပျက်စာရင်းသွင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်မွေးဖွားပြီး အမေရိကန်နိုင်ငံသားခံယူထားသူ မိုးသီးဇွန်၊ မိုးဟိန်းနှင့်အမေရိကန် နိုင်ငံသားနှစ်ဦးအပါအ၀င်လေးဦး တို့ဖြစ်သည်။ ၎င်းတို့ကို မြန်မာနိုင်ငံသို့ပြေးဆွဲနေသော   နိုင်ငံတကာလေကြောင်းလိုင်းများတွင် တင်ဆောင်လာခြင်းမပြုရန် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

‘‘အခုမှ အမည်ပျက်စာရင်း သွင်းလိုက်တာပါ။ မြန်မာနိုင်ငံကို ဘယ်နှနှစ်မလာရဘူးဆိုတာမျိုး တော့ မရှိပါဘူး’’ဟု လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနအကြီးတန်းအရာရှိတစ် ဦးကပြောသည်။

အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ မိုးသီးဇွန်သည် လူ့ ဘောင်သစ်ပါတီတည်ထောင်သူ တစ်ဦးဖြစ်ကာ ပြီးခဲ့သည့်လက ဗီဇာသက်တမ်းလွန် နေထိုင်မှုနှင့်အစိုးရက လ၀ကဥပဒေအရ ပြည်တွင်းမှထွက်ခွာရန် အကြောင်းကြားခဲ့ပြီးနောက် ဗီဇာသက်တမ်းတိုးရန် ထိုင်းနိုင်ငံတွင် ရောက်ရှိနေခြင်းဖြစ်သည်။


‘‘အမည်ပျက်စာရင်းကို ဘယ်တုန်းက ထည့်ထားလဲဆို တာတော့မသိဘူး။ ကျွန်တော်ရှိနေခြင်းဟာ  လက်ရှိငြိမ်းချမ်းရေးကိစ္စ၊အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုအရှိန်မြင့်နေတဲ့ကိစ္စတွေပါ ပါဝင်ပတ်သတ်မယ်။ ဒါတွေကို တစ်လျှောက်လုံးပွင့်ပွင့်  လင်းလင်းနဲ့ပြောထားပါတယ်။ အဲဒါတွေအပေါ် အငြိုးထားပုံရပါတယ်’’ဟု ဘန်ကောက်မြို့သို့ရောက်ရှိနေသည့်  မိုးသီးဇွန်ကအွန်လိုင်းမှ တစ်ဆင့်ပြောကြားသည်။

ဗီဇာသက်တမ်းတိုးခြင်းကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် ၎င်း ၏မိခင် ထောက်ခံချက်ဖြင့် သွား ရောက်လျှောက်ထားခဲ့သော် လည်းဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးမှနေ၍ ပြန်လျှောက်ရန် ညွှန်ကြားခဲ့ကြောင်း၊ထိုသို့ ညွှန်ကြားခဲ့သော်လည်း မည်သည့်အချိန်တွင်  ဗီဇာပြန်ပေးမည်ဆိုသည်ကို အတိအကျပြန်ကြားခဲ့ခြင်းမရှိကြောင်း မိုးသီးဇွန်ကပြောသည်။

ဦးမိုးဟိန်းသည် သူရိယအလင်းဂျာနယ်ကို ထုတ်ဝေခဲ့ပြီး နောက် ဂျာနယ်တိုက်ပိတ်သိမ်းခံရကာ သူရိယနေ၀န်းဂျာနယ်အဖြစ် အမည်ပြောင်းလဲထုတ်ဝေခဲ့သူဖြစ်သည်။

သမ္မတဦးသိန်းစိန်လက် ထက်တွင် အမည်ပျက်စာရင်းဝင်အဖြစ်သတ်မှတ်ခံရသူ  ခြောက်ထောင်ကျော်အနက် နှစ်ထောင်ကျော်အားပယ်ပေးခဲ့သည်။

Author: အိဖြူမွန်
7Day Daily

ပီနန်ဆရာတော်ထံ သရုပ်ဆောင်ဦးဇင်ဝိုင်း(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း) ရဲ့ လျှောက်ကြားချက်။



၂၀၁၄ မတ်လအတွင်းက…မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးနှင့် ပတ်သက်သည့် ကျောင်းကိစ္စ သာသနာရေးဆိုင်ရာ
ရှင်းလင်းပွဲကို တက်ရောက်လာတဲ့ သရုပ်ဆောင်ဦးဇင်ဝိုင်း(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း) ရဲ့
လျှောက်ကြားချက်။

” ပီနန်ဆရာတော်ဘုရားကြီးအမှူးပြုသော သံဃာတော်အရှင်သူမြတ်များကို တပည့်တော်ရိုသေစွာဦးခိုက်ရှိခိုးပါတယ်ဘုရား။

အရှင်ဘုရားတို့ ရှင်းလင်းပြောပြမိန့်တော်မူခဲ့တဲ့ အချက်အလက်တွေကို လေ့လာလိုက်ရင်
ဓမ္မ၀ိနယအရသော်လည်းကောင်း၊ လောကဥပဒေအရ လည်းကောင်း
ပီနန်ဆရာတော်ဘုရားကြီးပိုင်တယ်ဆိုတာ ရှင်းလင်းနေပါပြီ။

အခုပဲ တပည့်တော်အနေနဲ့ ၀န်ခံလျှောက်ထားပါရစေဘုရား။တပည့်တော်တို့ ရုပ်ရှင်သမားများက ကွင်းနေရာမရတော့
ဒီကျောင်းကြီးပေါ်မှာ လာပြီး ရုပ်ရှင်ရိုက်ကြပါတယ်ဘုရား။

တပည့်တော်ကိုယ်တိုင် ဒီကျောင်းကြီးပေါ်မှာသေဖူးပါတယ်ဘုရား။တပည့်တော်ကိုယ်တိုင် ဒီကျောင်းကြီးပေါ်မှာ
တရားသူကြီးလုပ်ပြီး ထောင်ချခဲ့ဖူးပါတယ်ဘုရား။

ဒီကျောင်းကြီးပေါ်မှာ အချုပ်ခန်းဆက်တင်ဖန်တီးလို့ တပည့်တော်ကိုယ်တိုင် တရားခံလုပ်ပြီး
အချုပ်ခန်းထဲမှာ နေခဲ့ရဖူးပါတယ်ဘုရား။

ယခုကျမှ ငါတို့ရဲ့ ဒီလုပ်ရပ်တွေဟာမူလပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲနဲ့ လုပ်ခဲ့ရတာပါလားဆိုတာ
တွေးပြီး ဒီအကုသိုလ်ကို ကြောက်မိပါတယ်ဘုရား။

သူတို့ ဒီကျောင်းက ထွက်ခွါဖို့ ဘယ်လိုပင် စာထုတ်ကြသော်လည်း ဒီကျောင်းကြီးကနေ
တစ်ဖ၀ါးမှ မခွါဖို့ ဒီအကုသိုလ်ကို ချေပတဲ့အနေနဲ့ တပည့်တော် လျှောက်ထားပါရစေဘုရား။

၃၁ ရက်နေ့မှာ လိုအပ်လာမယ်ဆိုရင်တပည့်တော်တို့အနုပညာသမားများက
ဆရာတော်ဘုရားကြီးရှေ့ကနေ မားမားမတ်မတ်ကာကွယ်ပါ့မယ်ဘုရား။

မီးလောင်ဗုံးနဲ့ ထုတော့လဲ ကုသိုလ်ကံပေါ့ဘုရား။

ဒါဟာ တပည့်တော်တို့အနုပညာသမားများရဲ့ပြန်ပေးဆပ်သင့်တဲ့ ၀ဋ်ကြွေးခြေ ကျေးဇူးဆပ်ခြင်းပါဘုရား။

ခွင့်ပြုပါဘုရား။ ”

ဦးဇင်ဝိုင်း
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဟောင်း၊

သန္တိသုခ ချိပ်ပိတ်မှု လိမ်ညာခံခဲ့ရဟု စည်းကမ်းထိန်းသိမ်းရေး သံဃာအချို့ပြော


ဇွန်လ ၁၁ ရက်နေ့ညက သံဃာ့မဟာနာယကအဖွဲ့က တာမွေမြို့နယ်က မဟာသန္တိသုခ ကျောင်းတော်ကြီးကို ၀င်ရောက်ချိပ်ပိတ်မှုမှာ ပါဝင်ခဲ့တဲ့ သံဃာတော်အချို့ဟာ သူတို့ကို တိုင်းသံဃမဟာနာယကအဖွဲ့က သတင်းအမှားပေးပြီး လိမ်လည်ခေါ်ယူခဲ့တယ်ဆိုပြီး မကျေနပ်ဖြစ်နေကြပါတယ်။

တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတော်ကြီးကို နိုင်ငံတော်သံဃာ့ မဟာနာယက အဖွဲ့က ညအချိန်မတော် ၀င်ရောက်ချိပ်ပိတ်ဖို့ ကြိုးပမ်းမှုမှာ ရန်ကုန်တိုင်းအတွင်း ရှိတဲ့ စည်းကမ်းထိန်းသိမ်းရေး သံဃာတော်တွေကို ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့် အဲဒီသံဃာတော်တွေကို သန္တိသုခကျောင်းမှာ နယ်စပ်က၀င်လာသူတွေ ဒုလ္လဘ၀တ်နေတယ်၊ သူတို့ဆီမှာ လက်နက်တွေဘာတွေ ရှိနိုင်တယ်လို့ ရန်ကုန်တိုင်း သံဃာ့နာယက ဥက္ကဋ္ဌက ပြောဆိုပြီး ခေါ်ယူခဲ့တာလို့ အဲဒီညက ပါဝင်ခဲ့တဲ့ စည်းကမ်းထိန်းသံဃာတော်တပါးက မိန့်ပါတယ်။

