ဒဂုံမြို့နယ်တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 7/15/2013 11:45:00 AM


၉.၇.၂၀၁၃ရက်နေ့၁၅၀၀အချိန်ခန့်တွင် ရန်ကုန်အနောက်မူးယစ် (အထူး)အဖွဲ့မှတပ်ဖွဲ့ဝင်များ ဦးဆောင်သောအဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရ ဒဂုံမြို့နယ်၊ အမျိုးသား
ရေကူးကန်ရှိ ကားပါကင်တွင်စောင့်ဆိုင်း၍ စန်းမောင်
(ခ)ချိုင်လောမင်၊(ဘ)ဦးဘိုဝ(ခ)ချိုင်တုံမင်၊ အရှေ့ပြင်ရပ်ကွက်၊ မိတ္ထိလာမြို့နေသူအား ဦးဝိစာရရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့
ခေါ်ဆောင်ရှာဖွေစစ်ဆေးရာ ၎င်းလွယ်ထားသော ကာကီရောင်
လွယ်အိတ်အတွင်းမှ အဖြူရောင်ပလပ်စတစ်ဗူးငယ်အတွင်း၌
IBUPAR တံဆိပ်ပါလိမ္မော်အ၀ါကြား Capsule ဆေးတောင့်
အခွံ(၅)ခုအတွင်းထည့်ထားသော ဘိန်းဆီခဲဟုယူဆရသည့်
အစေးခဲ၃ပဲ ၁ရွေး၊ (၃.၃)ဂရမ်ခန့်၊ USC စာတမ်းပါ
သစ်သီးဖျော်ရည်ဗူးငယ် အတွင်း၌ အပြာရောင်ကြွပ်ကြွပ်အိတ်ငယ်
အတွင်းထည့်လျက် ဘိန်းဆီခဲဟုယူဆရသည့် အစေးခဲ ၁ကျပ်၆မူးသားခန့်၊(၂၈)ဂရမ် တို့အားရှာဖွေတွေ့ရှိသိမ်းဆည်းရမိ
သောကြောင့် ဒဂုံမြို့မရဲစခန်း မယ(ပ)၃/၂၀၁၃၊ မူး/စိတ် ၁၅/၁၆(ဂ) ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police