ယုံကြည်မှုရှိတဲ့မိန်းကလေးတစ်ယောက်အဖြစ် မြင်တွေ့စေချင်တဲ့အေးချမ်းမိုး

ပို့စ်တင်ချိန် - 7/06/2014 02:24:00 PM


ရဲရင့်မင်းခန့်၊ ရန်ကုန်၊ ဇူလိုင်-၅

မော်ဒယ်လ်၊ အစီအစဉ်တင်ဆက်သူ၊ ဇာတ်လမ်းတွဲလည်း ရိုက်ကူး နေတဲ့ အေးချမ်းမိုးကကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့
မိန်းမတစ်ယောက် အဖြစ် သရုပ်ဆောင်ချင်တယ်လို့ ဆိုပါတယ်။
'အစ်မက ဇာတ်လမ်းတိုတွေမှာ သရုပ်ဆောင်ဖူးတယ်။ ပညာပေး
ကားတွေသရုပ်ဆောင်ဖူးတယ်။ သရုပ်ဆောင်မှုတိုင်းတော့ ကိုယ့်
ကိုယ်ကိုယ် အားရတယ်လို့မရှိပါဘူး။ သင်ယူမှုတွေအများကြီး လိုသေးတယ်။အတွေ့အကြုံတွေ အများကြီးလိုသေးတယ်'
လို့ သူကဆိုပါတယ်။ သရုပ် ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့ အေးချမ်းမိုးက လက်ရှိမှာတော့ကျောင်းတက် ရင်း တခြားအနုပညာနဲ့ဆက်စပ်တဲ့ လှုပ်ရှားမှုလေးတွေ လုပ်နေပါတယ်။

'အစ်မ အခုလက်ရှိကတော့ ကျောင်းတက်ရင်းနဲ့ အစီအစဉ်တင် ဆက်သူအဖြစ်လုပ်နေတယ်။နောက်ပြီး မဂ္ဂဇင်း၊ ဂျာနယ်တွေအတွက် ဓာတ်ပုံရိုက်ပေးနေတယ်။ အစီအစဉ်တင်ဆက်သူလုပ်ဖြစ်တဲ့အကြောင်း
ကတော့ အစ်မဆရာမတီချယ်မိုးက ဒီလောကထဲကို ဆွဲခေါ်လာတာပါ'ဟု
မော်ဒယ်လ်သရုပ်ဆောင် အေးချမ်းမိုးက ပြောသည်။

အစီအစဉ်တင်ဆက်သူအဖြစ် သင်တန်းတက်ထားတာမရှိပေမယ့် မတင်မိုး
လွင်ရဲ့သင်ပြမှုတွေနဲ့ ဆက်လုပ်ဖြစ်တာလို့ဆိုပါတယ်။ အနုပညာ အလုပ်
တွေက သူ့အတွက်တော့ ခက်ခက်ခဲခဲကျော်ဖြတ်ရတဲ့ အဆင့်တွေ ဖြစ်တယ်
လို့ ဆိုပါတယ်။

'အစ်မမော်ဒယ်လ်အလုပ်လုပ်ချင်တုန်းကလည်း မော်ဒယ်လ် အလုပ်က အရမ်းခက်ခဲတယ်။ Miss ပြိုင်ပွဲတွေဝင်ပြိုင်တဲ့အခါ အဆင်မပြေဘူး။ ကိုယ့်မှာလိုအပ်ချက်တွေအများကြီးရှိပါသေးတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး ကိုယ့်ရဲ့လိုအပ်ချက်တွေ ပြင်ရင်းပြင်ရင်းနဲ့နောက်ပိုင်း Miss ဆုတွေရ လာတယ်'လို့ ဆိုပါတယ်။ အစီအစဉ်တင်ဆက်သူဖြစ်လာဖို့ကလည်း
သူ့အတွက် အတော်လေးကြိုးစားခဲ့ရတယ်လို့ အေးချမ်းမိုးက
ဆိုခဲ့ပါတယ်။

စံတော်ချိန် နေ့စဉ်သတင်းစာ