မီးရှို့ထားတဲ့ အုန်းသီးကို ဘောလုံးအဖြစ် ဆော့ကစားခြင်း

ပို့စ်တင်ချိန် - 6/12/2014 09:47:00 AM


လာမယ့် ဇွန်လ(၁၂) ရက်မှာ ၂၀၁၄ ကမ္ဘာ့ ဖလားပြိုင်ပွဲကြီး စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ ဖလားပြိုင်ပွဲနဲ့ ပတ်သက်ပြီး လှုံ့ဆော်မှု တွေကိုလည်း ကမ္ဘာတစ်ဝှမ်း ပြုလုပ်နေရာ အင်ဒိုနီးရှား နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မြင်ကွင်း ကတော့ ထူးခြားခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မီးရှို့ထားတဲ့ အုန်းသီးကို မကြောက်မရွံ့ ကစားခြင်းကြောင့် ဖြစ်ပါတယ်။ အုန်းသီးကို ရေနံဆီ စိမ်ကာ မီးရှို့ပြီး ဘောလုံး အဖြစ် ဆော့ကစားခြင်း ဖြစ်ပါတယ်။ ဒီကစား နည်း ကို အင်ဒိုနီးရှား နိုင်ငံက ကျောင်းသားတွေ မကြာခဏ ကစားလေ့ ရှိပါတယ်။ တကယ်တော့ ဒီကစားနည်းဟာ အင်ဒိုနီးရှားရိုးရာ သိုင်းပညာဖြစ်တဲ့ ပန်ကြပ်ဆီလက် နဲ့ ဆက်စပ်မှု ရှိတယ်လို့သိရပါတယ်။ ပန်ကြပ်ဆီလက် ကစားနည်းဟာ အင်ဒိုနီးရှားနိုင်ငံမှာ အထူးရေပန်းစားပြီး နေပြည်တော်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲ မှာလည်း ထည့်သွင်းယှဉ်ပြိုင်ခဲ့ တယ်လို့ သိရပါတယ်။


The Messenger's Eventure Detail
www.messengernewsjournal.com
messenger news journal