အဝေးရောက် အနီးရောက်တို့ ပြည်တော်ပြန်ဖို့

ပို့စ်တင်ချိန် - 6/12/2014 07:29:00 AM



အညာဘက်က လူတွေဆီက ရင်ဖွင့်သံတွေ ကြားရတာ စိတ်မကောင်းစရာပါ။ ထန်းတက်မယ့် ထန်းသမား ရှားလာတယ်တဲ့။ ပဲစိုက်မယ့်၊ ကြက်သွန်တူးမယ့် လုပ်သားတွေလည်း နည်းလာနေသတဲ့။ အညာဖျင်ကြမ်းထည်တွေ ရက်လုပ်ဖို့  အညာကထွက်တဲ့ ၀ါ ဂွမ်းကလည်း အထွက်ကျလာသ တဲ့။ ၀ါစိုက်နေကျ တောင်သူတွေ လည်း ဂွမ်းမစိုက်ချင်တော့ဘူးလို့ ကြားရတယ်။ ကိုက်မှ မကိုက်တာ ကိုး။ ယာထဲဆင်းဖို့ အရွယ်ကောင်း အလုပ်သမားတွေတဖြည်းဖြည်း ချင်း ရှားပါးလာနေတာ ကာလ အတော်ကြာခဲ့ပါပြီ။ ဘယ်ရောက် ကုန်တာလဲဆိုတာ မေးရတော့ တာပေါ့။ လူငယ်တွေ တိုင်းပြည် တာဝန်ထမ်းဆောင်ဖို့ စစ်ထဲကို လှိမ့်ဝင်ကုန်လို့ လုပ်သားရှားပါး လာတာလား။ လုံးဝမဟုတ်ပါ။  အိမ်နီးချင်းတိုင်းပြည်အသီးသီးမှာ အလုပ်အကိုင်ရှာဖွေဖို့ ကိုယ့် နည်းကိုယ့်ဟန်နဲ့ ရောက်ကုန်ကြ တယ်ဆိုတာ အဖြေထွက်လာပါ တယ်။

ချင်းပြည်နယ်မှာလည်း အ ညာဘက်ကလို အလားတူပြဿ နာနဲ့  ရင်ဆိုင်နေရတယ်လို့ သိရ ပြန်ပါတယ်။ ချင်းပြည်နယ်နဲ့ ကပ် လျက် အိန္ဒိယနိုင်ငံက မီဇိုရမ်ပြည် နယ်ထဲမှာ  ချင်းလူငယ်  လူရွယ် ပေါင်း ငါးသောင်းလောက် ရရာ အလုပ်တွေ ရှာဖွေလုပ်ကိုင်ရင်း အသက်မွေးနေရတယ်လို့ ဆိုပါ တယ်။ ရခိုင်ပြည်နယ်ထဲက လူ ငယ်တွေကတော့ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ အလုပ်လုပ်တာက အများစုလို့ ဆိုနိုင်ပါတယ်။ ကယားပြည်နယ်ထဲက လူငယ်တွေကတော့ နယ်စပ်မျဉ်းနဲ့ ကပ်လျက်သား ထိုင်းနိုင်ငံကို ၀င်ငွေရှာဖို့ ထွက်ကြပါတယ်။

မြန်မာပြည်က နိုင်ငံသားအ များစုကြီး လူတစ်ဦးချင်းအနေနဲ့ ယေဘုယျအားဖြင့် ပြောရမယ်ဆို ရင် ဆင်းရဲသားက အများစုပါ။ ကျောင်းထွက်တာလည်း စောကြ ပါတယ်။  ထမင်းနပ်မမှန်တော့ ကျောင်းထွက်ရတော့တာပေါ့။ ရရာအလုပ်ကို ရှာဖွေလုပ်ကြရ တော့တာပေါ့။ ပြည်နယ်တစ်ခု ချင်းအနေနဲ့ ကြည့်မယ်ဆိုရင် ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ကယား ပြည်နယ်ဟာ အဆင်းရဲဆုံး ပြည် နယ်တွေလို့ ဆိုနိုင်ပါတယ်။ အဲဒီ လို ဆိုလိုက်လို့ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်တွေက ချမ်းသာနေတယ်လို့ မဆိုလိုပါ။ အဆိုပါ ပြည်နယ်သုံးခုဟာ အဆင်းရဲဆုံးထဲက  ပိုပြီး ဆင်းရဲနေဆဲ ပြည်နယ်တွေ၊ ဒေသတွေ ဖြစ်တယ်လို့ ပြောချင်တာပါ။

