မြောက်ကိုရီးယား နဲ့  သံယောဇဉ် မပြတ် သည့် မြန်မာ ဗိုလ်ချုပ်ကြီး ကို ဒဏ်ခတ် အရေးယူ

ပို့စ်တင်ချိန် - 7/16/2013 11:50:00 AM


မြန်မာ စစ်တပ် ရဲ့ ဒုံးလက်နက် ထုတ် လုပ် ရေး ဌာန အကြီး အကဲ ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး
ကို မြောက်ကိုရီးယား  နဲ့  မြန်မာ ကြား  လက်နက် ရောင်းဝယ် မှု တွေ မှာ အဓိက ကျ စွာ ဆက်လက် ပါ
ဝင် ပတ် သက် နေ တဲ့ အတွက် အမေရိကန် အစိုးရ  က ဒဏ် ခတ် အရေး ယူ လိုက် တာ ဖြစ် ပါတယ်။

ဒီ ဒဏ် ခတ် အရေးယူ မှု မှာ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး နဲ့  ငွေ ကြေး လွှဲ ပြောင်း ရ ယူ မှု ပြု တဲ့ သူ
တွေ ၊ အမေရိကန် မှာရှိ ကောင်း ရှိ နိုင် တဲ့ သူ့  ရဲ့  ပိုင် ဆိုင် မှု တွေ ကို ထိမ်းချုပ် မှာ ဖြစ် ပါတယ်။

မြန်မာ အစိုးရ က ၊ ကွန်မြူနစ် မြောက်ကိုရီးယား နဲ့  စစ်ရေး ဆက် ဆံ မှု တွေ ရပ် ဆိုင်း လိုက် ပြီ လို့ 
နိုင်ငံ ခြား ရေး ၀န် ကြီး ဟီလာရီ ကလင် တန် ၂၀၁၁ ခုနှစ် နိုဝင် ဘာလ ၁၉ ရက်နေ့   က မြန်မာ နိုင်ငံ
ကို လာရောက် ခဲ့ စဉ် က တည်း က သမ္မတ ဦးသိန်းစိန် က မြောက် ကိုရီးယား နဲ့  စစ်ရေး ဆက် ဆံ မှု
တွေ မရှိ တော့ ပါ ဘူး လို့  တရားဝင် ပြောကြား ခဲ့ ပြီး  ၊ မေ လ အတွင်း က ဦးသိန်းစိန် ရဲ့ အမေရိကန်
ခရီး စဉ် သမ္မတ အိုဘားမား နဲ့  တွေ့  ဆုံ မှု မှာ လည်း ပဉ္စမ အကြိမ် မြောက် ထပ် လောင်း ပြော
ကြား ခဲ့ ပါတယ်။

ခုလို ဒဏ်ခတ် အရေးယူ မှု ဟာ မြန်မာ အစိုး ရ ကို ပစ် မှတ် ထား တာ မဟုတ် ပဲ မြောက် ကိုရီးယား
ဆီ က လက်နက် ၀ယ်ယူ မှု ဆက် လုပ် နေ တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး ကို ပဲ အဓိက အရေး
ယူတာ လို့  ကြေငြာ ချက် ထဲ မှာ ဖော် ပြထား ပါတယ်။

အမေရိကန် က ဒဏ်ခတ် အရေးယူ ခဲ့ တဲ့ အသက် ၅၇ နှစ် အရွယ် ရှိ ပြီ ဖြစ် တဲ့ ကာ ကွယ်ရေး ၀န်ကြီးဌာန
စစ်လက် နက် ထုတ် လုပ် ရေး ရုံးက အရာ ရှိ ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး ဟာ ၂၀၀၁ ခုနှစ် သြဂုတ်
လ ၂၀ ရက် နေ့  ဒေါ်အောင်ဆန်းစုကြည် ရဲ့  ပထမ အကြိမ် နေ ပြည် တော် ခရီး စဉ် နဲ့ သမ္မတ  ဦးသိန်းစိန် နဲ့ 
တွေ့ ဆုံ မှု မှာ သွား လမ်းသာ လို့  လာလမ်း ဖြောင့် အောင် ဒေါ်အောင်ဆန်းစုကြည် ကို ဦးဆုံး ကူညီ မှု ပေး
ခဲ့ တဲ့ မြန်မာ စစ် တပ် အရာ ရှိ ကြီး တစ်ဦး လည်း  ဖြစ် ပါ တယ်။

အမေရိကန် နဲ့  ကုလ သမဂ္ဂ က ပါ ပိတ် ဆို့  အရေးယူ မှု လုပ် ထား တဲ့ မြောက် ကိုရီးယား နဲ့  ဆက်ပြီး
ဆက်ဆံ နေ ဆဲ ဟုတ် မဟုတ် ဆို တာ ပွင့်ပွင့် လင်းလင်း ပြော ဆို ဖို့  လဲ အမေရိကန် အစိုးရ ကြေငြာ
ချက် ထဲ မှာ ဖော် ပြထား ပါတယ်။

ယခု ပြည်ထောင်စု လွှတ်တော် ဥက္ကဌ ဖြစ် နေတဲ့ မြန်မာ စစ်အစိုးရ ရဲ့  ထိပ်တန်း ဗိုလ်ချုပ်ကြီး
သူရရွှေမန်း ရဲ့  ၂၀၀၈ ခုနှစ် မြောက်ကိုရီးယား ခရီး စဉ် မှာ အဲဒီတုန်း က ဗိုလ်မှုးချုပ် တာဝန် ထမ်း
ဆောင် နေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး လည်း လိုက် ပါ သွား ခဲ့ ပါတယ်။