မြန်မာနိုင်ငံတွင်း နိုင်ငံသားအမည်ခံ၍ စီးပွားရေးလုပ်ငန်းများပြုလုပ်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုဖော်ထုတ်နေသည်ဟု ဘဏ္ဍာဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား

ပို့စ်တင်ချိန် - 5/31/2014 08:09:00 AM



စိုင်းလမင်း

နေပြည်တော် ၊ မေ၃၀

မြန်မာနိုင်ငံတွင်း နိုင်ငံသားအမည်ခံ၍ စီးပွားရေးလုပ်ငန်းများပြုလုပ်နေသည့်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုဖော်ထုတ်နေသည်ဟု ဘဏ္ဍာဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။

ထို့ ကြောင့်ဖော်ထုတ်ရရှိသည့်အချိန်တွင်ဌာနဆိုင်ရာအပိုင်း မှပါဝင်ပက်သက်မှု
များကို ဖော်ထုတ်တွေ့ရှိရပါက ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပြည်သူ့ လွှတ်တော်ကိုယ်စား
လှယ် သူရ ဦးအောင်ကို မေးမြန်သည့် မေးခွန်းကိုပြန်လည်ဖြေကြားခဲ့သည်။

ယနေ့ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒဿမပုံမှန်အစည်းအဝေး
တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦး အောင်ကိုက နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်းများတွင် လုပ်ဆောင်နေသော မြန်မာနိုင်ငံ
သားအမည်ခံ နိုင်ငံခြားသားများကို ဖော်ထုတ်အရေးယူပေးရန်နှင့် ပါဝင်ပက်သက်မှုရှိနေ သော တာဝန်ရှိသူများကို အရေးယူရန်
အလားတူကိစ္စများထပ်မံမဖြစ်ပွားရေး စီမံကြီးကြပ်ပေးရန် စသည့်မေးခွန်းမေးမြန်းမှုကို ယခုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

"နိုင်ငံသားအမည်ခံပြီး လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုတွေကို ဖော်ထုပ်နိုင်ဖို့ကို နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်
နေပါတယ် ဒီလိုဖော်ထုတ်တဲ့လုပ်ငန်းကို သက်ဆိုင်ရာ ပြည်ထောင်စု
ဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ၊ ပုဂ္ဂလိကအသင်း
အဖွဲ့တွေ၊ အခြားဆက်စပ်သူတွေအားလုံး အမျိုးသားရေးအသိစိတ်ဓါတ်နဲ့
ဆက်လက်ဖော်ထုတ်ရပါမယ်" ဟု၎င်းက ဆက်လက်ပြောကြားသည်။

Popular Myanmar News Journal