ထိုင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံ သားလုပ်သားတွေ လက်ညှိုးထိုး မလွဲ တွေ့နိုင်ပါတယ်။ ဥပမာ တစ်ခုလောက် ပြောပါ့မယ်။ ထိုင်းနိုင်ငံအရှေ့ဘက်ပင်လယ်ထဲက ကိုထောင်ဆိုတဲ့ ကျွန်းငယ်လေးတစ်ခုကို ဟိုးတစ်လောက ကျွန်တော်ရောက်သွားပါတယ်။ မြန်မာပြည်တောင်ဖျားဆုံးက ကော့သောင်းမြို့နဲ့ အမည်က ဆင်ပါတယ်။ ကျွန်းကလေးက အတော်လေးသေးပေမယ့် လှပါတယ်။ ကျွန်းရဲ့ အရှေ့အနောက် မော်တော်ဆိုင်ကယ်စီးလိုက်ရင် ဆယ်မိနစ်လောက်သာ ကြာပါတယ်။ အဲဒီကျွန်းကို သွားလည်တဲ့သူအများစုက အနောက်တိုင်းသားတွေ ဖြစ်ပါတယ်။ အဲဒီကျွန်းမှာ အဓိကလုပ်ကိုင်ကြတဲ့ လုပ်ငန်းကတော့ ရေငုပ်ဒိုင်ဗင်လုပ်ငန်းပဲ ဖြစ်ပါတယ်။ အဲဒီကိုလာတဲ့ နိုင်ငံခြားသားတွေက ရေငုပ်ဝတ်စုံတွေ အောက်ဆီဂျင်ဘူးတွေနဲ့ ရေတိမ်ပိုင်း ဒါမှမဟုတ် ရေနက်ပိုင်းတွေမှာ အပျော်တမ်းရေငုပ်ကြတာ များပါတယ်။ တစ်ခါမှ ရေမငုပ်ဖူးတဲ့သူတွေလည်း ရေငုပ်နိုင်အောင် စီစဉ်ထားပါတယ်။ နိုင်ငံခြားသားနဲ့ ထိုင်းလုပ်ငန်းရှင်တွေ ဖက်စပ်လုပ်ကိုင်နေတဲ့  ရေငုပ် ဒိုင်ဗင်ရက်တိုသင်တန်းတွေ အ များကြီး ရှိပါတယ်။ လိုအပ်တဲ့ အခြေခံရေငုပ်သင်တန်းကို ပို့ချ ပါတယ်။ နှစ်ရက်လောက် ရက် တိုသင်တန်း တက်ပြီးရင်ရေငုပ် ဆရာနဲ့အတူ ပင်လယ်ထဲမှာ ရေ ငုပ်လို့ ရပါတယ်။ ပိုက်ဆံတော့ နည်းနည်းပိုကုန်တာပေါ့။

