အနုပညာလောကထဲ ခြေချလာတဲ့ မင်းသန့်မောင်မောင်

ပို့စ်တင်ချိန် - 7/06/2014 10:56:00 AM


သားဖြစ်သူ မင်းသန့်မောင်မောင်၏  ပထမဆုံးအနုပညာလှုပ်ရှားမှုအနေဖြင့် ကြော်ငြာတစ်ခုကို မကြာမီရက်ပိုင်းအတွင်း ရိုက်ကူးသွားမည်ဟု ဒါရိုက်တာစင်ရော်မောင်မောင်ကပြောသည်။

‘‘Birthday ကော်ဖီကြော်ငြာ ကို ဟန်သီနဲ့ ရိုက်မှာပါ။ နောက် ဆယ်ရက်လောက်နေရင် ရိုက်ဖြစ်မယ်’’ဟု ၎င်းကပြောသည်။

မင်းသန့်မောင်မောင်သည် ဇူလိုင်လ ၃ ရက်တွင် အသက် (၁၇) နှစ်ပြည့်မြောက်ခဲ့ပြီး လက် ရှိအချိန်မှစတင်၍ အနုပညာလှုပ် ရှားမှုများစတင်ပြုလုပ်တော့မည် ဟု ဒါရိုက်တာ စင်ရော်မောင်မောင်ကပြောသည်။

‘‘လောလောဆယ်တော့ မင်းသန့်ကို Directing တွေ၊ Com-puter Editing တွေ၊ Software တွေ၊ ကင်မရာယူပုံယူနည်းတွေ၊Lighting ပေးပုံပေးနည်းတွေ၊ 2D၊ 3D တည်ဆောက်တာတွေ သင်ပေးနေတာတော့ နှစ်လလောက်ရှိပြီ။ နောက်ခြောက်လလောက်နေရင်တော့ ပြည်ပမှာကျောင်းသွားတက်ဖို့ အစီအစဉ်ရှိတယ်’’ဟု စင်ရော်မောင်မောင်ကပြောသည်။

ပြည်ပသို့ မသွားရောက်မီ ကြော်ငြာများ ရိုက်ကူးသွားရန် အစီအစဉ်ရှိပြီး ပြည်ပတွင် သွား ရောက်ပညာသင်သည့် ကာလပြီးဆုံးမှသာမိဘနှစ်ဦး၏အမွေကို ဆက်ဆံသောအားဖြင့် ဒါရိုက် တာ၊ သရုပ်ဆောင်တစ်ဦးအဖြစ်လှုပ်ရှားသွားရန် အစီအစဉ်ရှိ ကြောင်း ၎င်းကဆိုသည်။

‘‘ကျောင်းသွားတက်တာက သုံးနှစ်လောက်တော့ကြာမယ်။ အဲဒီက ပြန်လာမှ ဒါရိုက်တာလုပ် မယ်။ မင်းသားလုပ်မယ်’’ဟု စင် ရော်မောင်မောင်ကပြောသည်။

7day daily