“ငါတို့ကို အဲဒီနေ့ည ၈ နာရီခွဲကို တိုင်ရုံးအရောက်လာခဲ့ပါတဲ့။ မြို့နယ် ၁၂ မြို့နယ်က တချို့နယ်ကို အပါး ၂၀ ခေါ်တယ်။ အားလုံး သူတို့ရံထားတဲ့ သံဃာနဲ့ဆိုရင် သံဃာ ၃၀၀ ရှိတယ်။ Express ကားကြီး ၆ စီးနဲ့။ သူတို့ ကြိုတင်လွှတ်ထားတာ ရှိတယ်။ ကြိုတင် အစောင့်တွေ ချထားတာ ရှိတယ်။ တို့ကို ၈ နာရီခွဲ အရောက်ခေါ်တယ်။ ၁၀ နာရီထိုးလောက်မှ နိုင်ငံတော် သံဃနာယက ပေးတဲ့ အိတ်ကို ချိပ်ဖောက်တယ်လို့ ပြောတယ်။ စာရွက်ကြီးနဲ့ အများကြီး ပြောတယ်။ ငါတို့ကို ဆရာတော်ကြီး ရှိတဲ့ပုံစံမျိုး လုပ်နေတာ။”
သန္တိသုခ ကျောင်းတော်ကြီးကို အခုလိုဝင်ရောက်ခဲ့ရတာဟာ ခိုင်းတဲ့အလုပ်ကို လုပ်ခဲ့ရတာသာဖြစ်ပြီး သူ့အနေနဲ့ ရှက်မိပါတယ်လို့ ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။
“ငါတို့က ဘာမှ မသိဘူး။ ငါတို့ကို အဲဒီလို ခေါ်သွားလို့ ပါသွားတာ။ ဟိုရောက်မှ ၀င်စီးရမယ်ဆိုတာသိတာ။ ကားတွေမြင်တော့မှ အဝေးကို သွားရမယ်ဆိုတာ သိတာ။ ခုခံလို့ ရှိရင် သွေးတစက်ကျရင် သူမခံဘူးလို့ ပြောတယ်။ လူမိုက်စကားတွေ ပြောတယ်။ နယ်စပ်က ရောက်တဲ့ သံဃာတွေ ဒုလ္လဘ ၀တ်တွေနဲ့ အဲဒီကောင်တွေစီမှာ ဓားလက်နက်ဘာညာ ရှိနိုင်တယ်ပေါ့။ ဟိုရောက်တော့ ဘုန်းကြီးတွေက အေးဆေးပါ။ တို့လည်း အေးဆေးပြောတယ်။”

သန္တိသုခကျောင်းက သံဃာတော်တွေကို ကမ္ဘာအေးရှိ သံဃမဟာနာယကရုံးကို ခေါ်ဆောင်သွားပြီးနောက် သံဃာတော်တွေကို လူဝတ်လဲခိုင်းတဲ့အခါ ဗဟန်းမြို့နယ် သံဃာ့နာယကအဖွဲ့ အတွင်းရေးမှူးဆရာတော်က လူဝတ်လဲခိုင်းခြင်းမပြုဖို့နဲ့ လျော့ပေါ့စဉ်းစားပေးဖို့ ၀င်ရောက်မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။

“သာသနာအတွက်၊ ဘာသာအတွက် နိုင်ငံတော်အတွက် မဖြစ်စေချင်ဘူး။ တကယ်တမ်း ကိုယ့်အချင်းချင်း ရန်ဖြစ်ရမယ့်သူတွေမဟုတ်ဘူး။ ကိုယ့်အချင်းချင်း ဒီလိုလုပ်ရမယ့်သူတွေ မဟုတ်ဘူး။ အမြင်ကျဉ်းတဲ့ ဆရာတော်လည်း မဟုတ်ဘူး။ အမြင်ကျယ်တဲ့ ဆရာတော်ကို သံဃာနာယက က ခိုင်းလို့ လုပ်ရတယ်ဆိုတာ သိပ်မဟုတ်ဘူးပေါ့ကွာ။ ကိုယ့်ကိုယ်ကိုယ်လည်း ရှက်တာပေါ့။ ခိုင်းတဲ့ အလုပ်ကို လုပ်ရတယ်ဆိုတော့။ ကိုယ့်လူတွေ မထိရအောင် ကိုယ်က လုပ်ရတာပေါ့။ ကမ္ဘာအေးမှာ ကား ၂ စီးနဲ့ ဗဟန်းရယ် စမ်းကျောင်းရယ် ဒီပြင်မြို့နယ်က သံဃာ အားလုံး ၆၀ လောက်ပါသွားတယ်။”

ဒါ့အပြင် သန္တိသုခကျောင်းတော်ကြီးကို ပီနန်ဆရာတော်ကြီး ပြည်ပသာသနာပြုခရီးကြွချီစဉ် ခေတ္တအပ်နှံထားခဲ့တဲ့ သုံးထပ်ကျောင်းဆရာတော်ကလည်း သံဃာတော်တွေကို လူဝတ်မလဲခိုင်းဖို့ ၀င်ရောက်မေတ္တာရပ်ခံခဲ့ပေမယ့် ခွင့်မပြုတာကြောင့် စည်းကမ်းထိန်းသိမ်းရေး သံဃာတော်တွေက နောက်နောင်သံဃမဟာနာယကအဖွဲ့က ခေါ်ယူရင် လိုက်ပါဆောင်ရွက်ပေးမှာ မဟုတ်ကြောင်း ပြန်လည် မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။

DVB Burmese



သုံးနှစ်အရွယ်သမီးကို သေဆုံးအောင်ထိ ရိုက်နှက်ခဲ့တဲ့ ကလေးပြုစုစောင့်ရှောက်ရေးအလုပ်သမားနဲ့ သူမရဲ့ချစ်သူ



Wichita မြို့က ကလေးပြုစုစောင့်ရှောက်ရေး အလုပ်သမားတစ်ယောက်နဲ့သူမရဲ့ချစ်သူနှစ်ဦးကို အဲဒီ့အမျိုးသမီးရဲ့ သုံးနှစ်အရွယ်သမီးကို သတ်တဲ့အမှုနဲ့ တရားစွဲဆိုထားပါတယ်။

ပြီးခဲ့တဲ့ အပတ်က သူမရဲ့ သုံးနှစ်သမီး ဖြစ်သူ Emma Krueger ကို ဆေးရုံအသည်းအသန်ပို့ရပြီးတဲ့နောက်မှာ အသက် ၂၄ နှစ်အရွယ် Monica Krueger နဲ့ ၂၃ နှစ်အရွယ် Evan Schuessler တို့ကို ကလေးအလွဲသုံးစားပြုလုပ်မှုတွေနဲ့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အခုအခါ သူတို့ကိုပထမဆုံးလူသတ်မှုဒီဂရီနဲ့တရားစွဲဆိုထားတာဖြစ်ပြီး ဒေါ်လာ ၁၅၀၀၀၀ ၀န်ခံကတိနဲ့ထိန်းသိမ်းထားတာဖြစ်ကြောင်း The Wichita Eagle ကဆိုပါတယ်။

ဇွန်ကနှစ်ရက်နေ့က Krueger ကသူမရဲ့သမီး အသက်ရှုတာရပ်သွားတဲ့အတွက် အရေးပေါ်ကိုဖုန်းခေါ်ခဲ့တာဖြစ်ပါတယ်။

အဲဒီ့ကလေးငယ်ကို Wesley Medical Center ကိုခေါ်ဆောင်သွားခဲ့ပြီး အဲဒီ့မှာ ကလေးက တစ်ကိုယ်လုံး အဖုအပိန့်တွေနဲ့ပြည့်နှက်နေပြီး ဦးနှောက်ရောင်ရမ်းမှုဖြစ်နေတယ်လို့ ဆရာဝန်တွေက အာဏာပိုင်တွေကိုပြောပါတယ်။

ဗုဒ္ဓဟူးနေ့ညမှာ အဲဒီ့ကလေးငယ် ဒဏ်ရာတွေနဲ့သေဆုံးခဲ့ပါတယ်။

ကလေးငယ်ဟာ တစ်လခန့်နှိပ်စက်ခံခဲ့ရတယ်လို့ ရဲကယုံကြည်နေကြောင်း KAKE.com ရဲ့အဆိုအရသိရပါတယ်။

Krueger နဲ့ Schuessler တို့ဟာတနင်္လာနေ့က တရားသူကြီးရှေ့မှာအစစ်ခံခဲ့တာဖြစ်ပါတယ်။

နောက်ထပ်ကြားနာမှုကိုတော့ ဇွန်လ ၂၄ ရက်မှာဆက်လက်ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။

Schuessler ဟာ Monica Kruegr၊ Emma တို့နဲ့အတူ သုံးလခန့်အတူနေလာတာဖြစ်ကြောင်းရဲက အစီအရင်ခံခဲ့တယ်လို့ KWCH ကပြောပါတယ်။

‘ဒါဟာ စုံစမ်းစစ်ဆေးဖို့အလွန်ခက်ခဲတဲ့ အမှုကိစ္စပါ’ လို့ ရဲအရာရှိ Todd Ojile က ပြောပါတယ်။





Ref:dailymail.co.uk

Trend Myanmar

မိုးရွာစဉ် ဟန်းဖုန်းရင်ဘတ်ထဲ ထည့်ထားသူ လျှပ်စစ်သံလိုက် စက်ကွင်းမိပြီး သေဆုံး


မိုးရွာစဉ် ဟန်းဖုန်းကို ရင်ဘတ်ထဲထည့်ပြီး လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦး လျှပ်စစ်သံလိုက် စက်ကွင်းမိကာ နှလုံးရပ်၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ်ကြီးမြို့နယ်တွင် ဇွန်လ ၆ ရက်ညနေပိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုးရွာချိန်၌ မိုင်ကုန်း အမျိုးသမီး တစ်ဦးသည် စက်ဘီးတွန်း၍ ရွာသို့ ပြန်စဉ် ဟန်းဖုန်းကို အိတ်ဖြင့်ထည့်ကာ ရင်ဘတ်အတွင်း ထည့်ထားသည်။

