ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဆန္ဒမပြရန် အိမ်ယာမဲ့အလုပ်သမားများနှင့် အာဏာပိုင်များကြား သဘောတူညီမှုရ

ပို့စ်တင်ချိန် - 6/12/2014 08:05:00 AM


အောင်သုတ
ဆာအိုပေါ်လို၊ ဇွန် ၁၁

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန် နီးကပ်လာသည်နှင့်အမျှ
ဆန္ဒထုတ်ဖော်မှုများနှင့် ဆက်တိုက်ရင်ဆိုင်နေရသည့် ဘရာဇီးနိုင်ငံ၌
ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း ဆန္ဒမပြရန်
အိမ်ယာမဲ့အလုပ်သမားများနှင့် ဘရာဇီးအာဏာပိုင်များအကြား
သဘောတူညီမှုရရှိခဲ့သည်။
ပြီးခဲ့သည့်လက ဆာအိုပေါ်လိုအားကစားကွင်းအနီးရှိ အစိုးရကသိမ်းယူထားသော
မြေယာများပေါ်တွင် အိမ်ဆောက်နေထိုင်ခွင့်အပါအ၀င် အ
ခြားတောင်းဆိုချက်များကို အိမ်ယာမဲ့အလုပ်သမားဆန္ဒပြအဖွဲ့မှ
အာဏာပိုင်များထံတောင်းဆိုခဲ့ပြီး လိုက်လျောပေးပါက ပြိုင်ပွဲအတွင်း လမ်း
ပေါ်ထွက် ဆန္ဒထုတ်ဖော်မှုများပြုလုပ်မည်မဟုတ်ဟု ကတိပြုခဲ့သည်။
“ကျွန်တော်တို့တွေ ဆန္ဒပြလှုပ်ရှားနေတယ်ဆိုတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို
ကန့်ကွက်နေတာ မဟုတ်ပါဘူး။ ဒီကိစ္စကို
ဝင်ရောက်စွက်ဖက်လိုတဲ့ရည်ရွယ်ချက်လည်း မရှိပါဘူး။ ပြိုင်ပွဲကိုရော
ပြိုင်ပွဲကျင်းပနေစဉ်မှာပါ ကျွန်တော် ကန့်ကွက်တော့မှာမဟုတ်ပါဘူး”ဟု
ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးတစ်ဦးဖြစ်သည့် ဂျက်ဆာရာဘက်ဆိုက
အေအက်ဖ်ပီကို ပြော သည်။
အစိုးရအာဏာပိုင်များအနေဖြင့်လည်း အိမ်ယာမဲ့အလုပ်သမားများ၏
တောင်းဆိုမှုများကို လိုက်လျောသဘောတူခဲ့ပြီး အစိုးရအနေဖြင့်စုပေါင်း
အိမ်ယာထူထောင်ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့သည်။
ယင်းသဘောတူညီချက်ကို ဆာအိုပေါ်လိုဒေသ မှ ဒေသခံအာဏာပိုင်များ၊
ပြည်နယ်အာဏာပိုင်များနှင့် ဘရာဇီလီယာရှိ ဗဟိုအစိုးရကပါ သဘောတူညီခဲ့သည်။

ရည်ညွှန်း - Jamaicaobserver
Mizzima Sport News