ဆင်၊ ကြံ၊ ခြင်္သေ့၊ ကျားသစ်၊ မြင်းကျား၊ ကြံ့ဖြူတွေကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တဲ့ ၁၉ နှစ်အရွယ် မုဆိုးတစ်ပိုင်း မိန်းမရိုင်း

ပို့စ်တင်ချိန် - 7/06/2014 02:15:00 PM


အေသင်အောင်

အမေရိကန် ပြည်ထောင်စု တက်ဆက်ပြည်နယ်မှာရှိတဲ့ အသက် (၁၉) နှစ်အရွယ် မိန်းမမုဆိုး တစ်ဦးရဲ့ လုပ်ရပ်ကို တိရိစ္ဆာန်ချစ်တဲ့ အဖွဲ့အစည်း တွေက ဝေဖန် ကန့်ကွက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ကင်ဒဲလ်ဂျုံးစ်ဟာ အသက်သာ ငယ်ပေမယ့် အာဖရိကတိုက် တစ်လွှား သွားရောက်ပြီး တောရဲ တိရိစ္ဆာန်တွေကို သတ်ဖြတ်မှု ပြုလုပ်ခဲ့ပါ တယ်။ ကင်ဒဲလ်ဂျုံးစ် သတ်ဖြတ်ခဲ့တဲ့ သားရဲ တိရိစ္ဆာန်တွေထဲမှာ ရှားပါးသတ္တ၀ါတွေ ပါဝင်ခဲ့တာမို့ တိရိစ္ဆာန်ချစ်သူတွေက ဒေါသထွက်ခဲ့ပါတယ်။ အထူးသဖြင့် ကင်ဒဲလ်ဂျုံးစ်ဟာ တိရိစ္ဆာန်တွေကို သတ်ဖြတ်ပြီးတဲ့ နောက်မှာ ဓာတ်ပုံ အတူတွဲရိုက်မှုပြု လုပ်ပြီး Facebook မှာ လွှင့်တင်မှု ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် တိရိစ္ဆာန်ချစ်သူတွေကဒီ Facebook အကောင့် ကို ဖျက်သိမ်းဖို့ အွန်းလိုင်းပေါ် မှာ ဆန္ဒမဲ ကောက်ခံခဲ့ရာ တစ်ပတ်အတွင်း ဆန္ဒပြုသူ (၄၀၀၀၀) ကျော် ရှိခဲ့ပါတယ်။ ကင်ဒဲလ်ဂျုံးစ်ဟာ အားကစားပြိုင်ပွဲ တွေမှာ အက တင်ဆက်သူအဖြစ် ဆောင်ရွက်နေပေမယ့် နှလုံးသားက မာကျောပါတယ်။ သူဟာ ရုပ်သံအစီအစဉ် တစ်ခုဖန်တီးဖို့ မှတ်တမ်းတင်ရိုက်ကူးမှုတွေ ပြုလုပ်နေခြင်းဖြစ်ပါတယ်။ သူသတ်ဖြတ်ခဲ့တဲ့ သားရဲတိရိစ္ဆာန်တွေမှာ ဆင်၊ ကြံ၊ ခြင်္သေ့၊ ကျားသစ်၊ မြင်းကျားတွေ ပါဝင်ပြီး ရှားပါး စာရင်းဝင် ကြံဖြူကို သတ်ဖြတ်ခဲ့ခြင်းကြောင့် ဝေဖန် ခဲ့ကြပါတယ်။ ကင်ဒဲလ်ဂျုံးစ်က သူ့ရဲ့လုပ်ရပ်က မျှတမှု ရှိတယ်လို့ ပြောကြားခဲ့ခြင်းကြောင့် တိရိစ္ဆာန်ချစ်သူတွေ အတွက် ပိုဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကင်ဒဲလ်ဂျုံးစ်ကို အာဖရိကသွားရောက်ခွင့် ပိတ်ပင်ဖို့လည်း ၀ိုင်းဝန်းတောင်းဆိုမှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

The Messenger