ထိုစဉ် လျှပ်စီးလက်ပြီး ဖုန်း တွင်း လျှပ်စစ်ဓာတ်စီးဝင်ကာ ဖုန်းမျက်နှာပြင် ကြေမွပျက်စီးခဲ့သည်။ ဖုန်းအတွင်းရှိ သံလိုက်ဓာတ်ပွင့်ကာ ခန္ဓာကိုယ်(သို့)ထိခိုက်မိပြီး ယင်းနေရာ၌ သေဆုံးနေခြင်းဖြစ်သည်။

‘‘ဖုန်းဖွင့်ထားချိန်ဆို ဖုန်းက နေ လျှပ်စစ်သံလိုက်စက်ကွင်း ထုတ်ပေးနေတယ်။ တာဝါတိုင်က နေလည်း စက်ဝိုင်းပုံလှိုင်းထုတ် ပေးနေတာ ချိတ်မိတဲ့အခါ လိုင်း မိပြီး ဖုန်းသုံးလို့ရတာ။ မိုးခြိမ်း လိုက်တဲ့အခါ အထူးသဖြင့် မိုး ကြိုးပစ်လိုက်ရင် လျှပ်စစ်သံလိုက် စက်ကွင်းမိသွားတဲ့အခါ သံလိုက် ဓာတ်က လူ့နှလုံးကို ရှော့ခ်ဝင်ပြီး နှလုံးရပ်လို့ သေသွားတာပဲ’’ ဟု မိုဘိုင်းဖုန်း ကျွမ်းကျင်သူ ကိုအောင်သူရက ပြောသည်။

မိုးခြိမ်းသံကြားရပါက လျှပ်စစ်ဓာတ် အသုံးပြုရသည့် မီးလုံး၊ မီးချောင်းများနှင့် ဟန်းဖုန်းကဲ့သို့ လှိုင်းလွှင့်ထုတ် အသုံးပြုရသည့် ပစ္စည်းများ သံလိုက်စက်ကွင်းမိပြီးပျက်စီးတတ်သောကြောင့် ပိတ်ထားသင့်သည်ဟု သိရသည်။

7Day Daily

ကမ္ဘာ့ဖလား ဖွင့်ပွဲ အင်တာနက်ပေါ်မှ တိုက်ရိုက် ကြည့်နိုင်မည့်လင့် (World cup 2014 opening ceremony online live stream)

၂၀၁၄ ကမ္ဘာ့ဖလား ဖွင့်ပွဲ Video

ယခုတင်ထားပေးတာကတော့ ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနား video ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ဘော်လုံးပွဲတွေကို အင်တာနက်က တိုက်ရိုက် ကြည့်ချင်တဲ့ သူများအတွက်လည်း အဆင်ပြေအောင် လုပ်ထားပေးပါတယ်။ အောက်က လင့်ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

ကမ္ဘာ့ဖလား ၂၀၁၄ အင်တာနက်မှ တိုက်ရိုက် ကြည့်ရန်

ကြည့်ရန်အဆင်မပြေပါက [email protected] ကို အကြောင်းကြားပေးပါ။



ဖွင့်ပွဲ ဓာတ်ပုံများ (ပုံကိုနှိပ်ပြီး အကြီး ကြည့်ရှုနိုင်ပါသည်)












ကျိုက်ထီးဆောင်းဆရာတော်ကြီး ဓမ္မစေတီခေါင်းလောင်းတော် တည်နေရာ တွေ့ပြီ



ကျိုက်ထီးဆောင်းဆရာတော်ကြီး အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တပညာဒီပထံသို့ ၃၁-၅-၂ဝ၁၄ ရက်စွဲဖြင့် တင်ပြသော ဓမ္မစေတီ ခေါင်းလောင်းေ တ်ာကြီးဆယ်ယူရေးကို လုပ်ဆောင်နေသည့် ဟိန္ဒူဘာသာဝင် စင်ကာပူနိုင်ငံသားပညာရှင်နှစ်ဦး၏အစီရင်ခံစာကို ကျွန်တော်ဖတ်မိသော အခါ ကျေနပ်ပီတိအဟုန်ဖြင့် ကြက်သီး ဖြန်းဖြန်းထ၊ ဝမ်းမြောက်ဂုဏ်ယူစိတ်တွေ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲထွက်လာမိသည်။
ကျိုက်ထီးဆောင်းဆရာတော်ကြီး၏လမ်းညွှန်ဦးဆောင်မှုဖြင့် ရှာဖွေဖော်ဆောင်နေသော ဗုဒ္ဓဘာသာဝင်တို့ နှစ်ကာလ ပရိစ္ဆေဒကြာမြင့်စွာ မျှော်လင့် စောင့်စားနေကြသော  ဓမ္မစေတီခေါင်းလောင်းတော်ကြီး တည်ရှိရာနေရာဌာနကို တွေ့ရှိခဲ့ပါချေပြီ။ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးသည် မြန်မာပြည်သူအပေါင်းတို့၏ နှလုံးသားဝယ် နက်ရှိုင်းစွာ တန်ဖိုးထား တည်ရှိသော အမွေအနှစ်ကြီးတစ်ခု ဖြစ်၏။ အထူးသဖြင့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဆက်စပ် နှီးနွှယ်နေသောအရာဖြစ်သဖြင့်လည်း တတမ်းတတ စောင့်စားမျှော်လင့် နေကြရသော ရတနာတစ်ဆူဖြစ်၏။ ထို့ပြင် တိုင်းတစ်ပါးသားတို့ လုယက် ယူငင်သွားကြကာ၊ မြန်မာ့ရေပိုင်နက် မြစ်ရေပြင်တွင်း၌ နစ်မြုပ်ပျောက်ဆုံးခဲ့ သည်ဖြစ်၍ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိ ကြသူတို့အတွက် အမျိုးဘာသာ သာသနာ နှင့် ဆက်စပ်နေသည်ဖြစ်သောကြောင့် တန်ဖိုးဖြတ်ခြင်းငှာ မစွမ်းနိုင်သော ပြည်သူ့နှလုံးသည်းပွတ်ကြီး ဖြစ်နေ သည်မှာ မဆန်းလှချေ။
ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ၁၄ ရာစုနှစ်တွင် ဓမ္မစေတီမင်းကြီးကသွန်းလုပ်ကာ ရွှေတိဂုံစေတီတော်ကြီးသို့ လှူဒါန်းခဲ့သည်။ သို့သော် ၁၆ ရာစု ကာလတွင် ဤခေါ င်းလောင်းတော်ကြီးကို ပေါ်တူဂီလူမျိုး ဒီဗရစ်တို(ငဇင်ကာ) က ရွှေတိဂုံစေတီတော်ပေါ်မှ လုယက်ယူဆောင်ကာ ဖောင်ဖြင့်သယ်ယူစဉ် ရန်ကုန်မြစ်နှင့် သန် လျင်မြို့ကြား မြစ်သုံးခုဆုံရာတွင် နစ်မြုပ်သွားခဲ့ကြောင်း အဆိုရှိ၏။ သို့ဖြင့် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးသွန်းလုပ်ခဲ့သည်မှာ နှစ်ပေါင်း ၅၃ဝ ကျော် ကြာညောင်းခဲ့ ကာ ရေထဲတွင် နစ်မြုပ်ပျောက်ကွယ်ခဲ့သည်မှာလည်း နှစ်ပေါင်း ၄ဝဝ ကျော်ခဲ့ပြီ။ ဤသမိုင်းဝင်ခေါင်းလောင်းတော်ကြီး  ပြန်လည်ရရှိရေးအတွက် လူမျိုးပေါင်းစုံ၊ အဖွဲ့ အ စည်းပေါင်းစုံတို့က ရည်ရွယ်ချက်မျိုးစုံဖြင့် ရှာဖွေခဲ့ကြသည်။ ရှာဖွေကြရာတွင်လည်း သမားရိုးကျ မြန်မာ့အစဉ်အလာနည်းများအပြင် Sonar System ဖြစ်သော Law Larce HD57 Structure Scan Star Fish Side Scan  အဆင့်မြင့်နည်းပညာဖြင့် ရှာဖွေခြင်းများပါ ပြုလုပ်ခဲ့ကြ၏။
ထို့အပြင် ‘ပဲ့တင်သံလှိုင်းထုတ်လွှင့်တိုင်းတာခြင်း’၊ ‘သုံးဘက်မြင်မြေလွှာတိုင်းတာခြင်း’၊ ‘မြေပြင်ကို ထွင်းဖောက်သည့်ရေဒါစနစ်’ စသည့် ခေတ်မီနည်းပညာနှင့် သိပ္ပံဆိုင်ရာ နည်းလမ်းပေါင်းစုံနှင့်လည်း ရှာဖွေခဲ့ကြ၏။ သို့သော် တွေ့ဖို့နီးလာပြီ၊ တွေ့တော့မည်ဆိုသော ကောလာဟလသတင်းမျိုးစုံ ထွက်ပေါ်လာကာ နောက်ဆုံးတွင် အဖျားရှူး သွားကြတာများ၏။ ရှာဖွေကြရာတွင် မြစ်တွင်း ရှိ သံဓာတ်အနည်းအများပမာဏကို Land Sat နာဆာ ဂြိုဟ်တုဖြင့် ကြည့်ရှုစမ်းသပ်ခြင်းနည်းများအထိ သုံးစွဲကြသည်ဟု ကြားဖူးသည်။
ခေါင်းလောင်းတော်ကြီး နစ်မြုပ်ပျောက်ကွယ်ခဲ့သည်မှာ ရာစုနှစ်လေးစု ကျော်ကြာခဲ့သည့်အပြင် အမျိုးမျိုးအဖုံဖုံ၊ နည်းပေါင်းစုံစွာ အကြိမ်ကြိမ် ရှာခဲ့ကြသော်လည်း တကယ် တမ်းတွင် မတွေ့ခဲ့ကြ။  ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းတော်ကြီးနှင့် ပတ်သက်၍ အယူအဆ၊ ဝိဝါဒပေါင်းစုံလည်း ပေါ်ထွက်လာ၏။ အထူးသဖြင့် ယခုနောက်ပိုင်း တွင် အောက်ပါအချက် ၅ ချက်ကို တစ်နည်းနည်း ကောက်ချက်ချကာ ဆွေးနွေးငြင်းခုံသံတွေ ပိုမိုစီညံလာ၏။
(၁) ဓမ္မစေတီ ခေါင်းလောင်းကြီးဆိုတာ တကယ်ပဲ ရှိခဲ့ရဲ့လား။
(၂) သယ်ဆောင်သွားစဉ် နစ်မြုပ်တယ်ဆိုတာရော ဟုတ်ရဲ့လား။
(၃) နစ်တယ်ဆိုရင်လည်း ရေအောက်မှာ မရှိတော့ဘူး။ မြစ်ကြောင်းပြောင်းလဲမှု ကြောင့် နုန်းတွေအောက်၊ မြေကြီးအောက်မှာ မြုပ်သွားပြီလား။
(၄) ဒီဗရစ်တိုက လက်နက်သွန်းလုပ်ဖို့ ယူသွားတာဆိုရင် ခေါင်းလောင်းကြီးကို အလုံးလိုက်ဘယ်သယ်သွားပါ့မလဲ။ ချိုးဖဲ့ ဖျက်ဆီး အစိတ်စိတ်အမွှာမွှာ ခွဲပစ်သွားမှာပေါ့။
(၅) တန်ချိန် ၃ဝဝနီးပါး (ပိဿာ ၁၈ဝဝဝ) ရှိတာ မဖြစ်နိုင်ဘူး။ အဲဒီခေတ်က ဒီလောက်အလေးချိန်ရှိတဲ့ပစ္စည်းမျိုးကိုသယ်နိုင်တဲ့ သင်္ဘောလည်း မရှိသေးဘူး။
ခရစ်နှစ် ၁၄၇၆ တွင် သွန်းလုပ်ခဲ့သည့် ဤဓမ္မစေတီ ခေါင်းလောင်းတော်ကြီးသည် မြန်မာ့ရှေးဟောင်း ခေါင်းလောင်းတော်ကြီးများထဲတွင် ရှေးအကျဆုံးဖြစ်၏။ ထို့ပြင် Gasparo Balbi ၏ ခရစ်သက္ကရာဇ် ၁၅၈၃ ဒဂုံရောက်မှတ်တမ်းအဆိုအရ ဤခေါင်းလောင်းတော်တွင် စာပေအထောက်အထားများစွာ ရေးထွင်းထားသည်ဟု သိရ၏။ သို့ဆိုလျှင် ဤခေါင်းလောင်းတော်ကြီးသည် သမိုင်းတန်ဖိုးမဖြတ်နိုင်အောင်ပင်ရှိမည်။ အနုပညာလက်ရာ တန်ဖိုး၊ ယဉ်ကျေးမှု အမွေအနှစ် (ပန်းတဉ်းလက်ရာ) အနေဖြင့် လည်း အထောက်အထားများစွာရနိုင်သည်။ ငါးရာစုခေတ် မြန်မာ့သမိုင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သမိုင်းအထောက်အထားလည်း များစွာရနိုင်မည်။
ကျိုက်ထီးဆောင်းဆရာတော်ကြီး၏ ဓမ္မစေတီခေါင်းလောင်းတော်ကြီး ရှာဖွေရေးတွင် ကုန်ကျမှုအဝဝကို ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌဒေါက်တာခင်ရွှေ က လှူဒါန်းခဲ့ သည်။ ဒေါ် လာသန်းချီပြီးမည်မျှကုန်ကုန်၊ စိုက်ထုတ်လှူဒါန်းမည်ဟု ဒေါက်တာခင်ရွှေက ပြောကြားခဲ့သည်။ ခေါင်းလောင်းတော်ကြီး ရှာဖွေရေးအတွက် ရန်ကုန် တိုင်း အစိုးရ အဖွဲ့သို့ အသိပေးတင်ပြခဲ့ကာ၊ ခွင့်ပြုချက် ရရှိခဲ့ပြီး ဖြစ်သည်။
ကျိုက်ထီးဆောင်းဆရာတော်ကြီးက ဓမ္မစေတီခေါင်းလောင်းတော်ကြီးတည်ရှိနိုင်မည့်နေရာအဖြစ် ကုန်းတွင်း ပိုင်းတစ်နေရာနှင့် ရေနက်ပိုင်းသုံးနေရာ ကို ညွှန်ကြား ပြသခဲ့ သည်။ ထိုနေရာများတွင် ဆရာတော်ကြီး တာဝန်ပေးအပ်ထားသော တပည့်သာဝကများက ဝိဇ္ဇာနည်း၊ သိပ္ပံနည်းမျိုးစုံသုံး၍ ရှာဖွေကြသည်။  စင်ကာပူနိုင်ငံအခြေစိုက် Rockwell Collins Ltd.,  မှ ပညာရှင်များကလည်းပူးပေါင်းရှာဖွေကြ၏။ Geoacoutics Geo Pulse Sub Bottom  စနစ် Sonar Acquistic and Processing စနစ် စသောနည်းပညာဆိုင်ရာ ပစ္စည်းပစ္စယများနှင့် ဆရာတော်ကြီး ညွှန်ပြထားသော နေရာများတွင် ရှာဖွေကြသည်။ ၁၈-၅-၂ဝ၁၄ မှ ၂၆-၅-၂ဝ၁၄ အတွင်း ၉ ရက်တိုင်တိုင်  စူးစမ်းရှာဖွေကြရင်းနှင့် ရေအောက် တစ်နေရာ၌ ဓမ္မစေတီခေါင်းလောင်းတော်ကြီးဟု ယုံကြည်ယူဆနိုင်ဖွယ် အထောက် အထားတစ်ခုကို တွေ့ရှိကြ၏။
မိုးတွင်းကာလအလွန်၊ ရာသီဥတုကောင်းမွန်သော အချိန်၊ ရေယာဉ်များ အသွားအလာနည်းပါးသောကာလများတွင် အသေးစိတ် ထပ်မံရှာဖွေရန်သာရှိတော့သည်ဟု Sub-Bottom Profiler Survey Report (31-5-2014) အစီရင်ခံစာတွင် ဖော်ပြထား၏။ ပဲခူးမြစ်နှင့် ငမိုးရိပ်ချောင်း ဆုံအနီးတွင် ရှာဖွေကြခြင်းဖြစ်ကာလာ မည့်ပွင့် လင်းရာသီတွင် အတည်ပြုလုပ်ငန်းများ ဆောင်ရွက်ရန်သာ ကျန်တော့၏။
ထူးခြားသည်မှာကျိုက်ထီးဆောင်း ဆရာတော်ကြီး အကြီးအမှူးပြုသော သံဃာတော်အရှင်မြတ်များ မြစ်လယ်တွင် ပဌာန်းဒေသနာများ ရွတ်ဖတ် သရဇ္ဈယ် တော် မူကြ စဉ်၊ ကျောက်ချထားသော စီဗီတွဲကြီးက တစ်ပတ်လည်ထွက်သွား သည်ကိုကြုံကြရ၏။ ယခုခေါင်းလောင်း တော်ကြီး ရှာဖွေတွေ့ရှိနိုင်မည့် နေရာ သည် ထိုစီဗီ တွဲကြီး ရေ ထဲတွင် ဦးလှည့် သွားရာနေရာပင်ဖြစ်ပြီး ခေါင်းလောင်း တော်ကြီးတည်ရာအရပ်ကို လက်ညှိုးညွှန်ပြနေသကဲ့သို့ ဖြစ်နေ၏။ ယခုတွေ့ ရှိသောနေရာသည် ယခင် က ခေါင်း လောင်းတော်ကြီးရှာဖွေခဲ့ကြရာနေရာ တစ်ခုမှမဟုတ်။   ထို့ပြင် ရှာဖွေရာတွင်ပါဝင်သူ နိုင်ငံခြားပညာရှင် ခေါင်းဆောင်ကလည်း ၎င်း၏ အစီရင်ခံ စာ နောက်ဆုံး စာမျက်နှာတွင် အောက်ပါအတိုင်းသစ္စာပြုတိုင် တည်ထားသည်ကိုလည်း ဖတ်ရှုရ၏။
”ကျွန်ုပ်သည်  စကန္ဒဘုရားရှင်ကို ကြည်ညိုအားထားသော တပည့်သာဝကတစ်ဦးဖြစ်သည်နှင့်အညီ စကန္ဒဗောဓိသတ္တ ဘုရားရှင်ထံမှ တန်ခိုးစွမ်းပကားနှင့် အကူအညီ အထောက်အပံ့ကို တောင်းခံအပ်ပါသည်။ ယခု ရှာဖွေတွေ့ရှိထားသောအရာသည် အမှန်တကယ် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး သက်သေသာဓက စင်စစ်ဖြစ်ရ ပါစေသား။ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ် အမွေအနှစ်ဖြစ်သော ဤခေါင်းလောင်းတော်ကြီးကို ရှာဖွေခွင့်ပြုသည့်အတွက်လည်း ကျေးဇူးများစွာတင်သည့် အပြင်၊ တန်ခိုးတော်အနန္တ စွမ်းပကားများကြောင့် အသေးစိတ်ရှာဖွေ ဖွင့်ဖော်နိုင်ရပါစေ အရှင်မြတ်ဘုရား”
ဤဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ကျိုက်ထီးဆောင်း ဆရာတော်ဘုရားကြီး၏ သီလ၊ သမာဓိ၊ သိက္ခာ၊ အဓိဋ္ဌာန်စွမ်းပကားများကြောင့်  ဆရာတော်ကြီး ညွှန်ပြ သည့်နေရာတွင် ခေတ်အမီဆုံး သိပ္ပံနည်းပညာများဖြင့်ရှာဖွေခဲ့ရာ ယခုနောက်ဆုံးသိရှိရသော မင်္ဂလာသတင်းကောင်းအရ ဆိုလျှင် မြန်မာပြည် သူများအတွက် ငြိမ်းချမ်း မှုနှင့် အောင်မြင်မှုများကို ဆောင်ကြဉ်းလာနိုင်မည့် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ပြန်လည်ပေါ်ထွန်းလာရန် ပိုမိုနီးကပ်လာပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ် ပါ သည်။
ဟိန်းလတ်
popular myanmar

