Apple iOS 8 Banner လွှင့်တင်နေပြီ။

ပို့စ်တင်ချိန် - 5/31/2014 06:37:00 PM


ပုံမှာတွေ့ရတဲ့ iOS 8 banner ပုံကတော့ ကယ်လီဖိုးနီယား၊၊ ဆန်ဖရန်စစ်ကို မှာ ရှိတဲ့ Moscone စင်တာမှာ ကျင်းပမဲ့ WWDC ( Apple Worldwide Developers Conference ) ၂၀၁၄
အတွက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် iOS 7 ထုတ်တုန်းက Banner နဖူးစီးစာတန်းမှာ ဆိုရင်တော့ သေးသွယ်တဲ့ 7 Logo နဲ့ ဖြစ်ပြီး ဒီနှစ်မှာ Apple ဟာ ရေနောက်ခံ Brackgroud နဲ့ ဖြစ်ပါတယ်။ 8 ဆိုတဲ့ LOgo ကတော့ အဖြူပေါ့။ ပြီးခဲ့တဲ့ ဧပရယ်မှာ တုန်းကတော့ Appleဟာ WWDC 2014 တွင် iOS နဲ့ OS X ရဲ့ အနာဂတ်လုပ်ဆောင်မူတွေကို လေ့လာသင့်ယူဖို့ အခွင့်အရေးတစ်ခုကို ကမ္ဘာ့ တစ်ဝန်းလုံးမှာရှိတဲ့ Developer တွေကို ပေးမှာ လို့ ဆိုခဲ့ပါတယ်။ ထို WWDC အတောအတွင်းမှာ Apple ဟာ iOS နဲ့ နောက်ထပ် မျိုးဆက်တစ်ခုဖြစ်တဲ့ OS X ကို ပွဲထုတ်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
iOS 8 ဟာဆိုရင်ပြန်လှန်မွမ်းမံမူတွေနဲ့ သစ်လွင်တဲ့ update တွေနဲ့ ဖြစ်လာမှာ ဖြစ်ပြီး ထို အသစ် သစ်သော အစိတ်အပိုင်းတွေဟာ ပြီးခဲ့တဲ့ နှစ်ရဲ့ ထွက်ရှိခဲ့တဲ့ iOS ဗားရှင်းပေါ်တွင် အခြေခံသွားမှာ ဖြစ်ပါတယ်။



Aung Heine ...
Smart Pro Journal