လူကုန်ကူးသူ လှေတစ်စင်းပေါ်က ပစ်ခတ်မှုကြောင့် လူ ၅ဦး သေဆုံး

ပို့စ်တင်ချိန် - 6/12/2014 09:31:00 AM


မလေးရှားနိုင်ငံကို ​လှေတွေနဲ့ ​သွားရောက်ဖို့ ​ကြိုးစားပြီး ​ရိုဟင်ဂျာတွေ ​လိုက်ပါသွားတဲ့ ​လှေတစ်စင်းဟာ ​ဘင်္ဂလားပင်လယ်အော်မှာ ​ပြဿနာနဲ့ ​ကြုံတွေ့ခဲ့တဲ့အတွက် ​လူ ​၅ ​ဦးသေဆုံးပြီး ​အယောက် ​၂၀၀ ​လောက် ​ဒဏ်ရာရရှိခဲ့ပါတယ်။


ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ (Credit: AFP)
သေဆုံး ​သူတွေဟာ ​ထိုင်းလှေ ​အမှုထမ်းနဲ့ ​လူကုန်ကူးသူ ​တွေရဲ့ ​ပစ်ခတ် ​ချက်ကြောင့် ​သေဆုံး ​ရတာ ​ဖြစ်ပါတယ်။

လူကုန်ကူးသူတွေနဲ့ ​ထိုင်း ​အမှုထမ်း ​တွေက ​သူတို့ ​ကို ​မလေး ​ရှား ​နိုင်ငံကို ​ခေါ်သွား ​မယ် ​လို့ ​ပြော ​ခဲ့ပေမယ့် ​ခေါ်မသွားပဲ ​နောက်ထပ် ​ခရီးသည် ​တွေကို ​စောင့်ပြီး ​လူတွေ ​ထပ်တင်နေ ​ခဲ့တဲ့အတွက် ​ခရီးသည် ​တွေက ​မကျေမနပ် ​ဖြစ်ခဲ့တာ ​ဖြစ်ပါတယ်။

အဲ့ဒါအပြင် ​သူတို့ ​ကို ​လည်း ​လှေ ​ပေါ်မှာ ​နှစ်ပတ်ကြာ ​နေခိုင်းပြီး ​အစား ​အသောက် ​လုံလုံ ​လောက်လောက် ​မကျွေးတဲ့အတွက် ​ပြဿနာ ​စ ​ဖြစ်ခဲ့တာလို့ ​ဘင်္ဂလားဒေ့ရှ် ​အာဏာ ​ပိုင်တွေက ​ပြောပါတယ်။

အဲဒီလှေပေါ်မှာ ​ရိုဟင်ဂျာ၊ ​ဘင်္ဂလားဒေ့ရှ် ​လူမျိုးတွေ ​အပြင် ​ထိုင်းလှေ ​အမှုထမ်းနဲ့ ​လူကုန်ကူး ​သူတွေ ​လိုက်ပါသွား ​တယ်လို့ ​ဆိုပါတယ်။

လူပေါင်း ​၃၁၈ ​ယောက်ထဲက ​၂၃ ​ယောက်လောက် ​သေနတ်ဒဏ်ရာ ​ရရှိခဲ့ပြီး ​တခြား ​အယောက် ​၁၅၀ ​ကျော် ​ကတော့ ​ဓားဒဏ်ရာနဲ့ ​ရုန်းရင်း ​ဆန်ခတ်ကနေ ​ဒဏ်ရာရခဲ့သလို ​တချို့ကလည်း ​အစာရေစာ ​ငတ်မွတ်တဲ့ဒဏ် ​ခံနေရတယ်လို့ ​ဆိုပါတယ်။

အဲဒီအတွက် ​လူကုန်ကူးမှုမှာ ​ပါဝင်တဲ့ ​ထိုင်းလှေအမှုထမ်းနဲ့ ​မြန်မာလူကုန်ကူးသူကို ​ဖမ်းဆီးလိုက်ပြီ ​ဖြစ်ပါတယ်။

ပြဿနာဖြစ်နေတုန်း ​လှေပေါ်က ​ဆင်းဖို့ ​ကြိုးစားချိန်မှာ ​တခြားလှေက ​လူကုန်ကူးသူတွေ ​သူတို့ကို ​သေနတ်နဲ့ ​လှမ်းပစ်ခဲ့တာ ​ဖြစ်တယ်လို့ ​ခရီးသည်တွေက ​ပြောပါတယ်။

ခရီးသည်တွေဟာ ​သူတို့ကို ​မလေးရှားနိုင်ငံကို ​ခေါ်ဆောင်သွားဖို့ ​လူကုန်ကူးသူတွေကို ​ဒေါ်လာ ​နှစ်ထောင် ​(မြန်မာကျပ်ငွေ ​သိန်း ​၂၀ ​နီးပါး) ​ပေးဆောင်ခဲ့ရတယ်လို့ ​ဆိုပါတယ်။


ABC radioaustralia