ထိုင်းနိုင်ငံ မြေတူး ရာမှ ကြိမ်စာ သင့်နေသော ရွှေများ မည်သူမျှ မယူရဲအောင် မမြင်ရသော သူများ လာနှောက်ယှက် သဖြင့် အစိုးရဆီကို အလုံးအရင်း ပြန်အပ်



တလောကထိုင်းနိုင်ငံမှာ အဆောက်အဦးဆောက်ဖို့အတွက် မြေတူးရာမှထွက်ပေါ်လာတဲ့ရွှေတွေ၊ရွှေပြားတွေသတင်းကို သားငယ် စာဖတ်သူများဖတ်လိုက်ရမယ် လို့ထင်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖတ်ထလုံခရိုင်မှဆီအုန်းခြံတခုမှ  အဆောက် အဦးဆောက်ဖို့ အတွက်မြေကြီး တူးရာမှရွှေတွေတွေ့ ရလို့တရွာလုံးအုံ့အုံ့ ကျွပ်ကျွပ်မြေလန်ပြီးတူး ကြတာရွှေတွေအတော် ရလိုက် တယ်ဆိုတဲ့ သတင်းတွေဓါတ်ပုံနဲ့ တကွတခန်းတနားဖေါ်ပြကြတယ်။

ဒါပေမဲ့ရွှေရရှိထားတဲ့ရွာ သားအားလုံးနီးပါးဟာ ဆီအုန်းခြံပိုင်ရှင်မှ တဆင့်သက်ဆိုင်ရာ ကိုပြန်အပ်လိုက်ကြတယ် လို့သိရပါတယ်။

အားလုံးပြန်လာအပ်တဲ့ရွှေအလေးချိန်စုစုပေါင်း (2)ကီလိုဂရမ်ပြန်ရတယ်
လို့သက်ဆိုင်ရာက ဆိုပါတယ်။

အခုလိုရွှေတွေကိုသက်ဆိုင်ရာကိုဘာလို့ပြန်လာအပ်ကြတာလည်းလို့ရွာသား
တွေကိုမေးတဲ့အခါမှာတော့.. သူတို့ဟာမြေကြီးထဲကရတဲ့ရွှေတွေကိုကိုယ့်ဟာ
မဟုတ်ဘူးလို့အမြင်မှန်ရလို့လာအပ်တာလည်းမဟုတ်၊

ဒီရွှေတွေရတဲ့သူတွေကိုအစိုးရကအရေးယူဖမ်းဆီးတာကိုကြောက်ရွံ့လို့လည်းမဟုတ်
ဆိုပါတယ်။

တခုထူးခြားတာကဒီရွှေတွေကိုရပြီးနောက်ပိုင်းမှာရတဲ့သူတွေဟာနေထိုင်မကောင်းဖြစ်လာကြ တယ်၊ဆိုးကျိုးတွေနဲ့ကြုံတွေ့လာရတယ်။

တချို့ရွှေရတဲ့လူတွေကိုဆိုညဘက်အိပ်ပျော်နေစဉ်အတွင်းမှာသရဲသဘက်လိုလို၊
ဘီလူးလိုလိုအကောင်ကြီးတွေကငါရွှေတွေပြန်ပေးလို့ညစဉ်ညတိုင်း
အိပ်မက်မြင်မက်ကြပြီးအိပ်မနိုင်အောင်ကြောက်လန့်ခံစားရတယ်လို့ဆိုပါတယ်

အခုရရှိတဲ့ရွှေ တွေဟာကြိမ်စာသင့်နေတဲ့ရွှေတွေဖြစ်တယ်
ဒါကြောင့်၊ရွှေကိုရရှိထားတဲ့ထိုင်းရွာသားတွေဟာ
ထိုရွှေတွေကိုအိမ်မှာမထားရဲကြတော့ပဲအခုလိုသက်ဆိုင်ရာကိုလာအပ်နှံခြင်းသာဖြစ်တယ်လို့ သိရပါတယ်လို့သတင်းမှာရေးသားထားပါတယ်။

သတင်း boonmyomyo

Posted From သား ငယ်

ဂဏန်းဗေဒင်မှလာသောအကျိုးပေးလုပ်ငန်း


ကိုယ့်ဘ၀ အတွက် အသက်မွေး ၀မ်းကြောင်း အလုပ် ရွေးချယ်တဲ့ ကိစ္စအတွက်
အခု တင်မှာက ကိုယ့်ရဲ့ အင်္ဂလိပ်မွေး ရက် မွေးဂဏန်းကို အခြေခံပြီး ရွေးချယ်တာပါ။ အဲဒီတော့ ကိုယ်က ဘာဂဏန်း သမားလဲပေါ့။ ကိုယ်ရဲ့ မွေးဂဏန်းကို အခြေခံပြီး မိမိဘ၀ ဘာလုပ်ငန်းနဲ့ အကျိုးပေးတယ်။ သင့်တော်တယ်ဆိုတာကို စနစ်တကျ ရွေးချယ် နိုင်ကြပါစေကြောင်း စေတနာကောင်းဖြင့် ဖော်ပြပေးလိုက်ပါတယ်။

(၁) ဂဏန်းပိုင်ရှင်များအတွက်အကျိုးပေးအလုပ်

အင်ဂျင်နီယာ
အယ်ဒီတာ
စာရေးဆရာ
လျှပ်စစ်ထူးချွန်ပညာရှင်
ဆန်းသစ်တီထွင်သူ
ကျောင်းဆရာ
လုပ်ငန်းတစ်ခု၏ခေါင်းဆောင်
အကြီးအကဲ
အရောင်းအ၀ယ်ကိုယ်စားလှယ်။
----------------------------------------------------

(၂) ဂဏန်းပိုင်ရှင်များအတွက်အကျိုးပေးအလုပ်

ဂီတပညာရှင်
အနုပညာရှင်
ပန်းပုလုပ်ငန်း
စာရင်းစစ်
နိုင်ငံရေးသမား
အစိုးရအရာရှိ
အကျိုးဆောင်လုပ်ငန်း
---------------------------------------------

(၃) ဂဏန်းပိုင်ရှင်များအတွက်အကျိုးပေးအလုပ်

ဆေးဝါးပစ္စည်း
အစားအသောက်
အလှအပပစ္စည်းအရောင်းအ၀ယ်
စကားပြောကောင်းက ကြော်ငြာကိုယ်စာလှယ်
ဒီဇိုင်းပညာရှင်
အခမ်းအနားပြင်ဆင်ခြင်း
------------------------------------------------

(၄) ဂဏန်းပိုင်ရှင်များအတွက်အကျိုးပေးအလုပ်

ဘောဂဗေဒပညာရှင်
ပုံနှိပ်ပညာရှင်
ဒီဇိုင်းရေးဆွဲသူ
လျှပ်စစ်ပညာရှင်
အဆောက်အဦးပညာရှင်
စာရင်းစစ်
အ၀ယ်တော်
ဘဏ်အရာရှိ
မန်နေဂျာ
ဗိသုကာပညာရှင်
အထည်ချုပ်လုပ်ငန်း
လက်နှိပ်စက်နှင့် ကွန်ပြူတာ
စိတ္တဗေဒပညာရှင်
ဂန္ဓာရီပညာရှင်
စာရေးဆရာ
အယ်ဒီတာ
ရုပ်ရှင်ပညာရှင်
သိပ္ပံပညာရှင်
ဝေဖန်ရေးသမား
လောကီရေးရာ
--------------------------------------------------

(၅) ဂဏန်းပိုင်ရှင်များအတွက်အကျိုးပေးအလုပ်

စိတ္တဗေဒပညာရှင်
ဂန္ဓာရီပညာရှင်
စာရေးဆရာ
အယ်ဒီတာ
ရုပ်ရှင်ပညာရှင်
သိပ္ပံပညာရှင်
ဝေဖန်ရေးသမား
လောကီရေးရာ
--------------------------------------------------

(၆) ဂဏန်းပိုင်ရှင်များအတွက်အကျိုးပေးအလုပ်

ဆေးပညာရှင်
သူနာပြုဆရာမ
ကျောင်းဆရာ
ပန်းချီဒီဇိုင်းပညာရှင်
တရားဟောဆရာ
အကျိုးဆောင်လုပ်ငန်း
အဆိုတော်
----------------------------------------------------

(၇) ဂဏန်းပိုင်ရှင်များအတွက်အကျိုးပေးအလုပ်

နက္ခတ်ပညာရှင်
ဝေဒဆရာ
လက္ခဏာဆရာ
ရှေ့နေ
ပါမောက္ခ
ဘုန်းကြီး
ကျောင်းဆရာ
စာရေးဆရာ
စဉ်းစားဝေဖန်သူ
ရှေ့ဟောင်းပစ္စည်းထိမ်းသိမ်းသူ
သိပ္ပံပညာရှင်
-----------------------------------------------

