Mitsubishi မော်တော်ကား ကိုးသိန်းကျော် ပြန်လည်သိမ်းဆည်း ပြင်ဆင်ရမည်

ပို့စ်တင်ချိန် - 6/12/2014 08:23:00 PM



ဂျပန်နိုင်ငံ အခြေစိုက် Mitsubishi Mortor Corp သည် ၎င်းတို့ထုတ်လုပ်ထားသော မော်တော်ကား ၉၂၀,၀၀၀ ဝန်းကျင်ကို ပြန်လည် သိမ်းဆည်းပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ၎င်းတို့၏ မော်တော်ကားများတွင် မီးခလုတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ရှိနေသဖြင့် ပြန်လည်ပြင်ဆင်မှု ပြုလုပ်ရမည်ဖြစ်ကြောင်း Mitsubishi က ပြောကြားသည်။ သို့သော် အဆိုပါ ချွတ်ယွင်းချက်နှင့် ဆက်စပ်၍ မတော်တဆဖြစ်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း Mitsubishi ကဆိုသည်။ Mitsubishi သည် ဂျပန်နိုင်ငံအတွင်း ကားအစီးရေ ၇၀၃,၉၀၀ ကို ပြန်လည်သိမ်းဆည်းကာ ပြင်ဆင်မှု ပြုလုပ်မည်ဖြစ်သည်။

ထို့အပြင် သြစတြေးလျနှင့် အခြား နိုင်ငံများသို့ တင်ပို့ရောင်းချထားသည့် ကားအစီးရေ ၈၅,၀၀၀ ကိုလည်း အလားတူ ပြင်ဆင်မှု ပြုလုပ်သွားမည်ဖြစ်သည်။ Mitsubishi က ပြန်လည်သိမ်းဆည်း ပြင်ဆင်သွားမည့် ကားများမှာ ၂၀၀၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း ထုတ်လုပ်ထားသော Lancer နှင့် eK Minicar အမျိုးအစားများဖြစ်ကြောင်း သိရှိရသည်။ ယခုဖြစ်ပေါ်နေသည့် မီးခလုတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ကို ပြင်ဆင်ရန်အတွက် ကားတစ်စီးလျှင် မိနစ် ၃၀ ခန့် ကြာမြင့်နိုင်မည်ဟုလည်း Mitsubishi က ပြောကြားသည်။

Planet Myanmar Network