ယာဉ်မောင်းအိပ်ငိုက်၍ ၁၂ ဘီးကုန်တင်ယာဉ် ဇေယျဝတီနတ်စင်ချောင်း အတွင်း ထိုးကျ

ပို့စ်တင်ချိန် - 9/05/2013 01:56:00 PM


ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ၊ ရန်ကုန် - မန္တလေး ကားလမ်း မိုင်တိုင် အမှတ် (၁၄၅/၁) ကြား နတ်စင်ချောင်း တံတားအနီး တောင်ဘက် ကပ်လျက်တွင် ရန်ကုန်မှ မွေးမြူရေး ကြက်စာများ တင်ဆောင်၍ မန္တလေး ဘက်သို့ မောင်းနှင် လာသော နစ်ဆန်းထရပ် ၁၂ ဘီးယာဉ် သည်

ယမန်နေ့ နံနက် ၄ နာရီ ခန့်တွင် ယာဉ်မောင်း အိပ်ငိုက်၍ နတ်စင် တံတား ၀ဲဘက်ချောင်း ထဲသို့ ထိုးကျ ခဲ့သဖြင့် ယာဉ်၏ ရှေ့ဘီးများ ပြုတ် ထွက်ပြီး ရှေ့ပိုင်း ပျက်စီးသွား ခဲ့ကြောင်း သိရသည်။

ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် မှာ မော်တော်ယာဉ်အား အခင်းဖြစ် သည့် နေရာတွင် ထားခဲ့ပြီး ထွက်ပြေး တိမ်းရှောင် သွားသဖြင့် အမှုကို ဇေယျဝတီ ရဲစခန်း မှ ယာဉ် (ပ) ၁၁/ ၂၀၁၃ ပြစ်မှု ဥပဒေ ပုဒ်မ ၂၇၉ အရ အမှုဖွင့်လှစ်၍ စုံစမ်း စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

The Myawady Daily