Xperia Z1 Premium Phone ထွက်ပေါ်လာပြီ

ပို့စ်တင်ချိန် - 9/05/2013 08:54:00 AM


Sony အသုံးပြုသူတွေ နောက်ထပ် အသစ်လဲဖို့ အကောင်းစား ဖုန်းတစ်လုံး ရောက်ရှိလို့ လာပြန်ပါပြီ။

Berlin မှာ Sony Mobile ကနေ ယနေ့ တရားဝင် ချပြလိုက်တဲ့ Xperia Z1 ဟာ ဘုရင်တပါး ဖြစ်ခဲ့ပြန်ပါပြီ။

ဘယ်သူမှ မယှဉ်သာနိုင်တဲ့ Spec တွေနဲ့ Premium Quality Smart Phone တစ်လုံးဖြစ်ခဲ့ပါပြီ။ Sony က သူပိုင်ဆိုင်သမျှ နည်းပညာတွေထဲက အကောင်းဆုံးဆိုတာတွေကို ပေါင်းစပ်ပြီး ပြိုင်ဘက်တွေအားလုံးကို ကျော်ဖြတ်လိုက်ပါပြီ။

Camera, Display, Waterproof, Design ဘာကိုမှ ပြောစရာ မရှိလောက်အောင် ကောင်းမွန်နေပြန်တော့ လက်ထဲကရှိနေတဲ့ ဖုန်းတွေကိုပဲ လွှင့်ပစ်ရတော့လေမလား...

ထည့်သွင်းဖန်တီးထားတဲ့ အရာတွေကတော့

1. Size: 144 x 74 x 8.5mm
2. Weight: 170g
3. 5-inch Full HD display (1920 x 1080 resolution) with TRILUMINOS and X-Reality technology

4. 2.2GHz quad-core Qualcomm Snapdragon 800 processor with Adreno 330 graphics

5. 2GB of RAM

6. 16GB of memory and microSD support

7. 20.7-megapixel Exmor RS CMOS image sensor with G Lens (27mm wide angle and F2.0 aperture), BIONZ for mobile and a suite of camera apps (Info-eye, AR Effect, Timeshift Burst, Social Live)

(Sony Compact Camera တွေမှာ သုံးတဲ့ GLens တွေကို Smart Phone ဆီ ယူလာခဲ့ပါပြီ။ အနာဂတ်မှာ Compact Camera တွေ သုံးကြပါဦးမလားဆိုတာ မေးခွန်းထုတ်ရ ပါတော့မယ်၊)

8. 3000mAh battery

9. IP55/IP58 rating – waterproof and dustproof

10. Android 4.2.2 Jelly Bean with Sony features on top

လက်ရှိ Specification အရ အကောင်းဆုံး ဆိုနိုင်တဲ့ LG G2 ကို လပိုင်းအတွင်းမှာတင် အမှီလိုက်ပြီး စိန်ခေါ်လိုက်ပါပြီ။ Z1 ရဲ့ အားသာချက်တွေကတော့ Sony ရဲ့ အကောင်းစား နည်းပညာတွေပါပဲ။

ယခု Post တင်နေတဲ့ အချိန်မှာလည်း Samsung က Note 3 ကို ကြေငြာတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Note 3 က Phablet အမျိုးအစားဆိုတော့ G2, Z1 တို့နဲ့ လိုင်းတော့ ထပ်တူ မညီပါဘူး။ သို့ပေမဲ့လည်း ကြောက်ခမမ်းလိလိ Specification တွေ နဲ့ Feature တွေ ပါဝင်ဦးမှာကလည်း မလွဲပါဘူး။

ယခု September ကတော့ Smartphone လောကရဲ့ တိုက်ပွဲပြင်းထန်မှုတွေကို တောက်လျောက်မြင်တွေ့နေရမဲ့ လပဲ ဖြစ်ပါတယ်။ Berlin မှာ ကျင်းပတော့မဲ့ IFA မှာလည်း ရင်ခုန်စရာတွေ ထပ်မံ ကြားရ တွေ့ရဦးမှာ အမှန်ပါပဲ။

Z1 ထွက်ရှိမဲ့ အချိန်နဲ့ ဈေးနှုန်းတွေကတော့ အတိအကျ မထွက်လာသေးပါဘူး။ သို့ပေမဲ့လည်း ယခု September ထဲမှာပဲ နိုင်ငံတကာမှာ ၀ယ်ယူလို့ ရနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိ Z Ultra က မြန်မာပြည်ဈေးကွက်မှာ ၇သိန်း ပါတ်ဝန်းကျင်ရှိတဲ့အတွက် သူနဲ့ မတိန်းမယိမ်း ဈေးတန်းမှာ Z1 ကို ရောင်းချလိမ့်မယ်လို့ ယူဆရပါတယ်။

Editor Comment: အကယ်လို့ လက်ရှိ Xperia Z ကိုင်ဆောင်ထားတဲ့ အသုံးပြုသူတွေအနေနဲ့ Z1 ကို ပြောင်းကိုင်ဖို့ သင့်ရဲ့လားဆိုရင် ဟုတ်ကဲ့လို့ ဖြေရမှာပါပဲ။

အကယ်လို့ Z Ultra ကို ၀ယ်ထားသူတွေ ဆိုရင်တော့ ပြောင်းဖို့ သိပ်မလိုအပ်ပါဘူး။ Camera ကောင်းတာ တစ်ခုပဲ ZUltra ထပ် သိသာတဲ့ တိုးတက်မှုတစ်ခုပါ။
TechSpace Journal