ဆိတ်ကို ကျောကုန်းပေါ်တင်ပြီး စက်ဘီးစီးခဲ့သူ (ရုပ်သံ)

ပို့စ်တင်ချိန် - 5/31/2014 07:14:00 PM


လူတစ်ဦးဟာ ဆိတ်တစ်ကောင်ကို ကျောကုန်းပေါ်တင်ပြီး စက်ဘီးစီးနင်းမှု ပြု လုပ်ခဲ့တာမို့ စိတ်ဝင်စားစရာ ဖြစ်ခဲ့ရပါတယ်။ ဒီလိုမြင်ကွင်းမျိုး က မြင်တွေ့ရခက်တာမို့ You tube ၀က်ဘ်ဆိုဒ်ပေါ် လွှင့်တင်မှု ပြုလုပ်ရာ မိနစ်ပိုင်းအတွင်း ကြည့်ရှုသူအများအပြား ရှိ ခဲ့ပါတယ်။ အီသီယိုပီးယားနိုင်ငံ မြို့တော် အက်ဒစ်အဘာဘာမှာ လူတစ်ဦးဟာ ဆိတ်တစ်ကောင်ကို ကျောကုန်းပေါ်တင် စီးနင်း သွားခဲ့တာမို့ အံ့အားသင့်စရာ ဖြစ်ခဲ့ပြီး သူ့ရဲ့ စီးနင်းမှုကို ကားပေါ်ကနေ ဗွီဒီယို မှတ်တမ်း ရိုက်ကူးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆိတ်ရဲ့ ခြေထောက်နဲ့ လက်တွေကို ပြုတ်မကျအောင် ကြိုးနဲ့ချည်နှောင်မှု ပြုလုပ် ထားတယ်လို့ မှတ်ချက်ပေးထားပါတယ်။ ဒီဗွီဒီယိုဖိုင်ဟာ စက္ကန့် (၃၀) လောက်သာကြာမြင့်ပြီး တင်ပြီး မိနစ်အနည်းငယ် အကြာမှာ စိတ်ဝင်တစားကြည့် ရှုခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။ ဆိတ်တစ်ကောင်ကို ကျောကုန်းပေါ်တင်ပြီး စက်ဘီးစီးနင်းခြင်းဟာ အီသီယိုးပီးယားနိုင်ငံရဲ့ ပကတိဖြစ်စဉ်ကို ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်ပါတယ်။အီသီယိုးပီးယား နိုင်ငံဟာ ကာလရှည်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့်ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရပါ တယ်။ လယ်ယာလုပ်ငန်းနဲ့သာ အသက်မွေးဝမ်းကျောင်းပြုလုပ်နေရပြီး လူတစ်ဦးရဲ့ ၀င်ငွေကလည်း အလွန်နိမ့်ပါးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရေနံနဲ့ စီးပွားမရှာတဲ့ နိုင်ငံတွေထဲမှာ အီသီယိုးပီးယားဟာ ဖွံ့ ဖြိုးမှု အတိုးတက်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။


The Messenger's Eventure Detail
www.messengernewsjournal.com
messenger news journal