နိုင်ငံခြားသားတွေ လာပြီး ရေငုပ်တယ်ဆိုတော့  တည်းခို ခန်းနဲ့ စားသောက်ဆိုင်တွေ၊ ဘား ခန်းတွေ အစရှိတဲ့ လုပ်ငန်းတွေ လည်း တွဲပါလာပါတယ်။ အဲဒီ စားသောက်ဆိုင်နဲ့ တည်းခိုခန်း တွေမှာ မြန်မာနိုင်ငံသားတွေ အ လုပ်လုပ်ကြတာပါ။ ရခိုင်အမျိုး သား အများအပြား အဲဒီကျွန်းပေါ် မှာ အလုပ်လုပ်ပါတယ်။ ပဲခူး တိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း ဘက်က လူတွေလည်း အတော် များပါတယ်။ ကျွန်တော်တည်းခို ခဲ့တဲ့ အသေးစားတည်းခိုခန်းနဲ့ စားသောက်ဆိုင်မှာတော့ မန်နေဂျာက မြန်မာလူမျိုးပါ။ လုပ်သက်က နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ ပိုင်ရှင်က ရာထူးတိုးပေးထားတာလည်း ဖြစ်ပါတယ်။

အဲဒီ မြန်မာမန်နေဂျာကို ကျွန်တော်က  မေးပါတယ်။ ဒီ ကျွန်းပေါ်မှာ  မြန်မာနိုင်ငံသားဘယ်လောက်များ အလုပ်လုပ်ကြသလဲလို့ မေးတော့ တစ်သောင်းဝန်းကျင်လောက်ရှိမယ်လို့  သူက ဆိုပါတယ်။ အဲဒီလောက်များမှန်း ဘယ်လိုလုပ်ပြီး သိသလဲလို့ ကျွန်တော်က ပြန်မေးပါတယ်။ မန်နေဂျာက ဒီလိုရှင်းပြပါတယ်။ မြန်မာပြည်က နာမည်ကြီး ဆရာတော်တစ်ပါးကို တစ်နှစ်မှာ ဖိတ်ကြားပြီး တရားပွဲလုပ်တယ်လို့ ဆိုပါတယ်။ တရားပွဲက နှစ်ညလုပ်တာလို့ သိရပါတယ်။ တစ်ညကို မြန်မာလုပ်သားလေးထောင်ဝန်းကျင်လောက် လာပြီး တရားနာကြတယ်လို့ ဆိုပါတယ်။  နှစ်ညဆိုတော့ ရှစ်ထောင်ပေါ့။အဲဒါအပြင် ထိုင်းအလုပ်ရှင်က  ခွင့်မပေးလို့ လာပြီး တရားနာခွင့်မရတဲ့  အလုပ်သမားတွေပါ  ထည့်ပေါင်းရင် တစ်သောင်းလောက်ရှိမယ်လို့ ခန့်မှန်းခြင်း ဖြစ်ပါတယ်။

ဟိုဘက်ထိပ် ဒီဘက်ထိပ် ခဲ တစ်ပစ်လောက်ပဲရှိတဲ့  ကျွန်းက လေးပေါ်မှာ  မြန်မာနိုင်ငံသား တစ်သောင်းလောက် အလုပ်လုပ် နေတယ်ကြားရတော့ ပထမတော့ ဟုတ်ပါ့မလားလို့ ထင်မိပါတယ်။ မြန်မာမန်နေဂျာက အဲဒီလို ရှင်းပြ တော့မှ ကျွန်တော် သဘောပေါက် ပါတယ်။ အဲဒီ ကိုထောင်ကျွန်းက နေ သင်္ဘောနှစ်နာရီလောက်စီး ရင် ‘‘ကိုစမွှီး’’ လို့ခေါ်တဲ့ ကျွန်းကြီး တစ်ခုကို ရောက်ပါတယ်။ ကိုစမွှီး ကျွန်းကတော့ တော်တော်ကြီးကို ကြီးပါတယ်။ နိုင်ငံခြားသား ဧည့် သည် သိန်းနဲ့ချီပြီး လာလည်တဲ့ ကျွန်းကြီးတစ်ခု ဖြစ်ပါတယ်။ ကို ထောင်မှာတောင်  မြန်မာလုပ် သား တစ်သောင်းလောက် ရှိ တယ်ဆိုတော့ ကိုစမွှီးဆိုရင် ပိုများ မယ်ဆိုတာ တွက်နိုင်ပါတယ်။ နောက်တစ်ခုကတော့ ထိုင်းနိုင်ငံ မှာ အကြီးဆုံးကျွန်းကတော့ ဖူး ခက်ပါပဲ။ အဲဒီ ဖူးခက်မှာတော့ မြန်မာနိုင်ငံသား အလုပ်သမား သုံးသိန်းကျော် လေးသိန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ အခု ပြော တဲ့ နမူနာဟာ ကျွန်းသုံးကျွန်းကို တည်ပြီးပြောခြင်းသာ ဖြစ်ပါသေး တယ်။ ထိုင်းတစ်နိုင်ငံလုံးက လုပ် ငန်းပေါင်း မြောက်မြားစွာမှာ ၀င် ရောက်လုပ်ကိုင်နေတဲ့ တခြား မြန်မာပြည်သားတွေကို ထည့်မ တွက်ရသေးပါဘူး။

