အိန္ဒိယ ကြေးနန်းစာ လုပ်ငန်း အပြီးတိုင် ပိတ်ပြီ

ပို့စ်တင်ချိန် - 7/15/2013 10:10:00 AM


၁၄.၀၇.၂၀၁၃ (တနင်္ဂနွေနေ့)

ကမ္ဘာ့ပေါ် သက်တန်း အကြာရှည် ဆုံး ကြေးနန်း ဌာန တခုဖြစ်တဲ့ အိန္ဒိယ အစိုးရရဲ့ ကြေးနန်း ဌာနကို ဒီကနေ့က စလို့ ပိတ်ပစ်တော့မှာ ဖြစ်ပါတယ်။

သက်တမ်း အားဖြစ် ၁၆၃ နှစ်ရှိနေပြီ ဖြစ်တဲ့ အိန္ဒိယ ကြေးနန်း လုပ်ငန်းဟာ တနှစ်ကို ဒေါ်လာသန်း ၂၀ ကျော် ဆုံးရှုံးနေရာတာ ဖြစ်ပြီး၊ မိုဘိုင်းဖုန်း သုံးစွဲမှု ကျယ်ပြန့် လာတာကြောင့် ဒီကြေးနန်းဌာနကို အသုံးပြုတာဟာလည်း ထိုးကျ သွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

BBC Burmese