Junction Square တွင် ခါးပိုက်နှိုက်အားဖမ်းမိခြင်း

ပို့စ်တင်ချိန် - 7/15/2013 10:11:00 AM


14.7.2013

၁၃.၇.၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန်ခန့်တွင်ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်နေ မဇင်မာသည် တူမများဖြစ်သော မသိမ့်သိမ့်ဟန်၊ မဝေသဇင်နိုင်၊ မပပတို့နှင့်အတူ ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ
Junction Square ကုန်တိုက်သို့ ဈေးဝယ်ရန် ရောက်ရှိပြီး ကုန်တိုက်အတွင်းရှိ Promotion အရောင်း
ပြခန်းရှိုးပွဲကြည့်ပြီးနောက် နေအိမ်သို့ပြန်မည်ပြုစဉ်
၎င်းလွယ်ထားသောဘေးလွယ်အိတ်မှာ ဇစ်ပွင့် လျက်ရှိသဖြင့်
စစ်ဆေးရာ အိတ်အတွင်းထည့်ထားသော ငွေကျပ် (၇၈၅၀၀၀)မှာ ပျောက်ဆုံးနေသည်ကို တွေ့ရ၍ ကမာရွတ်မြို့မရဲစခန်းသို့တိုင်ကြားခဲ့ရာ (ပ) ၃၁၅/၂၀၁၃ ၊ပုဒ်မ ၃၇၉(နှိုက်)ဖြင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။

အဆိုပါကုန်တိုက် Promotion ရှိုးပွဲ လုံခြုံရေးဆောင်ရွက်
လျက်ရှိသည့် ကမာရွတ်မြို့မရဲစခန်း တပ်ဖွဲ့ဝင်များမှ အဆိုပါခါးပိုက်နှိုက်မှုကျူးလွန်ခဲ့သူ မဥမ္မာ၊ (၁၀)ရပ်ကွက်၊ လမ်းမတော် မြို့နယ်အား စုံစမ်းရှာဖွေဖမ်းဆီးနိုင်ခဲ့ပြီး သက်သေခံငွေများအားပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်းနှင့် တရားခံမဥမ္မာအား အခြားခါးပိုက်နှိုက်မှုများဖေါ်ထုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police