သန့် ရှင်းစင်ကြယ်စွာ လက်ဆေးနည်း လမ်းညွှန်

ပို့စ်တင်ချိန် - 6/12/2014 07:06:00 AM


ခန္ဓာကိုယ်တစ်ခုလုံးမှာ အညစ်ပတ်ဆုံးနေရာက လက်ဖ၀ါး နှင့် လက်ချောင်းများဖြစ်ပါတယ်။ သင်တစ်နေ့ ကို ဘယ်နကြိမ် လက်ဆေးလေ့ရှိပါသလဲ ? ဘယ်လိုဆေးပါသလဲ ? တကယ်ရော သန့် စင်အောင်ဆေးပါသလား ?



ရှေးဦးစွာ လက်ကို ရေဖြင့်လောင်းချပြီး၊ ဆပ်ပြာအလုံအလောက်သုံး၍-

လမ်းညွှန်(၁)။ လက်ကို ပက်လက်လှန်ပြီး၊ လက်ဖ၀ါးနှစ်ဖက်ကို သေသေချာချာပွတ်ပါ။

လမ်းညွှန် (၂)။ လက်ကို မှောက်ပြီး၊ လက်ဖမိုးများကို သေသေချာချာပွတ်ပါ။

လမ်းညွှန် (၃)။ လက်ဖ၀ါး နှစ်ဘက်မျက်နှာချင်းဆိုင်ထားပြီး၊ ဘယ်-ညာ လက်ချောင်းကြား အချင်းချင်း ပွတ်တိုက်ဆေးကြောပါ။

လမ်းညွှန် (၄)။ လက်ကိုမှောက်၍ ဘယ်-ညာ လက်ချောင်းကြား အချင်းချင်း ပွတ်တိုက်ဆေးကြောပါ။

လမ်းညွှန် (၅)။ လက်မကို စက်ဝိုင်းသဏ္ဍာန်ပွတ်တိုက်ကာ၊ လက်မ နဲ့ လက်ညှိုးကြား အရေပြားများကို ဘယ်-ညာ အပြန်အလှန် ခပ်ဖွဖွကုတ်ခြစ် ဆေးကြောပါ။

လမ်းညွှန် (၆)။ လက်သည်းကြားမှာရှိတဲ့ ချေး(ဂျီး)ညှော်တွေ စင်အောင် ဘယ်လက်ဖ၀ါးပေါ် ညာလက်ချောင်းများဖြင့်ကုတ်ခြစ်ပါ။ တဖန် ညာလက်ဖ၀ါးပေါ် ဘယ်လက်ချောင်းများဖြင့်ကုတ်ခြစ်ပါ။

လမ်းညွှန် (၇)။ ဘယ်-ညာ လက်ကောက်ဝတ် နှစ်ဘက်ကို အပြန်အလှန်စက်ဝိုင်းသဏ္ဍာန် ပွတ်တိုက်ဆေးကြောပါ။

အားလုံးပြီးသွားရင်တော့ ရေအလုံအလောက်လောင်းချပြီး၊ ရေများကိုခပ်ကြမ်းကြမ်းခါထုတ်ကာ ခြောက်သွေ့ သန့် စင်တဲ့ လက် သုပ်ပုဝါ(သို့ မဟုတ်)တစ်ခါသုံးတစ်ရှုး တို့ ဖြင့် ရေစင်အောင် သုတ်လိုက်ပါ။ သန့် ရှင်းစင်ကြယ်သော လက်များဖြင့် ကျမ္မာပျော်ရွှင် နိုင်ကြပါစေကြောင်း….။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်..ပေါက်ပေါက်…..မျှဝေသည်)
(ကိုးကား။ Healthy Guides 29th May 2013)

photo>> edubuzz.org