စင်္ကာပူတွင် ရေကြီးမှုများ ဖြစ်ပေါ်

ပို့စ်တင်ချိန် - 9/05/2013 01:52:00 PM


စင်္ကာပူနိုင်ငံတွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအများအပြားတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။ Commonwealth Drive နှင့် Commonwealth Avenue၊ Alexandra Road, Lorong Kismis, South Bridge လမ်းနှင့် Maxwell လမ်းဆုံ၊ Cuscaden လမ်းနှင့် Tomlinson လမ်းဆုံ၊ Ayer Rajah Expressway အမြန်လမ်းမ တစ်လျှောက်တို့တွင် ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း Channel NewsAsia
သတင်းက ပြောကြားသည်။ ရေကြီးမှုကြောင့် ယာဉ်အသွားအလာ ပိတ်ဆို့ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Planet Myanmar Network