အကယ်ဒမီ မေဝင်းမောင် ပါဝင် သရုပ်ဆောင် သွားမည့် ဗီဒီယို ဇာတ်ကား

ပို့စ်တင်ချိန် - 7/16/2013 02:10:00 PM


"လရောင် ကင်းမဲ့သော နေ့ရက် များ Part- 2 (သို့) နာရှီယာ" လို့ အမည် ပေး ထားတဲ့ ဗီဒီယိုဇာတ်ကား ကို ဒါရိုက်တာ Mနိုး က ရိုက်ကူး သွားမှာ ဖြစ်ပြီး ဒီဇာတ်ကား မှာတော့ ဘုဏ်းသိုက်၊ မေ၊ မော်ဒယ် များနဲ့ အတူ အမေရိက က ပြန်လည်ရောက်ရှိ လာမယ့် အကယ်ဒမီ မေဝင်းမောင် လည်း ပါဝင် သရုပ်သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။

ဒီဇာတ်ကားကို ဇူလိုင် ၁၉ ရက်နေ့မှာ စတင် ရိုက်ကူး သွားမှာ ဖြစ် ပြီး မေဝင်းမောင် ပါဝင် ရိုက်ကူးဖြစ်ပုံ ကိုတော့ ဘုဏ်းသိုက် က
"ဒါရိုက်တာ ကလည်း အမေရိက မှာ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ကျောင်း တက်တဲ့ အချိန်မှာ သူတို့ချင်း သိတာပါ။ ကျွန်တော်နဲ့တော့ မသိပါဘူး။ အန်တီ့ကို ဒီကနေ ဇာတ်ညွှန်းပေးတဲ့ အချိန်မှာ သူ လည်း စိတ်ဝင်စားတယ်၊ ရိုက်ချင်တယ်၊ ရိုက်ဖြစ်တယ် လို့ပြောပါတယ်။ ၁၉ ရက်နေ့ စရိုက်တော့မှပဲ အန်တီနဲ့ ဆုံမှာပါ" လို့ ပြောပါတယ်။

ဒီဇာတ်ကား ထဲက သူ့ရဲ့ဇာတ် ရုပ် က တော့ "ဇာတ်လမ်း စဖွင့်ဖွင့်ချင်းမှာ အဲဒီမြို့မှာရှိတဲ့ ပြည့်တန်ဆာမလေး တွေ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံ ရတယ်။ အဲဒါကို လိုက် သတ်တဲ့ လူကို ဖော်ထုတ် ကြတယ်။ စိတ်ကျရောဂါ ဖြစ်နေတဲ့ ဆရာဝန် တစ်ယောက်ပေါ့။ နောက်ဆုံး ကျ တော့ ဒီပြည့်တန်ဆာမလေး တွေကို လိုက်သတ်တဲ့လူက ကျွန်တော် ကိုယ် တိုင်ဖြစ်နေတယ်။ ဘာကြောင့်လိုက် သတ်ရလဲ ဆိုတော့ သူ့မှာ မသတ် မဖြစ်သတ်ရတဲ့၊ သူ့ကို နောက်ကနေ Control လုပ်ထားတဲ့ ဇာတ်ကောင် တစ်ကောင် ရှိတယ်။ သူ ဘယ်လိုမှ သည်းညည်းခံလို့ မရတဲ့ဟာ တစ်ခုကို ထိန်းချုပ်ပြီး ခိုင်းနေတာတွေ၊ မသတ်ချင်လည်း သတ်နေရတယ်။ တစ်ယောက် သတ်ပြီး တိုင်းစိတ် မကောင်း ဖြစ်ရတယ်။ ခံစားရတယ်။ ဒါပေမဲ့ နောက် တစ်ယောက်ကို ထပ်သတ် ခိုင်းတော့လည်း မသတ်ချင်ဘဲ တစ်ယောက်ပြီး တစ်ယောက်သတ် နေရတဲ့ ဆရာဝန် တစ်ယောက်ပေါ့" လို့ ပြောပါတယ်။

မေဝင်းမောင် ပါဝင်တဲ့ အခန်းကိုတော့ ဒါရိုက်တာက မြှုပ်ထား မှာ ဖြစ် ပြီး နောက်ပိုင်း ကျမှ ပေးသိ မှာ ဖြစ်ကြောင်းပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal