ရှေးဟောင်း ကြေးဖိနပ် တွေ့ရှိ

ပို့စ်တင်ချိန် - 7/16/2013 04:20:00 PM


ထားဝယ် ၊ ဇူလိုင် - ၁၅ ။           ။ မြိတ်ခရိုင် ကျွန်းစုမြို့နယ်ပိုင် ကွမ်းထောင်ကျွန်းအနောက်ဘက် ရေအောက်မြေအနက် ခုနစ်လံခန့်ရှိသည့်နေရာတွင် ရှေးဟောင်းပစ္စည်းဟုယူဆ ရသည့် ကြေးဖိနပ်ကြီးတစ်ရံ ရခဲ့ကြောင်း မြိတ်မြို့ အလယ် ကျွန်းနယ်မြေ ပန်းယာလမ်းဝပ် ရှော့ခ်နေ ဦးငွေစိုးထံမှသိရသည်။

အဆိုပါကျွန်းအနီးတွင် ၎င်း တို့စက်လှေသည် ငါးမျှားချိတ်၊ မြိတ်အခေါ်(မျှားစကြာ)ဖြင့် ငါး များဖမ်းဆီးနေစဉ် ငါးမျှားချိတ် တွင် ချိတ်ပါလာကြောင်းဦးငွေစိုး ကပြောသည်။ ထိုကြေးဖိနပ်ကြီးမှာ အ လေးချိန် ၄ ပိဿာနှင့်၂၀ ကျပ် သား၊ အရှည် ၁၃လက်မနှင့် အ ကျယ် ငါးလက်မရှိပြီး ဖိနပ်ပတ် လည်တွင် ဘဲဥပုံအပေါက် ၁၆ ပေါက်နှင့် ဘေးတစ်ဖက်တစ်ချက် စီတွင် အပေါက်ကြီးနှစ်ပေါက်ပါ ရှိသည်။ ဖိနပ်၏ ဘေးတစ်ဖက်တွင် C, F, HEINKE, S  စာတန်း နှင့် အခြားတစ်ဖက်တွင် PATENT ဟူသည့် စာတန်းများပါရှိသည်။

''PATENT ဆိုတဲ့ စကား လုံးက ဗိုက်ကင်းပင်လယ်ဓားပြအုပ်စုတွေနဲ့နွှယ်တဲ့ နာမည်တစ် မျိုးဖြစ်တယ်။ ဒီအုပ်စုတွေ ဒီ လာတယ်လို့ မှတ်တမ်းမရှိဘူး။ ဒါပေမဲ့ သူတို့အုပ်စုအနွယ်တွေ ဖြစ်နိုင်တယ်''ဟု ထားဝယ်သုတေ သနအဖွဲ့မှ ဦးဇော်သူရက မှတ် ချက်ပြုသည်။ လွန်ခဲ့သည့် ၁ရ ရာစုဝန်း ကျင်က ပင်လယ်ဓားပြအုပ်စုများ တွင် နာမည်ကြီးသည့် ယိုးဒယား ဝှိုက်ပင်လယ်ဓားပြများ တနင်္သာရီ တွင် ကြီးစိုးခဲ့ဖူးပြီး ယင်းအုပ်စုများ အထဲမှ ဖြစ်နိုင်ကြောင်း ဦးဇော် သူရက ပြောသည်။ မြိတ်ဒေသတွင် လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က ကုန်းပေါ်တွင် ရွှေ အိုးတစ်လုံးတူးဖော်ရရှိဖူးပြီး ရေ ထဲတွင် ယင်းကဲ့သို့ကြေးဖိနပ်မျိုး တွေ့ရှိခြင်းသည် ပထမဦးဆုံးဖြစ် ကြောင်း ဒေသခံရှေးဟောင်းပစ္စည်း စိတ်ဝင်စား သူများ က ပြောသည်။

Dawei Watch