(၈) ဂဏန်းပိုင်ရှင်များအတွက်အကျိုးပေးအလုပ်

အင်ဂျင်နီယာ
ရှေ့နေ
ဘဏ်အရာရှိ
ကုန်သည်
ထုပ်လုပ်ရေးလုပ်ငန်းနှင့်ဒါရိုက်တာ
စည်းရုံးရေးမှုး
စီးပွားရေးအကြံပေး
သတင်းစာကိုယ်စာလှယ်

---------------------------------------------------

(၉) ဂဏန်းပိုင်ရှင်များအတွက်အကျိုးပေးအလုပ်

ဆရာဝန်
ရှေ့နေ
ကျောင်းဆရာ
အများအကျိုးဆောင်ရွက်သောအလှူရှင်
ကမ္ဘာလှည့်ခရီးသွား
နိုင်ငံခြားနှင့်ပါတ်သက်သောလုပ်ငန်း

-----------------------------------------------------

နည်းနည်းတော့ ယေဘုယျ ဆန်ပါတယ်။ ဒါပေမယ့် ပညာရပ် တစ်ခု အနေနှင့် တင်ပေး လိုက်ခြင်းဖြစ်ပါတယ်။

မြန်မာ.ရိုးရာဗေဒင်ပညာရပ်

ဂြိုလ်သားတွေ ရှိတယ်ဆိုတာ တကယ် ယုံကြည်တဲ့ နာမည်ကြီးအနုပညာရှင်(၈) ဦး



 
Ariana Grande တစ်ယောက် ၀ိညာဉ်တစ္ဆေတွေနဲ့ အဆက်အသွယ်တွေရှိတယ်လို့ ဝန်ခံခဲ့ရာကနေ Kendall Jenner က UFO တစ်စီးကို မျက်မြင်တွေ့ ခဲ့တယ်လို့ ပြောတာတွေအဆုံး ကြည့်ရမယ်ဆိုရင်တော့ နာမည်ကြီးတွေဟာ ဒီကမ္ဘာအပြင်ဘက်က အရာအားလုံးကို ယုံကြည်ပုံပါပဲ။ ဒါဟာ ခေတ်ရေစီးကြောင်းတစ်ခု လို ဖြစ်လာခဲ့ပါတယ်။ တခြား နာမည်ကြီးကြယ်ပွင့်တွေကလည်း ဂြိုလ်သားတွေကို ယုံကြည်ပါတယ်တဲ့။

၁။ Demi Lovato

Late Night တီဗွီအစီအစဉ်မှာ Seth Meyers နဲ့ စကားလက်ဆုံကျခဲ့ရာမှာ Demi က “ ဂြိုလ်သားတွေဟာ တကယ်ရှိတယ်လို့ ကျွန်မ သိတယ်။ ကျွန်မတို့ တွေဟာ ဒီစကြာဝဋာကြီးထဲမှာ တစ်ခုတည်းသော သက်ရှိတွေပါလို့ ယုံကြည်ဖို့ က ကျွန်မတို့ လူသားတွေအနေနဲ့ အတ္တကြီးရာမကျဘူးလား။ ယုတ္တိကျတဲ့အချက်ပဲ၊ ဟုတ်တယ်မလား” လို့ ပြောကြားခဲ့ပါတယ်။



၂။ Niall Horan

ဒီ One Direction ရဲ့ လူချောလေးကလည်း ဂြိုလ်သားလောကအပေါ် ယုံကြည်မျှော်လင့်ချက်ရှိကြောင်း The Sun ကို ပြောကြားခဲ့ပါတယ်။ “နောက်ထပ် ၁၀ နှစ်လောက်ကြာရင် ကျွန်တော်တို့ ရဲ့ ရည်မှန်းချက်ကတော့ အာကာသထဲမှာ ဆင်ဂယ်တစ်ပုဒ်လောက် ရောင်းဖို့ ဖြစ်ပါလိမ့်မယ်။ ဂြိုလ်သားတွေကို ကျွန်တော်တို့ ရဲ့ ဂီတခွေကို ၀ယ်စေချင်တယ်။ ဒါက ဖြစ်နိုင်ပြီး ကြိုးစားကြည့်သင့်တယ်။ One Direction ကို နားမထောင်ချင်တဲ့ သက်ရှိမျိုး ဒီစကြာဝဋာမှာ ဘယ်လိုလုပ်ရှိမှာလဲဗျာ။” လို့ ပြောကြားခဲ့ပါတယ်။



၃။ Bella Throne

သူမကလည်း The Huffington Post နဲ့ အင်တာဗျူးတစ်ခုမှာ သူမရဲ့ ကိုယ်တွေ့ ဂြိုလ်သား တွေ့ ကြုံမှုကို ပြောပြခဲ့ပါသေးတယ်။ “ ကျွန်မတို့ က Disneyland ကို ကားမောင်းသွားနေတုန်း ကောင်းကင်မှာ တော်တော်ထူးဆန်းတဲ့ ၀ိုင်းစက်တဲ့အရာတစ်ခုတွေ့ ခဲ့ရတယ်။ အဲဒီအရာဝတ္ထုမှာ အလင်းရောင်တွေ ထွက်နေပြီး ကျွန်မတို့ တော်တော် ခြောက်ခြားသွားတယ်။  ပြီးတော့ ရုတ်တရက်ပဲ အဲဒါကို ကျွန်မတို့ ကောင်းကင်မှာ ရှာမတွေ့  တော့ဘူး။”



၎။ Jaden Smith

ဂြိုလ်သားတွေရှိသလားဆိုတာ အကောင်းဆုံးသက်သေပြချက်က ဘာများလဲ။ လွယ်ပါတယ်။ အမေရိကန် သမ္မတ ကိုမေးလိုက်ရုံပဲ။ Jaden ကတော့ တကယ်မေးခဲ့တယ်။ Wonderland Magazine ကို ပြောကြားခဲ့ရာမှာ “ ကျွန်တော် သမ္မတ အိုဘားမားကို ကမ္ဘာပြင်ဘက်ကသက်ရှိတွေအကြောင်း မေးခဲ့တယ်။ သူက ဂြိုလ်သားတွေ ရှိလားဆိုတာ ငြင်းလဲမငြင်းဘူး။ ၀န်လည်းမခံဘူး။ ဒါက ဂြိုလ်သားတွေ တကယ်ရှိတယ်လို့ ဆိုလိုတာဗျ။ တကယ်လို့ ကျွန်တော်တို့ တွေပဲ ဒီစကြာဝဋာကြီးမှာ နေထိုင်နေတယ်လို့ ထင်နေတဲ့ လူတွေတော့ တစ်ခုခု လွဲနေပြီ”



၅။ Ariana Grande

Ariana တစ်ယောက် Complex Magazine ကို သူမဟာ ဂြိုလ်သားတွေနဲ့ တစ္ဆေသရဲတွေကို အယုံအကြည်ရှိကြောင်း ပြောကြားခဲ့ပါတယ်။



၆။ Kendall Jenner

Kardashian တစ်မိသားစုလုံးကတော့ ဂြိုလ်သားရှာပုံတော် ခရီးတောင် ထွက်လိုက်ပါသေးတယ်။ ဒီထဲမှာ Kendall တစ်ယောက်တော့ သူမ UFO တစ်စီးကို မြင်တွေ့ ခဲ့တယ်လို့ ကျမ်းကျိန်တောင် ပြောခဲ့ပါသေးတယ်။



၇။ Katy Perry

ဒီ ပေါ့ပ်ကြယ်ပွင့်ကတော့ “Extraterrestrials”ဆိုတဲ့ သီချင်းတစ်ပုဒ်တောင် ရှိပါသေးတယ်။ GQ နဲ့  အင်တာဗျူးမှာတော့ Katy က အခုလို ၀န်ခံပြောကြားခဲ့ပါတယ်။ “ နာမ်ဝိညာဉ်အမြင်တွေကနေတဆင့် အရာအားလုံးကို ကျွန်မ မြင်တွေ့ ရတယ်။ နက္ခတ်ဗေဒင်အတတ်ကိုလည်း ကျွန်မတော်တော်ယုံကြည်တယ်။ ဂြိုလ်သားတွေကိုလည်း ယုံကြည်တယ်”



၈။ Rihanna

The Sun နဲ့ ပြောဆိုခဲ့ရာမှာ “ ကျွန်မအဖေက ကျွန်မကို လှေကားထစ်ခြေရင်းမှာ တစ်ညလုံး ထိုင်ပြီး UFO တွေ ဖြတ်ပျံသန်းတာကို စောင့်ကြည့်ခိုင်းခဲ့တယ်။ ကျွန်မ နှစ်တွေတော်တော်ကြာတဲ့အထိ အဲဒါကို လုပ်နေခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။



Ref: cosmopolitan.com
trend myanmar

အိပ်မက်ထဲက မဇ္ဈိမ နှင့် အိန္ဒိယဒိုင်ယာရီ အပိုင် ( ၃)




မဟာဗောဓိ စေတီတော်မြတ်ဓာတ်ပုံမှတ်တမ်းတွေ ရုပ်ရှင်တီဗွီ မှတ်တမ်းတွေနဲ့ စာအုပ်တွေထဲမှာပဲဖူးတွေ့ခဲ့ ရဖူးတဲ့ မဟာဗောဓိစေတီတော်မြတ်ကြီးကို ဖူးတွေ့ရတဲ့အခါ စာရေးသူရဲ့စိတ်ထဲမှာ ဝမ်း သာမှုနဲ့ဝမ်းနည်းမှုတွေကို တစ်ပြိုင်နက်တည်း ထပ်တူခံစားလိုက်မိပါတယ်။ ဝမ်းသာမိတာ ကတော့ လောကရဲ့အနှိုင်းမဲ့ဗုဒ္ဓမြတ်စွာဘုရား ရှင်အဖြစ်ကိုရောက်အောင် ကျင့်တော်မူခဲ့တဲ့ ဗောဓိပင်နဲ့ ဝဇီရာသနခေါ် ရွှေပလ္လင်တော်ကို ငါဒီဘဝဖူးရပြီဆိုတဲ့ အသိက မြတ်စွာဘုရား ရှင်နဲ့အနီးဆုံးကိုရောက်ခဲ့ရဖူးခဲ့ရသလိုမျိုး ခံစားရပါတယ်။

