လူမျိုးရေးဘာသာရေး ပဋိပက္ခ "လူတစ်စု၏" မဆင်မခြင်လုပ်ရပ်ကြောင့်ဟု သမ္မတ ပြောပြီ

ပို့စ်တင်ချိန် - 7/15/2013 09:44:00 AM


မြန်မာနိုင်ငံတွင် မကြာခဏဖြစ်ပွားနေသော လူမျိုးရေးဘာသာရေး အခြေခံသည့် အကြမ်းဖက်မှုများသည် လူတစ်စု၏ မဆင်မခြင်လုပ်ရပ် များကြောင့် နိုင်ငံတွင်းပြဿနာမှသည် ဒေသတွင်းပြဿနာဖြစ်အောင် ပုံဖော်ခြင်းခံနေရသဖြင့် ဘာသာပေါင်းစုံမှ ခေါင်းဆောင်ကြီးများ တိုင်းပြည်ဂုဏ်သိက္ခာ မကျဆင်းအောင် ကာကွယ်ပေးကြဖို့ မြန်မာသမ္မတ ဦးသိန်းစိန်က ဇူလိုင် ၁၃ရက်နေ့၌ ရန်ကုန်မြို့တွင် ပြောဆိုခဲ့သည်။

လူတစ်စုဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်မပြော ဆိုသော်လည်း ဘာသာတရားတိုင်းသည် မေတ္တာတရားကို သင်ကြားပေးပြီး ဒီမိုကရေစီစနစ်ကျင့်သုံးခြင်းကြောင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို နားလည်လက်ခံရမှာဖြစ်ကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့မှ ခေါင်းဆောင်များနှင့် ရန်ကုန်တိုင်း လွှတ်တော်အဆောက်အအုံတွင် တွေ့ဆုံပြီး ပြောဆိုခဲ့သည်။

ဗြိတိန်နှင့်ပြင်သစ်နိုင်ငံများသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး မသွားရောက်မီ တစ်ရက်အလို မြန်မာ သမ္မတက မြန်မာနိုင်ငံသည် လူမျိုးစုံ ဘာသာစုံ ပူးပေါင်းနေထိုင်သော အမျိုးသားကြင်အန် လက္ခာသစ် New National Identity ကို တည်ဆောက်နေချိန်ဖြစ်ကြောင်းနှင့် ပဋိပက္ခဖြစ်အောင် လှုံ့ဆော် မှုကြောင့် ကုလသမဂ္ဂကပင် မြန်မာပြည်ကို ဖိအားပေးနေခြင်းကို ရင်ဆိုင်နေရပြီဟု ဝန်ခံပြောဆိုခဲ့သည်။

Kamayut Media