မျိုးစောင့်ဥပဒေပါ အကြောင်းချင်းရာကို မသိဘဲ သွား/ဆေးကျောင်းသား ၁၀၀ ကျော် လက်မှတ်ထိုးလိုက်ရဟုဆို

ပို့စ်တင်ချိန် - 7/16/2013 03:57:00 PM

ရန်ကုန် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသားတစ်ရာကျော်သည် မျိုးစောင့်ဥပဒေပါ အကြောင်းချင်းရာများကို မသိရှိဘဲ လက်မှတ်ထိုးလိုက် ရသည်ဟု ကျောင်းသားများက မဇ္ဈိမကို ပြောကြားလိုက်သည်။

“ဘာမှန်းတော့ မသိဘူး၊ လက်မှတ်ထိုးတဲ့၊ မထိုးရင် သူကစိတ်ကောက်သေး တယ်၊ ပြီးတော့ ကျွန် တော်တို့ကို မရောင်းတော့မှာလည်း ကြောက်ရသေး တယ်၊ ဒါနဲ့ လက်မှတ်ထိုးလိုက်တယ်” ဟု ကိုယ်တိုင်လက်မှတ်ထိုးခဲ့သူနောက် ဆုံးနှစ်ကျောင်းသားတစ်ဦးက ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ဝင်းအ တွင်း ကျောင်း သား၊ ကျောင်းသူများ ထိုင်လေ့ရှိသည့် ကျောင်းကင် တင်း(စားသောက် ဆိုင်တန်း) ပိုင်ရှင်က လက်မှတ်ထိုးရန် အတင်းတိုက် တွန်းသည့် အတွက်ကျောင်းသားများက လက်မှတ်ထိုးလိုက်ရခြင်းဖြစ်ကြောင်း ကျောင်း သားများက ဆိုသည်။

အဆိုပါ ကင်တင်းသည် ဖွင့်လှစ်သည်မှာ ကြာမြင့်ပြီဖြစ်ပြီး ကျောင်းသားများနှင့် လည်း ရင်းနှီးကာ ကျောင်းသားများမှာလည်း ယင်းကင်တင်းကို အားကိုးနေရသည်။

“ကျွန်တော်တို့က အဲ့ဒီမျိုးစောင့်ဆိုတာလည်း မဖတ်ဖူးဘူး၊ ဘာမှန်းလည်း မသိဘူး၊ ထိုးမယ်သာထိုး လိုက်တာ၊ များတယ်ဗျ၊ ကျောင်းသားတွေ အများကြီးပဲ လက်မှတ်ထိုးကြတာ”ဟု ကျောင်းသားတစ်ဦးက ဆိုသည်။

“ဆိုင်ပိုင်ရှင်က မော်လမြိုင်က ဘုန်းကြီးတစ်ပါးနဲ့ တော်တော်ရင်းနှီးတယ် ပြော တာပဲ၊ သူ့ဆီကတစ်ဆင့် ဒီလက်မှတ်တွေ ယူတာဖြစ်နိုင်တယ်” ဟု နောက်ဆုံးနှစ်တက် ရောက်နေသူကျောင်းသားတစ်ဦးက ပြောသည်။

မဇ္ဈိမ၏ မေးမြန်းချက် ယင်းကျောင်းသားများ အနေနှင့် နာမည်ဖော်၍ မဖြေကြားလိုဘဲ ကျောင်းတွင် မျက်နှာပျက်မည်ကို စိုးရိမ်သောကြောင့်ဟု ကျောင်းသားများက ဆိုကြသည်။အဆိုပါကိစ္စ ကို ကျောင်း အာဏာပိုင်များ၊ကျောင်းအကျိုးတောင်ဆောင်များ အနေနှင့် တစ်စုံတစ်ရာ တုန့်ပြန်ခြင်းမရှိဟုလည်း ကျောင်းသားများက ပြောသည်။

မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်များကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် အဓိက ဖြန့်ဝေလျှက်ရှိပြီး သဘောတူသူများ ရှိသကဲ့သို့ သဘောမတူ သည့် ဝေဖန် သံများလည်း ထွက်ပေါ်လျှက် ရှိနေသည်။ မျိုးစောင့်ဥပဒေကို အဓိက ဦးဆောင်ကောက်ခံသူ ဦးဝီရသူ၏ (Facebook) လူမှုကွန်ရက် စာမျက်နှာတွင် ဇူလိုင် ၁၃၊ စနေနေ့ထိ အထက်မြန်မာပြည်မှ ထောက်ခံ လက်မှတ်ပေါင်း ခုနစ်သိန်းခွဲ ကောက်ခံရရှိထားကြောင်းရေးသားထားပြီး ရန်ကုန်၊ မြောက်ဥက္ကလာတွင် ဇူလိုင် ၂ ရက်ထိ လက်မှတ်ပေါင်း နှစ် သိန်းနှစ်သောင်း ရရှိထား ပြီဟု ဗုဒ္ဓဘာသာ လူငယ်များ စုစည်းမှု နာရေးအသင်းကပြောကြားထား သည်။

Mizzima