မြန်မာစစ်တပ်အတွက် သင်တန်းများ ဗြိတိန် စစ်တပ်ကူမည်

ပို့စ်တင်ချိန် - 7/16/2013 12:19:00 PM


 မြန်မာ နိုင်ငံ၏ ပြည်တွင်းပဋိပက္ခများ ဖြေရှင်းရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံသို့ စစ်သင်တန်းများ နှင့် တရားဝင်အကူအညီများပေး မည်ဟု ဗြိတိန်ဝန်ကြီး ချုပ် ဒေးဗစ် ကင်မရွန်းက လန်ဒန်သို့ရောက် ရှိနေသော မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်အား ကတိပေး ပြောကြားလိုက်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ဒီမို ကရေစီစနစ်တည်ဆောက်ရန်နှင့် တိုင်းရင်းသားအရေးကိစ္စများဖြေ ရှင်းရေး တွင် ဗြိတိန်က ဦးဆောင် ကူညီမည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်မည်ဟုလည်း ကင်မရွန်း က ဆက်လက်ပြောကြားသည်။

ဗြိတိန်ဝန်ကြီးချုပ်၏ ဖိတ် ကြားချက်အရ ဗြိတိန်နိုင်ငံသို့ နှစ် ရက်ကြာတရားဝင်ခရီးလာရောက် နေသည့် မြန်မာနိုင်ငံတော် သမ္မ တဦးသိန်းစိန်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ ဇူလိုင် ၁၅ ရက် နံနက်က အမှတ် ၁၀၊ ဒေါင်းနင်းလမ်း၊ လန်ဒန်မြို့ရှိ ဗြိ တိန်ဝန်ကြီးချုပ်ရုံးတွင် တွေ့ဆုံ ဆွေးနွေးကြစဉ် အိမ်ရှင်ဝန်ကြီးချုပ်က ယင်းကဲ့သို့ ကတိပေးပြော ကြားမည်ဖြစ်ကြောင်း ဗြိတိန်ဝန် ကြီးချုပ်ရုံးဝန်ကြီးHugo Swire  ၏ပြောကြားချက်ကို ကိုးကား၍ လန်ဒန် မှလာသည့် သတင်း အေ ဂျင်စီများတွင် ဖော်ပြထားသည်။ မြန်မာ့တပ်မတော်မှ တပ် မတော်သားများအား ဗြိတိန်စစ် တပ်က လူ့အခွင့်အရေးနှင့် လက် နက်ကိုင် ပဋိပက္ခဆိုင်ရာ ဥပဒေ များကို သင်တန်းများ ပို့ချပေးသွား ရန်အစီ အစဉ်ရှိကြောင်းလည်း သတင်းများက ရေးသားသည်။ ထို့အပြင် ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံတွင် ယင်း၏ကာကွယ် ရေးကောင်စစ်ဝန် Defence Attache ကို မကြာမီ ခန့်အပ်သွား ရန်ရှိကြောင်း သိရသည်။

''မြန်မာနိုင်ငံရဲ့ လွန်ခဲ့တဲ့ ၁၈ လတာကာလ ထင်ရှားတဲ့ပြု ပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေ ကို ကျွန်တော်တို့ အသိအမှတ်ပြု လိုပါတယ်။ တစ်ဆက်တည်းမှာပဲ လူမျိုးရေးပဋိပက္ခတွေနဲ့ မူဆ လင်ဆန့်ကျင်ရေး အကြမ်းဖက် မှုတွေအပေါ် မှာလဲ ကျွန်တော်တို့ အလွန်ပဲ စိုးရိမ်ပူပန်နေပါတယ်''ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရသူက ဘီဘီ စီကို ပြောကြားသည်။ လန်ဒန်အခြေစိုက်  Burma Campaign(UK) အဖွဲ့ကမူ သမ္မတ ဦးသိန်းစိန်၏ ဗြိတိန်ခရီး ကို ဆန့် ကျင်ခဲ့သည်။

ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ကိုဦးဆောင်သင့်သူမဟုတ်ကြောင်း ပြောဆိုပြီး ဗြိတိန်အစိုးရသည် လူ့ အခွင့်အရေးထက် ကုန်သွယ်မှုကို ဦးစားပေးနေကြောင်းဖြင့် ဗြိတိန် အစိုးရကိုပါ ဝေဖန်ခဲ့သည်။ ဗြိတိန် ဝန်ကြီးချုပ်က သမိုင်း ဝင် ခရီးလာရောက်သည့်အတွက် အထူးဝမ်းမြောက် ဝမ်းသာဖြစ်ရ ကြောင်း ပြောဆိုပြီး လူ့အခွင့်အ ရေးကိစ္စများကိုလည်း ထိန်းသိမ်း ကာကွယ်ပေးပါရန် မြန်မာနိုင်ငံ တွင်ဖြစ်ပွားခဲ့သော လူမျိုးရေး ပဋိပက္ခများ ကို ရည်ညွှန်း၍ မြန် မာသမ္မတကို တိုက်တွန်းခဲ့သည်။ သမ္မတဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ်နှင့် စီးပွားရေးနှင့် ကုန်သွယ် ရေးဆိုင်ရာဝန်ကြီးများနှင့်လည်း တွေ့ဆုံကြောင်း ဒီပီအေသတင်း အရ သိရသည်။ သမ္မတဦးသိန်းစိန်သည် ၁၉၈၆ ခုနှစ်တွင် ထိုစဉ်က မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း ဗြိတိန်သို့လာရောက်ပြီးနောက် နှစ်ပေါင်း ၂ရနှစ်အတွင်း ဗြိတိန် သို့ ပထမဆုံးတရားဝင်သွားရောက် သည့် မြန်မာ ခေါင်းဆောင် လည်း ဖြစ်သည်။

ညီလတ်
Yangon Media