သန်းခေါင်မှာ လကို ထပစ်တဲ့ အမေရိကန် အမျိုးသား တစ်ဦး

ပို့စ်တင်ချိန် - 6/12/2014 08:17:00 PM




အမေရိကန် ပြည်ထောင်စု၊ အရီဇိုးနား ပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသား တစ်ဦး ဖြစ်ပါတယ်။ ည သန်းခေါင် အိပ်ရာက ထပြီး လကို တည့်တည့် ချိန်လို့ သေနတ်နဲ့ အဆက်မပြတ် ပစ်ခတ် ပါတော့တယ်။


လန့်နိုးသွားတဲ့ သူ့ အမျိုးသမီးက ကြောက်အားလန့်အားနဲ့ ရဲကို ဖုန်းဆက် အကြောင်းကြား ပါတော့တယ်။ ပတ်ဝန်းကျင် အိမ်များမှာ နေထိုင်သူ များလည်း ကြောက်လှန့် သွားကြ ပါတယ်။ အသက် ၃၉ နှစ်ရှိပြီ ဖြစ်တဲ့ အမျိုးသား ဖြစ်ပါတယ်။ ရဲများရဲ့ စစ်ဆေးချက် အရ သူဟာ လကို ထိမှန်ရန် ပစ်လိုတဲ့ ဆန္ဒရှိကြောင်း ဖြေကြား ပါတယ်။ ယင်းဖြစ်ရပ် မတိုင်မှီ သူဟာ မူးယစ် ဆေးဝါး အသုံးပြုခဲ့တာကိုလည်း တွေ့ရှိခဲ့ ပါတယ်။

ဒါကြောင်းမို့ ဆေးကြောင့် အာရုံထွေပြားပြီး အသိမဲ့ လုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ယင်းဖြစ်ရပ်ဟာ အခြားလူ အသက်အန္တရာယ်ကို မထိခိုက် ခဲ့ပေမယ့် မူးယစ်ဆေးကြောင့် အပြစ်မဲ့ လူများ သေဆုံးရတဲ့ ဖြစ်ရပ် များစွာ ရှိနေကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)