ပုလောမြို့ရှိ မူလတန်းကျောင်းထဲ ဓားကိုင်ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွား

ပို့စ်တင်ချိန် - 6/12/2014 09:31:00 AM



တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းထဲသို့ အသက် ၄ဝ ကျော် လူတစ်ဦးက ဓားကိုင်ဝင်ရောက် တိုက် ခိုက်မှုတစ် ခုဖြစ်ပွား ခဲ့ကြောင်း ပုလောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်အစ ၅ ရက်မြောက်နေ့တွင် ပုလောမြို့နယ်အပိုင် ရေချိုကျေးရွာ အမကကျောင်းတွင် ထိုဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပု လောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက အတည်ပြုပြောသည်။

ကျောင်းစတက်သည့်အချိန်တွင် အသက် ၄ဝ ကျော်အရွယ်ဆွံ့အနားမကြားသူတစ်ဦးက ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ကျောင်းတံခါးမှန်များကို ရိုက်ခွဲခြင်း၊ ဆရာ ဆရာမ များနှင့် ကျောင်းသားကျောင်းသူများကို ဓားကိုင်ကာနှောင့်ယှက်ခဲ့ကြောင်း၊ အကြမ်းဖက်မှုကြောင့် ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တစ်စုံတစ်ရာ ထိခိုက် ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း ၎င်းအရာရှိ က ဆက်ပြောသည်။
ရဲ၏ လတ်တလောစုံစမ်းချက်အရ ပြစ်မှုကျူးလွန်သူကို ချက်ချင်းဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲထားခြင်းမရှိသည့်အပြင် စိတ်ဖောကပြန်သူတစ်ဦး လည်းမဟုတ်ဟု သိရသည်။ ”အသေးစိတ်ကို ကျွန်တော်တို့ ဆက်လက်စုံစမ်းနေပါတယ်”ဟု ၎င်းက ထပ်လောင်းဆိုသည်။ ပုလောမြို့နယ် ရဲတပ်ဖွဲ့က (ပ)၃၈/၂ဝ၁၄၊ ဥပဒေပုဒ်မ ၄၄၇/၅ဝ၆ တို့ဖြင့် ထိုဆွံ့အနားမကြားသူကို အမှုဖွင့်ထားသည်။

Popular Journal