မြန်မာနိုင်ငံထဲက ရိုးရာလုပ် ငန်းတွေမှာ လုပ်သားအင်အား နည်းနည်းလာတယ်ဆိုတာ မဆန်း ပါဘူး။ ၀င်တဲ့ဝင်ငွေက စိုက်ထုတ် ရတဲ့ လုပ်အားနဲ့ အချိုးမညီတာ ကြောင့် ထိုင်းနိုင်ငံက ခရီးသွားနဲ့ ဧည့်ကြိုလုပ်ငန်းတွေရဲ့ အောက် ခြေသိမ်းအလုပ်တွေကို လုပ်ဖို့ ရောက်နေကြတာကိုးလို့ မှန်းလို့ ရနိုင်သွားတာ ဖြစ်ပါတယ်။ ထိုင်းရဲတွေ၊ လူဝင်မှုကြီးကြပ်ရေးအာ ဏာပိုင်တွေအတွက်တော့ မြန် မာလုပ်သားတွေဟာ ငွေတွင်းလို ဖြစ်နေတယ်လို့ အဆိုပါ မြန်မာ မန်နေဂျာက ရှင်းပြပါတယ်။ ဘာကြောင့်တုံးဆိုတော့  လုပ်သား တိုင်းမှာ တရားဝင်အလုပ်လုပ် ခွင့်  ကတ်ပြားနဲ့ နိုင်ငံခြားလုပ် သား  ပတ်စ်ပို့မရှိကြတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ တိုတို ပြောရရင် တရားဝင်လက်မှတ်မရှိသူတွေ ရဲတွေ့တိုင်း ဆက်ကြေးပေးရပါတယ်။ လက်မှတ်ရှိနေသူတွေတောင် မကြာမကြာ ကြံဖန်ပြီး အညစ်ခံနေရတာကိုး။

ထိုင်းနိုင်ငံတစ်ခုတည်းမှာပဲ အခုဆိုရင် မြန်မာလုပ်သား အရေအတွက်ဟာ သုံးသန်းကျော်နေပြီလို့ ဆိုပါတယ်။ လေးသန်းလောက်လည်း ရှိနိုင်တယ်လို့ တချို့သော လေ့လာသူများက ဆိုပါတယ်။ မလေးရှားမှာတော့ မြန်မာလုပ်သား အရေအတွက်ဟာ ရှစ်သိန်းနဲ့ တစ်သန်းကြား ရှိနိုင်တယ်လို့ ပြောကြပါတယ်။ ယေဘုယျအားဖြင့် ပြောရရင် ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေဟာ သူများမလုပ်ချင်တဲ့ အောက်ခြေသိမ်းအလုပ်တွေကို လုပ်ကြရတာပါ။ အဆင့်နိမ့်လုပ်သားတွေ သာဖြစ်ပါတယ်။ ဆိုင်ရာဆိုင်ရာပညာရပ်နဲ့ ရပ်တည်နိုင်တဲ့ အနေအထားမရှိပါဘူး။

