အခြေခံဥပဒေ ပြင်ဆင်ရေး သမ္မတရဲ့ သဘောထားကို လစဉ်ရေဒီယိုမိန့်ခွန်း(မေ၃၁)ထဲမှာ ဦးသိန်းစိန် ထုတ်ဖော်ပြောကြား

ပို့စ်တင်ချိန် - 5/31/2014 07:09:00 PM


" ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ စပ်လျဉ်းပြီး ကျွန်တော့်ရဲ့ သဘောထား ရပ်တည်ချက်များကို ထပ်လောင်း ပြောကြားလိုပါတယ်။ ပထမအချက်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုသည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် မဖြစ်မနေပြုလုပ် ရမည့် နိုင်ငံရေးဆွေးနွေးပွဲများမှ ပေါ်ပေါက်လာသော သဘော တူညီချက်များပေါ်မူတည်၍ လိုအပ်သလိုပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်။ ဒုတိယအချက်အနေနဲ့ ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများပြည့်မီအောင် ကြိုးပမ်းအားထုတ် လုပ်ဆောင်ရာ၌ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူ အားလုံး၏ အမြော်အမြင်ကြီးမှု၊ ဉာဏ်ပညာကြွယ်ဝမှုနှင့် စိတ်ရင်း စေတနာ မှန်ကန်မှုတို့ဖြင့်သာ ပြင်ဆင်သင့်ပါတယ်။ တတိယအချက်အနေနဲ့ မည်သည့်နိုင်ငံသား၊ တိုင်းရင်းသား တစ်ဦးကိုမျှ မြန်မာနိုင်ငံ ကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်အား ကန့်သတ်တားမြစ်ထားခြင်းမျိုး မဖြစ်စေ လိုသည့် နိုင်ငံရေး စေတနာရှိသလို တစ်ဖက်တွင်လည်း မိမိတို့ အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံ၏ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်သော အကာအကွယ်ပေး နိုင်သည့် အခြေခံများရှိရန် လိုအပ်ကြောင်း ပြောကြားလိုပါတယ်။"

DVB TV News