လိင်ဆွဲဆောင်မှုပြင်းထန်နေတဲ့အတွက် Eva Green ရဲ့ Sin City ပိုစတာ ပိတ်ပင်ခံရ

ပို့စ်တင်ချိန် - 5/31/2014 07:31:00 AM




Sin City:A Dame to Kill For ဇာတ်ကားရဲ့ ပိုစတာကို အမေရိကန်ရုပ်ရှင်အဖွဲ့ အစည်း MPAA က ပိတ်ပင်လိုက်ပါတယ်။ ပိုစတာမှာ Eva Green ရဲ့ ကိုယ်ခန္ဓာကောက်ကြောင်းကို အထင်းသားမြင်နေရပြီး သားမြတ်ခေါင်းတစ်ဝိုက်ဟာ အ၀တ်ပါးအောက်မှာ မြင်သာနေတဲ့အတွက် ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သြဂတ်စ်လ ၂၉ ရက်နေ့ ထွက်ရှိမှာဖြစ်တဲ့ Sin City:A Dame to Kill For ဇာတ်ကားဟာ ဈေးကွက်ဆွဲဆောင်မှု စတန့် ထွင်ပြီး ကာမရာဂနှိုးဆွမှုအသားပေးပိုစတာဖြစ်နေတဲ့အတွက် MPAA က ပိတ်ပင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။



Ref: totalfilm.com

trend myanmar