ဆိုတေး သေဆုံးပြီဆိုသည့် သတင်း မမှန်

ပို့စ်တင်ချိန် - 7/15/2013 09:38:00 AM


ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၉၁/၃ တွင် မော်တော်ယာဉ် တိမ်းမှောက်ခဲ့သော တေးသံရှင် ဆိုတေးသည် မန္တလေးဆေးရုံကြီး တွင် ဆေးကုသမှု ခံယူနေပြီးသေဆုံးသည့် သတင်းမှာ မှန်ကန်ခြင်း မရှိကြောင်း ဆိုတေး၏ ဦးလေးဖြစ်သူက မန္တလေးဆေးရုံကြီးသို့ ရောက်ရှိနေသော The Voice သတင်းထောက်ကို ယနေ့ည ၁၀နာရီ ၁၀ မိနစ် တွင် အတည်ပြုပြော ကြားသည်။

The Voice Weekly News