သာကေတ တံတားသစ်အတွက် ဂျပန်က သန်း ၄၀ ကျော်ကူမည်

ပို့စ်တင်ချိန် - 6/12/2014 09:24:00 AM


သီလ၀ါ အထူးစီးပွားရေးဇုန်

ရန်ကုန်မြို့နဲ့ သီလ၀ါ အထူးစီးပွားရေးဇုန် ဆက်သွယ်ရေး ပိုမို လွယ်ကူ ချောမွေ့ဖို့အတွက် သာကေတ တံတားသစ် ၁ စင်း တည်ဆောက်မှာဖြစ်ပြီး အဲဒီအတွက် ဂျပန်နိုင်ငံက ဒေါ်လာ သန်း ၄၀ ကျော်နဲ့ ညီမျှတဲ့ ယန်း ၄ ဘီလျံကျော် ပံ့ပိုးမယ်လို့ ဂျပန်သံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီတံတားသစ်ဟာ ရန်ကုန်နဲ့ သာကေတမြို့နယ်ကို ဆက်သွယ်ပေးမှာဖြစ်ပြီး လတ်တလော ရန်ကုန်ဘက်အခြမ်းမှာ ဖြစ်ပေါ်နေတဲ့ ယာဉ်ကြော ကျပ်တည်းမှုကိုလည်း တနည်းတလမ်း ပြေလည်စေနိုင်မယ်လို့ ဆိုပါတယ်။

လောလောဆယ် ဂျပန် – မြန်မာ ဖက်စပ်အကောင်အထည် ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်ဟာ စီမံကိန်းအစမှာကတည်းကိုက အောင်မြင်မှုတွေ ရနေပြီး ရင်းနှီးမြှုပ်နှံဖို့ မြေ၀ယ်သူတွေလည်း စာချုပ်တွေ ချုပ်နေကြပြီလို့ အထူးဇုန်စီမံခန့်ခွဲရေး ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

DVB Burmese