အဲဒါပေမဲ့ စင်ကာပူမှာတော့ မြန်မာနိုင်ငံသား အတော်များများ ဟာ ပညာရပ်တစ်ခုခုကို အခြေပြု ပြီး အလုပ်လုပ်ကိုင်ကြတာ ဖြစ်ပါ တယ်။ အခုဆိုရင် စင်ကာပူမှာ တရားဝင်အလုပ်လုပ်နေတဲ့ မြန် မာနိုင်ငံသားဟာ သုံးသိန်းကျော် သွားပြီလို့ ဆိုပါတယ်။ တချို့က လည်း လေးသိန်းလောက်ရှိနေပြီ လို့ ပြောကြပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်ကာပူစတဲ့ တိုင်းပြည်တွေမှာသာမက အခုဆိုရင် တရုတ်ပြည်ထဲအထိ အလုပ်သွားလုပ်နေတဲ့ လူတွေလည်း များသထက်များလာပါတယ်။ ကားရေဆေး၊ ဓာတ်ဆီပန့်ကိုင်၊ ပန်းရန်၊ အိမ်ဖော်အစရှိတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်သူတွေများပါတယ်။ တရုတ်ပြည်ထဲမှာ သွားအလုပ်လုပ်တဲ့ သူများကတော့ အများအားဖြင့် အထက်မြန်မာပြည်က များတယ်လို့ဆိုပါတယ်။

မြန်မာပြည်က အရွယ် ကောင်းလုပ်သားအင်အားတွေ သန်းနဲ့ချီပြီး သူတစ်ပါးနိုင်ငံက ကုန်ထုတ်လုပ်မှုတွေအတွက် သူ တို့လုပ်အားကို ရောင်းချနေတယ် လို့  ဆိုရင်လည်း မမှားပါဘူး။ ပညာမတတ်သူကလည်း အောက် ခြေအလုပ်တွေကိုလုပ်၊  ပညာတတ်သူကလည်း သက်ဆိုင်ရာ အလုပ်တွေကိုလုပ်ကြပါတယ်။ ပြောရရင်တော့ မြန်မာနိုင်ငံကနေ အိမ်နီးချင်းတိုင်းပြည်တွေမှာ သွားပြီး   အလုပ်လုပ်တဲ့သူတွေဟာ ပညာတတ်ရင်လည်း တတ်သလို၊ ပညာမတတ်ရင်လည်း မတတ်သလို သူတစ်ပါးတိုင်းပြည် တိုးတက်ဖွံ့ဖြိုးဖို့အတွက် အလုပ်လုပ်ပေးနေရတယ်ဆိုတာ မြင်နေရပါတယ်။

မြန်မာနိုင်ငံသားတွေ မျိုးချစ် စိတ်မရှိလို့ နိုင်ငံခြားတိုင်းပြည်မှာ ကျွန်ခံနေတာ မဟုတ်ပါ။ မြန်မာ နိုင်ငံသားတွေ ငွေမက်လို့ နိုင်ငံ ခြားတိုင်းပြည်တွေကို ထွက်ခွာနေ တာမဟုတ်ပါ။ မိမိမွေးရပ်မြေမှာ ရပ်တည်ဖို့ မလောက်ငတဲ့အတွက် ဘေးနိုင်ငံများမှာ သွားပြီး အလုပ်လုပ်ရခြင်းသာ ဖြစ်ပါတယ်။ ဘေးနိုင်ငံတွေမှာ အလုပ်လုပ်တော့ မြန်မာပြည်ထက် ၀င်ငွေကောင်းသေးတယ်ဆိုပေမယ့် အများကြီး ခေါင်းပုံဖြတ်ခံရပါတယ်။ အနိုင်ကျင့်ခံရပါတယ်။ အစော်ကားလည်း ခံရပါသေးတယ်။ ၀မ်းနည်းဖို့ အကောင်းဆုံးကတော့ ထုတ်လုပ်လိုက်တဲ့ လုပ်အားတွေဟာ ကိုယ့်တိုင်းပြည်အတွက် မဟုတ်ဘဲ သူတစ်ပါး ကောင်းစားဖို့ ဖြစ်နေခြင်းပါ။

