18+ ကား ရိုက်မယ့် ဒါရိုက်တာ ညီညီထွန်းလွင်၊ နေတိုး၊ သဉ္ဇာနွယ်ဝင်း

ပို့စ်တင်ချိန် - 7/15/2013 06:25:00 PM


" ၁၈နှစ်အောက်မကြည့်ရ" လို့ အမည်ပေးထားတဲ့ ဗီဒီိယိုဇာတ်ကားကို ဒါရိုက်တာဦးညီညီထွန်းလွင်က ဇူလိုင်လမကုန်မီသရုပ် ဆောင်နေတိုး၊ သဉ္ဇာနွယ်ဝင်းတို့ နဲ့ ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

" ၁၈နှစ်အောက် မကြည့်ရ" ဗီဒီယိုဇာတ်ကားကို မကြာခင်ရိုက်ကူးတော့မှာ ဖြစ်တဲ့ ဒါရိုက်တာဦးညီညီထွန်းလွင်ကို ဗီဒိယိုဇာတ်ကားတွေကို အကယ်ဒမီ ပေးသွားမယ့် အပေါ်ဘယ်လိုသဘော ထားရှိပါသလဲလို့ မေးကြည့်တော့" ကျွန်တော်ကတော့ အဲဒါလေးကို သဘောကျပါတယ်။ ဘာပဲပြောပြောဗီဒီယိုအတွက် အသစ်အဆန်းလေးတစ်ခုဖြစ်တာပေါ့။

ပရိသတ်တွေအတွက် ဗီဒီယိုကားတွေအပေါ်မှာ စိတ်ဝင်စားမှုတစ်ခု တိုးလာတာပေါ့။ ပေးတာတွေတော့ မှား သလား၊မှန်သလားဆိုတာတော့
မပြောတတ်ဘူးပေါ့။ အပြုသ ဘောဆောင်တာကိုတော့ သဘောကျတယ်။ ပိုပြီးတော့ စိတ်ဝင်စားတယ်။ ပေးပုံ၊ပေးနည်းနဲ့ ပတ်သက်ရင်တော့ မပြောတတ်ဘူး။ ရုပ်ရှင်အကယ်ဒမီတောင်မှ အတော်လေးကို ဝိဝါဒကွဲပြီးတော့ သဘောမကျတာတွေက များနေတယ်လေ" လို့ ပြောပြလာပါတယ်။

ဗီဒီယို အကယ်ဒမီကို ပရိသတ်ရွေးချယ်ပေးမှုပုံစံနဲ့လုပ်ထားတာ ရှိတဲ့အပေါ်ကို ကောဘယ်လိုမြင်မိပါသလဲလို့ ဒါရိုက်တာ ညီညီထွန်းလွင်ကို ဆက်မေးတော့ " ပရိသတ် ရွေးချယ်ပေးတယ် ဆိုရင် ပိုတောင်မှ ကောင်းသေးတယ်။ ပရိသတ်တွေက ဇာတ်ကားတိုင်းလည်း ကြည့်တယ်။ ဝါသနာရှင်တွေပေါ့။ ဒါပေမဲ့ တစ်ခုရှိတာက ပရိသတ်နဲ့
အနုပညာပိုင်းဆိုင်ရာကျတော့ ရာခိုင်နှုန်းလေးတော့ ခွဲထားရင် ကောင်းတာပေါ့။ တစ်ခါတလေပရိသတ် ကြိုက် တာတော့ မှန်တယ်။ အနုပညာ အရည်အသွေးကိုပေတံနဲ့တိုင်း
မယ်ဆိုရင်တော့ သိပ်မမှန် တတ်ဘူး။

ပရိသတ်က ကြိုက် ချင်ကြိုက်မှာပဲ။ အနုပညာ အရည်အသွေး မမြင်ဘူး။ အဲဒီ အပေါ်မှာတော့ခွဲထားပြီး ပရိသတ်အကြိုက် ပရိသတ်ဆန္ဒဆိုတဲ့ရာခိုင် နှုန်း ဆိုပြီးတော့ပေါ့။ အဲဒါဆိုရင်တော့ ပိုကောင်းလာမယ်။ ပရိသတ်နဲ့ အကဲဖြတ်ရာခိုင်နှုန်းခွဲထားဖို့ လိုအပ်မယ်" လို့ အကြံပြု ပြောကြားသွားခဲ့ပါတယ်။


ထက်လူလူ