ဂါးရက်ဘေးလ် ၁၄ ရက်မှာ ကစားမယ့် ဗီလာရီးယဲလ်နဲ့ ပွဲမှာ ရီးယဲမက်ဒရစ်အတွက် ပွဲထွက်ခွင့်ရဖို့ အာမမခံနိုင်ပါ

ပို့စ်တင်ချိန် - 9/05/2013 09:13:00 AM


စတာလင် ပေါင် ၈၅.၃ သန်းနဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဘောလုံးသမားအဖြစ် စံချိန်တင်ထားတဲ့ ဂါးရက်ဘေးလ်ဟာ စက်တင်ဘာ ၁၄ ရက်မှာ ကစားမယ့် ဗီလာရီးယဲလ်နဲ့ ပွဲမှာ ရီးယဲမက်ဒရစ်အတွက် ပွဲထွက်ခွင့်ရဖို့ အာမမခံနိုင်ပါဘူးလို့ ရီးယဲ လက်ထောက်မန်နေဂျာ ပေါလ်ကလီးမန့်က ပြောပါတယ်။
ရီးယဲမှာ နေရာရဖို့ အပြိုင်အဆိုင်တွေ များတာကြောင့် ပွဲထွက်ခွင့်ရဖို့ ဘယ်သူ့မှာမှ အာခံချက်မရှိဘူးလို့ ပြောဆိုသွားပါတယ်။
BBC Burmese