အမှန်အတိုင်းပြောရင် သက်သာမယ် - ဟာသ

ပို့စ်တင်ချိန် - 6/12/2014 09:29:00 AM



ဂီတသမားလူငယ်တစ်ယောက်သည် နိုင်ငံရေးကိုလည်း အခါအားလျှော်စွာ
လုပ်လေ့ရှိသည်။ ထိုအကြောင်းကို ထောက်လှမ်းရေးက အနံ့ရသဖြင့် သူသွားလေရာ
တကောက်ကောက် လိုက်နေတော့သည်။

တစ်နေ့တွင် ကံဆိုးစွာဖြင့် ထိုဂီတသမားလူငယ်
စစ်ဆေးခံလိုက်ရသည်။ သူ့လက်ထဲ ဂီတသင်္ကေတစာအုပ်တစ်အုပ် ပူးတွဲပါလာသည်။
ထောက်လှမ်းရေးအဖွဲ့က ကြိုးစားဖော်ထုတ်ပါသော်လည်း အဓိပ္ပာယ်ရှာမရ၍
ထိုအမှတ်အသားများသည် စကားဝှက်ဖြစ်နိုင်သည်ဟု ကောက်ချက်ချလိုက်သည်။
သူလျှိုမှုဖြင့် ထိုလူငယ်ကို အမှုတတ်လိုက်သည်။

“ဒါ ဗီသိုဗင်ရဲ့တေးသွားပါ၊ စကားဝှက်မဟုတ်ပါဘူး”
လူငယ်က အကြောက်အကန်ငြင်းဆန်ရင်းပြောနေသော်လည်း ဂရုမထားဘဲ  အခန်းတစ်ခုထဲ
သီးခြားချုပ်ထားလိုက်ပြီး နာရီဝက်ခန့်ကြာသောအခါ ထောက်လှမ်းရေးအရာရှိ ဝင်လာသည်။

“ကဲ ကိုယ့်လူ၊ အမှန်အတိုင်းပြောရင် သက်သာမယ်။ ဗီသိုဗင်က အားလုံးဖွင့်ချပြီးပြီကွ”

ရဲစတိုင်း


The Myanma Age