တပ်ကုန်းပြဿနာအပြီး NLDပါတီဝင်များ အောက်တန်းကျသည့် နိုင်ငံရေး မလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်တားမြစ်

ပို့စ်တင်ချိန် - 6/12/2014 09:28:00 AM


တပ်ကုန်းပြဿနာ အပြီးတွင် NLD ပါတီဝင်များ၏ အပြုမူ တစ်ချို့ကြောင့် NLD ပါတီဝင်များ အနေဖြင့် အောက်တန်းကျသည့် နိုင်ငံရေး မလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တားမြစ်လိုက်ကြောင်း သိရသည်။

အဆိုပါ ပြောကြားချက်အား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြုလုပ်ခဲ့သည့် ဗဟိုအစည်းအဝေး ပထမနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်ကာ အစည်းဝေးအား သုံးရက်တိုင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အနေနဲ့ ဥပဒေအောက်အတွင်းကနေ တည်ငြိမ်း အေးချမ်းစွာနေမယ်။ ဒါကိုတန်ပြန် ကန့်ကွက် ဆန္ဒပြတာတွေက တည်ငြိမ်မှုကို ပျက်ပြားစေတာဖြစ်တယ်။ ကျွန်တော်တို့က တရားဝင် ပါတီ၊ တရားဝင်လည်း ပူးပေါင်း ဆောင်ရွက်နေတယ်။ ဥပဒေ ဘောင်ထဲက သွားမယ်လို့ ကျွန်တော်တို့ ခေါင်းဆောင်ကလည်း ပြောပြီး ရှမ်းပြည်နယ်မှာ အသတ် ခံရတာနဲ့ ပတ်သက်လို့ ဗဟိုရဲ့သဘောထား၊ ကျွန်တော်တို့က ဖြစ်စဉ်ကို ကြည့်ရမယ်။

ဘာကိစ္စလည်း အထောက်အထား ခိုင်ခိုင်လုံလုံ ရှိရမယ်။ တချို့ကလည်း ကိုယ်ဟာကို ဖြစ်တာနဲ့ ပါတီကို ဆွဲယူတာမျိုး မဖြစ်ချင်ဘူး။ တကယ်အဖြစ်မှန်ကို သိချင်တယ်။ ဒါကိုဗဟို အနေနဲ့ ဆက်လက် ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု NLDမှ ဦးဝင်းမြင့်က ဖြေကြားခဲ့ပါသည်။

ယင်းအပြင် ပါတီဝင်များ အနေဖြင့် အချို့ အချို့သော ဖြစ်ရပ်များတွင် ပါတီကို ဆွဲထည့်ခြင်းမျိုး ဆောင်ရွက်မှု မပြုကြရန်နှင့် ပါတီ အနေဖြင့် ဥပဒေ ဘောင်ထဲမှသာ ရပ်တည် ဆောင်ရွက်လျှက် ရှိနေကြောင်းကိုလည်း NLDမှဦးဝင်းမြင့်က အစည်းဝေး တတိယနေ့တွင် ပြောကြားခဲ့ကာ ယင်းအစည်းဝေးများမှ နောက်ဆုံး ရလဒ်အနေဖြင့် အစည်းအဝေးမှ ဆုံးဖြတ်ချက် (၅)ချက်နှင့် ရှေ့လုပ်ငန်းစဉ် (၄)ရပ်တို့ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

“အာဏာဆိုတာ ဥပဒေကပေးရမှာ လိုချင်ရင်တောင်၊ ကျွန်တော်ကို ဒီအာဏပေးပါလို့၊ ရွေးကောက်ပွဲနဲ့ NLD ရဲ့ ဆက်ဆံရေးကလည်း ပုံမှန်ပါပဲ ပိုပြီးတော့လည်း မရင်းနှီးဘူး။ ထူးထူးခြားခြားလည်း များတာ မဟုတ်ဘူး။ သူတို့ကို ဥပဒေနဲ့အညီပဲ ဆက်ဆံသွားမယ်။

တစ်ညလုံး အတိုင်းအတာနဲ့က လွှတ်တော် ကိုယ်စားလှယ်တို့ အချိန် အတိုင်းအတာအရ အခက်အခဲရှိတယ်။ အဲဒါကို စဉ်းစားတယ်။ သို့သော်လည်း ဘာမှမဆုံးဖြတ်ဘူး”ဟု ပါတီခေါင်းဆောင်ပိုင်း တစ်ဦးမှ ထပ်မံပြောကြားခဲ့သည်။

Tomorrow