ဝမ်းနည်းမိတာကတော့ ဒီ လောက်မြင့်မြတ်လှတဲ့ ဒီကမ္ဘာကြီးရဲ့အမြင့် မြတ်ဆုံးသောနေရာတစ်နေရာဟာ မသမာသူမိစ္ဆာဒိဋ္ဌိ တွေရဲ့ အကြိမ်ကြိမ်ဖျက်ဆီးခံရမှု လောကဓံတွေကြောင့် အကောင်းပကတိရှိမနေတော့ဘဲ တချို့ပြိုလဲ ပျက်စီးနေခဲ့ရတဲ့အကြောင်း တွေ့မိခဲ့တာကြောင့် ပါ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး နောက် ဆုံးအမှာစကားတော်ဖြစ်တဲ့ ဝရဓမ္မသင်္ခါရာ 'ဤသင်္ခါရတရားတို့သည် ပျက်စီးနေသော သဘောရှိကုန်၏။ အပ္ပမာဒေနမမေ့မလျော့ ဘဲ သမ္မာဒေဌကောင်းစွာနေရစ်ခဲ့ကြပေတော့ ဆိုခဲ့တဲ့စကားအတိုင်း အရာအားလုံးဟာ ဖြစ်ပြီးရင်ပျက်တတ်တဲ့သဘောရှိပါလားလို့ စိတ်ထဲမှာသံဝေဂဖြစ်မိပါတယ်။ ဒါတွေကိုကြိုမြင်ခဲ့ လို့ မြတ်ဗုဒ္ဓဟာသံဝေဇနိယလေးဌာနကို ဘုရားဖူးလာ ကြလို့ မှာတော်မူခဲ့တယ်လို့ယုံကြည်မိပါတယ်။

ဗုဒ္ဓရဲ့အဆုံးအမတော်တွေကို သက်ဝင်ယုံ ကြည်ကြတဲ့ ပုဂ္ဂိုလ်တိုင်း ဒီသံဝေဇနိယလေးဌာနသို့ လာရောက်ဖူးမြော်ကာ ကြည်ညိုသဒ္ဓါပွားကြဖို့ မြတ်စွာ ဘုရားရှင်ကိုယ်တော်တိုင် လမ်းညွှန်ပြသဆုံးမခဲ့တာမဟုတ်ပါလား။

မဟာဗောဓိစေတီတော်မြတ်ကြီးဟာ ရွှေ ပလ္လင်ရဲ့အရှေ့ဘက်တည့်တည့်မှာ တည်ရှိပြီး ငှက်မြတ် နားတော်အထိ Óဏ်တော် ပေ ၁ဝဝ ကျော်၊ အရှေ့မှ အနောက်သို့ ၅၇ တောင်၊ တောင်မှမြောက်သို့ အတောင် ၅ဝ ရှိပြီး စတုဂံပုံနှစ်ထပ်တည်ထားတဲ့ ကျောက်စေတီ ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ပရိနိဗ္ဗာန်ပြုတော်မူပြီး နှစ်ပေါင်းနှစ်ရာကျော်အကြာမှာ ဗုဒ္ဓဘာသာသာသနာ ပြုမင်းမြတ်ဖြစ်တဲ့ အာသောကမင်းတရားကြီးက မဟာ ဗောဓိစေတီတော်ကြီးနဲ့ဆက်စပ်တဲ့ သာသနာအဆောက် အအုံတော်တို့ကို တည်ထားကိုးကွယ်ခဲ့တာလို့ ခိုင်မာတဲ့သမိုင်းမှတ်တမ်းတွေကဖော်ပြနေပါတယ်။ ဗုဒ္ဓဘာ သာဝင်တွေအတွက် ကျေးဇူးတင်ထိုက်တဲ့လူပုဂ္ဂိုလ်ထဲမှာ စာရေးသူမှတ်မှတ်ထင်ထင် ကျေးဇူးအထူးတင်မိ တာကတော့ အာသောကမင်းကြီးနဲ့ ပုဂံပြည့်ရှင်အနော် ရထာမင်းမြတ်တို့ပါပဲ အကယ်၍များ အာသောကမင်း တရားကြီးသာ Óဏ်အမြော်အမြင်မရှိခဲ့ဘဲ ကိုးတိုင်း ကိုးဌာနကို ရဟန်းတော်များသာသနာပြုခရီးမြ<ွကစေ ခဲ့ရင် အနော် ရထာမင်းကြီးသာ ဗုဒ္ဓဘာသာသာသနာ တော်ကိုမစောင့်ရှောက်ပေးနိုင်ခဲ့ရင် စာရေးသူတို့ရဲ့ လက်ရှိ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင်အများစု နေထိုင် ရာအရပ်ဖြစ်စရာမရှိဘဲ ပါကစ္စတန်၊ အာဖဂန်နဲ့ အင်ဒို နီးရှား၊ မလေးရှားတို့လို့ ဖြစ်မလားလို့တွေးကာ ပူပန်မိခဲ့ တာပါ။

မဟာဗောဓိစေတီတော်မြတ်ကြီးနဲ့ ဗောဓိ ပင်တော်မြတ်တို့အား ခရစ်နှစ် ခုနစ်ရာစုအစောပိုင်း ကာလအထိ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ပူဇော် ရာဌာနဖြစ်ခဲ့ပါသတဲ့။ ခေတ်အဆက်ဆက်ပြုပြင်စောင့် ထိန်းထားခဲ့လို့ ဒီမြေမြတ်မဟာဒေသမှာ နှောင့်ယှက် ဖျက်ဆီးမှုဒဏ်ကကင်းလွတ်ခဲ့ဖူးတယ်လို့ မှတ်တမ်းများ အရသိရှိခဲ့ရပါတယ်။ ခရစ်နှစ်ရှစ်ရာစုအလယ် အေဒီ ၇၅ဝ က အေဒီ ၁၁၆၂အထိ အိန္ဒိယအလယ်ပိုင်းကိုအုပ် ချုပ်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင်ပါလမင်းဆက်အထိ ဒီဒေသ တွေဟာ ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ခံဖြစ်ခဲ့ တယ်ဆိုတာကို လွမ်းမောဖွယ်မှတ်သားမိခဲ့ပါတယ်။
ဗုဒ္ဓဂယာဒေသအပေါ် မြန်မာလူမျိုးများရဲ့ စိတ်ဝင်စားမှုဟာ ရှေးလွန်ခဲ့သော နှစ်ပေါင်းထောင်ချီက တည်းကစတင်ခဲ့တယ်လို့ဟု စာရေးသူထင်မြင်ယူဆ မိပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားအဖြစ်ရောက်တော်မူပြီး နောက် သတ္တမသတ္တဟမှာ သီတင်းသုံးနေစဉ်က မြန်မာ နိုင်ငံဥက္ကလာပမြို့သား ကုန်သည်ညီနောင်တဖုဿနဲ့ ဘလ္လိကတို့နှစ်ဦးဟာ ဘုရားရှင်ကို အဦးဆုံးဖူးမြော်ပြီး ဘုရားရှင်ထံက ဒွေဝါစိကသရဏဂုံအဦးဆုံးတည်ခဲ့တဲ့ မြန်မာနိုင်ငံသားများအဖြစ်မှတ်သားခဲ့ဖူး ပါတယ်။

အေဒီ ၁၁ ရာစုခေတ် မြန်မာ နိုင်ငံရဲ့ ထေရဝါဒသာသနာပြုမင်းကြီးဖြစ်တဲ့ အနော်ရထာမင်းကြီးလက်ထက်ကစပြီး အမြစ် တွယ်ခဲ့ရတဲ့ ပုဂံခေတ်ဘုရားရှင်သာသနာတော် အခြေတည်ခဲ့စဉ်ကတည်းက ဖြစ်ဖွယ်ရှိပါတယ်။ သမိုင်းမှတ်တမ်းများအရတော့ အေဒီ ၁၂ ရာစု ခေတ် အိန္ဒိယနိုင်ငံအစ္စလာမ်ဘာသာဝင်များ လက်ထက်ကျရောက်ခဲ့ပြီးနောက်ပိုင်း မဟာ ဗောဓိဒေသဟာ ဘာသာခြားတို့ရဲ့ဖျက်ဆီးမှု ဒဏ်ကို ကြိမ်ဖန်များစွာခံ ခဲ့ရပါတယ်။ အေဒီ ၁၄ ရာစုမှာတော့ မြန်မာမင်း များက မဟာဗောဓိဒေသ ကို ပြန်လည်ထိန်းသိမ်းစောင့် ရှောက်ခဲ့တယ်လို့ မှတ်တမ်း များကဆိုပါတယ်။
မဟာဗောဓိစေတီ တော်ကြီးနဲ့ မဟာဗောဓိပင်ကြီး ကို မြန်မာသက္ကရာဇ် ၁၁ဝ၇ ခုနှစ်ခန့်က ရခိုင်ဘုရင်မင်း လက်ျာက တစ်ကြိမ်မွမ်းမံတယ် လို့ ဆိုပါတယ်။ မြန်မာသက္ကရာဇ် ၁၂၃၉ ခုနှစ်မှာတော့ သာသနာပြုမင်းကြီးတစ် ပါးဖြစ်တဲ့ မင်းတုန်းမင်း ကြီးဟာ ဝိတို ရိယဘုရင်မကြီးထံဆက်သွယ်ပြီး ထိုခေတ်အခါ ရူပီသန်း ၇ဝ တန်ဖိုးရှိတဲ့ ငွေကြေးပစ္စည်းဥစ္စာများ ကို မဟောဗော ဓိဒေသအတွက်လှူဒါန်းခဲ့ပြီး ဘုရင်မကြီးက မင်းတုန်း မင်းကြီးကိုယ်စား စေတီတော်ကြီးနဲ့ မဟာဗောဓိပင်ကို ပြုပြင်မွမ်းမံပေးခဲ့တယ်လို့ဆိုပါတယ်။ မင်းတုန်းမင်းကြီး ဟာကောင်းမှုအစုစုတို့အတွက် ပါဠိမြန်မာနှစ်ဘာသာ နဲ့အခိုင်အမာ ကျောက်စာတိုင်ကြီးများဖြင့် စိုက်ထူခဲ့ပြီး နောက်ပိုင်း ထိုကျောက်စာတိုင်ကြီးဟာ ကျွဲ၊ နွားများအ တွက် အစားအစာသိုလှောင်ရာဂူကြီးအဖြစ်ရောက်ရှိ ပြန်ပါတယ်။

