ဆီးရီယားတွင် အသေခံဗုံးခွဲသူတဦးဟာ အမေရိကန်နိုင်ငံသားဖြစ်ကြောင်း အတည်ပြု

ပို့စ်တင်ချိန် - 5/31/2014 06:40:00 PM


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၃၀ ရက်နေ့က အတည်ပြုပြောဆိုစဉ်

မေလ ၂၅ ရက်နေ့က ဆီးရီးယားနိုင်ငံမြောက်ပိုင်း ခရိုင်တခုမှာ အသေခံဗုံးခွဲခဲ့သူတဦးဟာ အမေရိကန်နိုင်ငံသားဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၃၀ ရက်နေ့က အတည်ပြုပြောဆိုပါတယ်။
အသေခံဗုန်းခွဲခဲ့တဲ့ မိုနာ မိုဟာမတ် အဘူဆယ်ဟ ဟာ ဆီးရီးယားပြည်တွင်းစစ်အတွင်း အသေခံဗုန်းခွဲခဲ့တဲ့ ပထမဆုံး အမေရိကန်နိုင်ငံသားလို့ ယူဆနေကြပြီး ဆီးရီးယားအစိုးရကို တိုက်ခိုက်နေတဲ့ အယ်ကိုင်ဒါအဖွဲ့ခွဲတခုရဲ့အသေခံဗုံးခွဲမှုတခုမှာ ပါဝင်ခဲ့တယ်လို့ အမေရိကန် အစိုးရပြောခွင့်ရ ဂျင်စာကီက ပြောဆိုခဲ့ပါတယ်။

ဆီးရီးယားပြည်တွင်းစစ်အတွင်း နိုင်ငံခြားတိုက်ခိုက်ရေးသမားတွေ ၀င်ချင်သလိုဝင် ထွက်ချင် သလိုထွက်နေတဲ့ အရေးကိစ္စဟာ စိုးရိမ်စရာဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေး ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။

DVB Burmese