အမျိုးသမီးတစ်ဦး ဖန်တီးထားတဲ့ ထောင်ချောက်နဲ့ ကျားသစ်ကို ဖမ်းဆီး

ပို့စ်တင်ချိန် - 6/12/2014 09:46:00 AM


အိနိ္ဒယနိုင်ငံမှာရှိတဲ့ ကျေးရွာတစ်ရွာမှာ အမျိုးသမီးတစ်ဦး ဖန်တီးထားတဲ့ ထောင်ချောက်နဲ့ ကျားသစ်တစ်ကောင်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရ ပါတယ်။ ထရိုဂျန်အာရပ် ဒေသမှာရှိတဲ့ စိုက်ခင်းတွေမှာ ကျားသစ်တစ်ကောင်ဟာ ထကြွသောင်းကျန်းခဲ့ပြီး၊ ရွာနားဝန်းကျင် က ကျွဲ၊ နွားတွေကို သတ်ဖြတ် စားသောက်ခဲ့ပါတယ်။ ဘီယာဂျန်တီ အမည်ရ အမျိုးသမီး တစ်ဦးပိုင်ဆိုင် ထားတဲ့ ကျွဲ၊ နွား အကောင် (၃၀) ဟာ သုံးလအတွင်း ကျားသစ်ကြီး ရဲ့ စားသောက်မှုကြောင့် စိတ်ဒုက္ခ ရောက်ခဲ့ပါတယ်။ ဒီနောက် ဘီယာဂျန်တီဟာ သက်ဆိုင်ရာ တာဝန်ရှိ သူတွေထံ သွားရောက်ပြီး အကူအညီတွေ တောင်းခံခဲ့ပါတယ်။ ဒါပေမဲ့ တာဝန်ရှိသူ တွေဟာ ကျားသစ်ကြီးကို ဖမ်းဆီးပေးနိုင်မယ့် ကတိစကား ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် ဘီယာဂျန်တီ ဟာ ကိုယ်ပိုင် အစီအစဉ်နဲ့ ကျားသစ်ကြီးကို ဖမ်းဆီးနိုင်ဖို့ ထောင်ချောက်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ထောင်ချောက်နားမှာ ကျားသစ်လာဖို့ သွေးဆောင် ဖြားယောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာ ကျားသစ်ကြီးဟာ ထောင်ချောက်ထဲ သက်ဆင်းသွားခဲ့ရပြီး၊ အဖမ်းခံလိုက် ရပါတယ်။ ဒေသခံ ရွာသားတွေက ရဲစွမ်းသတိ္တ အပြည့်နဲ့ ကျားသစ်ကြီးကို ဖမ်းပေးခဲ့တဲ့ ဘီယာဂျန်တီကို ချီးကျူးစကားတွေ ပြောကြားခဲ့ပါတယ်။


The Messenger's Eventure Detail
www.messengernewsjournal.com
messenger news journal