အခုလို တိုင်းပြည်ရဲ့ လုပ် သားအင်အားတွေ ဆုံးရှုံးနေရတာ ဘယ်သူတွေမှာ တာဝန်ရှိပါသ လဲ။ သမ္မတကြီး တက်ခါစက ပြောသလို ကိုယ့်တိုင်းပြည်ကို ပြန်လာပြီး အလုပ်လုပ်ဖို့ ဖိတ်ခေါ်တယ်ဆိုတာ ဒီပုံအတိုင်းဆို ဖြစ်နိုင်ပါ့မလား။ ပညာမတတ်တဲ့သူတွေလည်း ပြန်လာဖို့ မဖြစ်နိုင်သလို ပညာတတ်တွေလည်း ပြန်လာဖို့ မလွယ်လှသေးပါ။ အဲဒါ အပြင် နေ့စဉ်ဆိုသလို နယ်ခြားမျဉ်းကို တရားမ၀င်ဖြတ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံတွေကို မြန်မာပြည်သားလူငယ်တွေ အစုလိုက်အပြုံလိုက် ထွက်ခွာနေပါတယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းတွေအတိုင်းဆိုရင် မြန်မာပြည်ဟာ ဂျီဒီပီတက်လာတယ်။စီးပွားရေးဦး မော့လာတယ်။ ဆင်းရဲနွမ်းပါးမှု အရင်ကထက် လျော့ကျလာတယ်လို့ ဆိုထားပါတယ်။ အဲဒါ တွေသာ အမှန်အတိုင်းဆိုရင် တော့ နှစ်အနည်းငယ်အတွင်း အ ဝေးရောက်၊ အနီးရောက် မြန်မာ ပြည်သားတွေ ပြန်လာကြမှာပါ။ နောက်နှစ်ပေါင်းများစွာ ကြာတဲ့ အထိ  ပြန်မလာကြသေးဘူးဆို ရင်တော့ သမ္မတကြီး ပြောပြောနေတဲ့ ဂျီဒီပီကောင်းလာတယ်၊ စီးပွားရေး ဦးမော့လာတယ်၊  ဆင်းရဲနွမ်းပါးတာ လျော့ကျလာတယ်ဆိုတာ မိန့်ခွန်းထဲ ထည့်ပြောဖို့ သက်သက်သာ တီထွင်ထားတယ်လို့ ပြောရတော့မှာပါ။

တိုင်းပြည်တစ်ခုဟာ သဘာ ၀အရင်းအမြစ်တစ်ခုတည်းအ ပေါ်မှာ မှီခိုနေလို့ တိုးတက်လာ စရာမရှိပါဘူး။ ကုန်ထုတ်လုပ် ငန်းတွေ ဖွံ့ဖြိုးလာပါမှ ကုန်ချောတွေထုတ်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ ဈေးကွက်တွေကို တင်ပို့ နိုင်မှသာ သမ္မတကြီး ပြောခဲ့သလို ဂျီဒီပီတွေ တက်လာမှာဖြစ်သလို ဆင်းရဲမွဲတေမှုလည်း အမှန်တကယ် လျော့ကျသွားမှာဖြစ်ပါတယ်။ အဲဒီလိုအချိန် ကာလကို ရောက်တော့မှသာ ဆုံးရှုံးနေရတဲ့ လုပ်သားအင်အားစုကြီး (သို့ မဟုတ်) အဝေးရောက် အနီးရောက် ကာယနဲ့ ဉာဏလုပ်သားများ ပြည်တော်ပြန်မှာ ဖြစ်ပါကြောင်း။

7day