ဆေးပြင်းလိပ်သောက်နေသည့်အဆိုတော်အေသင်ချိုဆွေ၏ play boyတတိယစီးရီးကာဗာကြောင့်ဝေဖန်မှု များထွက်ပေါ်

ပို့စ်တင်ချိန် - 6/12/2014 07:46:00 AM


အေသင်ချိုဆွေ၏ တတိယတေးစီးရီး ကာဗာသည် ဆေးပြင်းလိပ်သောက်နေသည့်ပုံဖြင့် ရိုက်ကူးထားခြင်းကြောင့် ပရိသတ်ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။ မြန်မာယဉ်ကျေးမှုတွင် အမျိုးသမီးများ ဆေးလိပ်သောက်ပါက ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည်ဟု အယူအဆများရှိသောကြောင့် ဝေဖန်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

"ကာဗာရိုက်ဖြစ်တာက play boy ခေါင်းစဉ်နဲ့ လိုက်အောင်ပါ။ play boy သီချင်းကတော့ အဓိပ္ပါယ်တစ်မျိုးပေါ့ ဒီကာဗာကဘယ်လို အဓိပ္ပါယ်လဲဆိုတော့ ဘယ်ယောင်္ကျားကိုမှ လုံးဝဂရုမစိုက်ဘူးဆိုတဲ့ သဘောပေါ့၊ အနုပညာကို ဖန်တီးတဲ့ သဘောပေါ့။ အနုပညာကိုဖန်တီးတဲ့ အကြည့်မျိုးနဲ့ပဲ ကြည့်စေချင်တယ်။ အပြင်မှာလည်း ဆေးလိပ်သောက်တတ်ရင် သောက်တတ်မယ်။ မသောက်တတ်ရင် မသောက်တတ်ဘူး။ ဒါက ကိုယ့်ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ပဲ သက်ဆိုင်တယ်။ ဘာရည်ရွယ်ချက်မှမပါပါဘူး။ အေသင်စိတ်ကူးနဲ့ အေသင်ရဲ့ play boy အတွက် ဖန်တီးထားတဲ့ ဖန်တီးမှုတစ်ခုပါပဲ။" ဟု အဆိုတော်အေသင်ချိုဆွေက ပြောသည်။ ယင်းအယ်ဘမ်ကာဗာတွင် ဆေးပြင်းလိပ်သောက်နေသည့်အပြင် ရင်သားကိုလည်း ပိုမိုလှစ်ဟဖော်ပြထားခြင်းကြောင့် ပရိသတ်များနှင့် အနုပညာရှင်များ ပြောဆိုလျက်ရှိသည်။

‘‘PlayBoy  အယ်လ်ဘမ်တွင် သီချင်း ၁၃ပုဒ် ပါဝင်မည်ဖြစ် ပြီး ဂျေမီ၊ ကြက်ဖ၊ သြရသ၊ မိစန္ဒီ တို့က Featuring အဖြစ် သီဆိုထားခြင်း ဖြစ်သည်။ အေသင်ချိုဆွေ ရေးထားသည့် ‘မောင့်လက်ဖဝါး’ အမည်ရှိ သီချင်းတစ်ပုဒ်သည်လည်း ပါဝင်မည် ဟုဆိုသည်။" အခွေသီချင်းစာအုပ်ကိုလည်း စာရွက်သားကောင်းကောင်းနဲ့ ဝယ်တာလည်း တန်အောင် အကောင်းဆုံးလုပ်ထားတယ်။ ကိုယ်တိုင်လည်း သီချင်း စာသားတွေကို လက်ရေးနဲ့ ရေးပြီးတော့မှ စကင်ဖတ်ပြီး ထည့်ထားတာ’’ဟု အေသင်ချိုဆွေကပြောသည်။
အေသင်ချိုဆွေ၏ play boy တေးစီးရီးခွေကို ဇွန်လ ၂၁ ရက်နေ့တွင် ဘိုဘိုမြူးဇစ် အင်တာတိန်းမန့်မှ မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိမည်ဖြစ်သည်။ အေသင်ချိုဆွေ သည်‘ပေါက်တဲ့အိုး’၊ ‘အနီးဆုံးလူနမ်းမှာ လား’    အယ်လ်ဘမ်နှစ်ခုထွက်ရှိ ထားသည့် အဆိုတော်တစ်ဦး ဖြစ်သည်။

Mizzima Burmese