အဆိပ်ချ ငါးဖမ်းဆီးမှုများကြောင့် ဆွာချောင်းရိုးတစ်လျှောက် ငါးပြုန်းတီးလာ

ပို့စ်တင်ချိန် - 6/12/2014 07:47:00 AM


ရေတာရှည်၊ ဇွန် ၁၁

သားငါးကဏ္ဍသည် နေ့စဉ်ပြည်သူများ စားသုံးသည့် ဟင်းလျာများတွင် အဓိကပါဝင်လျှက်ရှိပြီး ရေတာရှည်မြို့နယ်တွင် အနောက်မှ အရှေ့သို့စီးဆင်းနေသော ဆွာချောင်းသည် ဒေသတွင်း ငါးရှာသူများအတွက် အားထားရသည့် နေရာလည်းဖြစ်သည်။ ယခုနောက်ပိုင်း ကာလများ၌ ငါးဖမ်းရာတွင် ပိုက်ကွန်ကို အသုံးပြုသူနည်းလာပြီး ရှောခ့်တိုက်ဖမ်းဆီးခြင်း၊ အဆိပ်ချ ငါးဖမ်းဆီးခြင်းတို့ကြောင့် ငါးမျိုးများစွာ ပြုန်းတီးသွားပြီဖြစ်ကြောင်း ဒေသခံများကပြာပြသည်။ " ကွန်ပစ်တဲ့သူတွေက ဆိုင်ကယ်နဲ့လာတာ တစ်ခါလာရင် ငါးယောက်ခြောက်ယောက် လောက်ပါတယ်။ ရှောခ့်တိုက်တဲ့ ပစ္စည်းတွေလည်းပါတယ်၊ နောက်အဆိပ်ပါချတယ်။ ငါးသေတွေဆို မြင်လို့မကောင်းဘူး တစ်ချိုးငါးတွေဆို ပုပ်တောင်နေပြီ"ဟု သိုင်းဝကျေးရွာအုပ်စု၊ သမယ်ဆယ် ကျေးရွာနေ ဦးအေးငွေက ပြောပြသည်။

MOI Webportal Myanmar