မြန်မာသက္ကရာဇ် ၁၂၉၅ ခုနှစ်မှာတော့ မြန်မာဗုဒ္ဓဘာသာဝင် ရဟန်းတော်များနဲ့ လူပုဂ္ဂိုလ်ဘုရား ဖူးအဖွဲ့တစ်ဖွဲ့ဟာ ဗုဒ္ဓဂယာကိုရောက်ရှိဖူးမြော်ခဲ့ကြပြီး ပြုပြင်လှူဒါန်းမှုတွေပြုလုပ်ခဲ့ကြောင်း ကျောက်စာမှတ် တမ်းအရသိခဲ့ရပါတယ်။ မြန်မာသက္ကရာဇ် ၁၈၁၁ ခုနှစ် ဝန်းကျင်ကလည်း ဘိုးတော်ဘုရားက ဗုဒ္ဓသတ္တဌာနရှာ ဖွေဖော်ထုတ်ရေးအတွက် သံတမန်အဖွဲ့တစ်ဖွဲ့ကိုစေ လွှတ်ခဲ့ဖူးတယ်လို့ဆိုပါတယ်။ ခရစ်သက္ကရာဇ် ၁၈၃၃ ခုနှစ်မှာလည်း မြန်မာနိုင်ငံမှ မင်းကြီးမဟာစည်သူအဖွဲ့ ဘုရားဖူးလာခဲ့ဖူးကြောင်း သိခဲ့ရပါတယ်။

မဟာဗောဓိစေတီတော်အဆင်းမှာပဲ ဂိုက် ဖြစ်သူက ဗုဒ္ဓဖြစ်တော်စဉ်နဲ့ပတ်သက်ပြီး အကျယ်တဝင့် ရှင်းပြပါတယ်။ ဗုဒ္ဓဝင်နဲ့ပတ်သက်ပြီး အများစုအချက်အ လက်တွေကတော့ စာရေးသူတို့ ဗုဒ္ဓဘာသာဝင်တွေအ များစုက ရင်းနှီးပြီးသားဖြစ်နေတော့ စေတီတော်ကြီး ကိုဖူးမြော်ဖို့ကိုပဲ အားလုံးကစိတ်အား ထက်သန်နေကြ ပါတယ်။ တဖုဿနဲ့ ဘလ္လိကညီနောင်နှစ်ဦးဟာ မြတ်စွာ ဘုရားကို ပျားမုန့်ဆွမ်း ဆက်ကပ်လှူဒါန်းတဲ့နေရာရောက် တော့ စာရေးသူစိတ်ထဲအတိအ ကျဖော်ပြလို့မရတဲ့ ဝမ်း သာဝမ်းနည်းခံစားမှုကို တစ်ပြိုင်နက်တည်းခံစား နေခဲ့မိပါတယ်။ အတ္တစွဲလို့ပြောလို့ရမယ်။ မြတ်စွာဘုရား ရှင်ကိုယ်တော်မြတ်ကြီး ဘုရား အဖြစ်ကိုရောက်တော်မူခိုက် ပထမဆုံးဘုရားလောကမှာ ပွင့်ပြီလို့ လူသားထဲကသိမြင် ဖူးမြော်ခွင့်ရတာ ငါတို့ဆီကပါ လားဆိုတဲ့ အသိရယ်ကြောင့် ဝမ်းသာမိတာပါ။ တကယ်လည်း မြတ်စွာဘုရားရှင် ကိုယ် တော်မြတ်ကြီး ဘုရားဖြစ်ခါစမှာ အဲဒီနေရာတစ်ဝိုက်က ဆိတ်ကျောင်းသားတွေ၊ နွားကျောင်းသားတွေ မြင်တွေ့ ကြပေမယ့် ဘုရားကို ဘုရားမှန်းတရားကို တရားမှန်းသိ မြင်နိုင်တဲ့ အဘိÓဏ်မရှိသူတွေဖြစ်တာကြောင့် ဘုရား ရှင်ကိုယ်တော်တိုင် လောကသတ္တဝါတွေအပေါ် တရား အလင်းရောင်မဖြန့် တော့ဘူး။ တရားမဟောတော့ဘူး ရယ်လို့ အကြံတော်ဖြစ်ခဲ့တယ် လို့မှတ်သားခဲ့ဖူးပါတယ်။ ဝမ်းနည်းမိခဲ့တာကတော့ ဒီလောက်ထူးမြတ်တဲ့နေရာ ဒေသကြီးတစ်ခုဟာ မိစ္ဆာဝါဒီတွေကြောင့် နှစ်ပေါင်း များစွာ အဖျက်ဆီးခံ၊ အမေ့လျော့ခံဖြစ်နေခဲ့ရတယ်ဆိုတဲ့ အတွေးကြောင့်ပါပဲ။

မဟာဗောဓိစေတီတော်မြတ်ကြီးအပြင် ဘက်နံရံတော်ဆီက ယနေ့တိုင်မပျက်စီးဘဲရှိနေခဲ့တဲ့ ရှေးဟောင်းလက်ရာတွေကိုတွေ့မြင်ရတဲ့အခါ ဝမ်းမြောက် ဝမ်းသာဖြစ်ရပြန်ပါတယ်။ စာရေးသူတို့ ဘုရားဖူးအဖွဲ့နဲ့အတူ စေတီတော်မြတ်ကြီးနဲ့ မဟာဗောဓိပင်မြစ်ကို ဖူးမြော်ဖို့ဝင်လာကြသူ အများစုကတော့ စာရေးသူတို့ မြန်မာနိုင်ငံက ဘုရားဖူးအဖွဲ့များ ပဲဖြစ်ပါတယ်။ တရုတ်၊ တိဗက်၊ ထိုင်း၊ ဂျပန်နဲ့ အိန္ဒိယနွယ်ဘုရားဖူး အဖွဲ့တွေကိုလည်း မြင်တွေ့ခဲ့ကြရပါတယ်။


ဆက်ပါဦးမယ်။
=========================================
ဇော်ဝင်းခိုင်
Flower News Journal | Vol-10, No-22


Yangon Media Group



မနက်စောစောထတတ်သူတွေ ခံစားရလေ့ရှိတဲ့ အကျိုးကျေးဇူးများ




   
မနက်စောစော အိပ်ယာထတတ်သူတွေဟာ ကျန်းမာရေးအရရော၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ နဲ့ လုပ်ငန်းခွင်ထဲက ယုံကြည်မှု ရှိမှုအရာတွေမှာ အိပ်ယာထနောက်ကျသူတွေထက် ပိုတဲ့ ကောင်းကျိုးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။ မနက်စောစော ထတတ်တဲ့သူတွေဟာ ကိုယ်လက်လေ့ကျင့်ခန်း နဲ့ လူမှုရေးပိုင်းဆိုင်ရာ ပါဝင်လှုပ်ရှားမှုတွေ ပိုမိုတတ်ပြီး အိပ်ယာပုံမှန်ထလေ့မရှိတဲ့သူတွေ၊ အိပ်ယာထနောက်ကျတတ်တဲ့သူတွေထက်စာရင် ပိုပြီး သွက်သွက်လက်လက် ရှိပါတယ်။

၂။ပျော်ရွင်ကျေနပ်မှုရှိတဲ့ အပိုင်းမှာလည်း ဒီလိုပါပဲ။ သူတို့ဟာ စိတ်ကြည်လင်နေတဲ့အတွက် ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်သလို ပိုပြီးတော့လည်း အကောင်းမြင်တတ်ပါတယ်။

၃။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေတတ်ပါတယ်။ အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင်လည်း ဒါကို ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုးတွေ ရှိနေတတ်ပါတယ်။

၎။အစားအသောက်ပုံမှန် စားဖြစ်တဲ့အတွက် ကျန်းမာရေးပိုကောင်းစေပါတယ်။ အိပ်ယာထနောက်ကျလို့ မနက်စာ မစားဖြစ်ပဲ နေ့လည်စာတန်းစားတာမျိုးလည်း မဖြစ်တော့ပါဘူး။

၅။လွယ်လွယ်ကူကူ စိတ်ဓာတ်မကျတော့ပါဘူး။ ဆေးပညာမှတ်တမ်းတွေ၊ စစ်တမ်းကောက်ချက်တွေအရဆိုရင် မနက်စောစော အိပ်ယာထတတ်တဲ့သူတွေဟာ စိတ်ကျဝေဒနာခံစားရတာမျိုး သိပ်မရှိသလို အလုပ်ကြောင့်၊ လူမှုရေးတွေကြောင့် စိတ်ဓာတ်ကျတာမျိုးတွေလည်း သိပ်မဖြစ်ပါဘူးတဲ့။

Ref:womenshealthmag.com
trend myanmar